Tuesday, December 29, 2020

ကရင်ပြည်နယ် မူတရော်(ဖာပွန်) ခရိုင်တွင် တပ်မတော်ကို ဒေသခံထောင်နှင့်ချီ ဆန္ဒဖော်ထုတ်

 ကရင်ပြည်နယ် မူတရော်(ဖာပွန်) ခရိုင်တွင် ဒေသခံထောင်နှင့်ချီကာ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြပွဲပါဝင်သူများထံမှ သိရသည်။


မူတရော်ခရိုင်၊ လူးသောမြို့နယ် နယ်မြေ ၃ ခုမှ ဒေသခံပြည်သူများက မိမိတို့၏ သဘောထားများ၊ အစိုးရတပ်မတော်၏ မူတရော်ခရိုင်အတွင်း ဝင်ရောက်လှုပ်ရှားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ခြင်းများ ဆန္ဒဖော်ထုတ်ပြသခဲ့ကြခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် အချက် ၃ ချက်ကို အဓိကဖော်ထုတ်တောင်းဆိုခဲ့ပြီး တပ်မတော်၏ နယ်မြေအတွင်း လမ်းဖောက်လုပ်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရေး၊ ဒေသအတွင်းစစ်ကြောင်းများ ပိုမိုဝင်ရောက်လာခြင်းများနှင့် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုများပြုလုပ်နေခြင်းများကြောင့် တပ်မတော်စစ်ကြောင်းများ ပြန်လည်ထွက်ခွာပေးရန်၊ တပ်မတော်၏ မောင်းသူမဲ့ ထောက်လှမ်းရေးယာဉ် (Drone) များဖြင့် ဓာတ်ပုံရိုက်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများ ရပ်တန့်ရန်စသည့် တောင်းဆိုချက်များကို ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

အဆိုပါ မူတရော်(ဖာပွန်) ခရိုင်အတွင်း ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုခြင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း သုံးကြိမ်မြောက် ဆန္ဒပြခြင်းဖြစ်ကာ ယခု တစ်ကြိမ်တွင် အင်အားတစ်သောင်းကျော်ထိ ပါဝင်ဆန္ဒပြဖော်ထုတ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 

အဆိုပါ ဖာပွန်ဒေသတွင် တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံးကြား အဆိုပါလမ်းဖောက်လုပ်မှု ပြဿနာကြောင့် တိုက်ပွဲများဖြစ်ပွားထားသည့် ဒေသလည်းဖြစ်ကာ တပ်မတော်ကလည်း ယင်းလမ်းဖောက်လုပ်မှုမှာ ပုံမှန်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းအတွက်ဖြစ်ကြောင်း ရှင်းလင်းထားသည်။

http://thevoicemyanmar.com/index.php/news/45253-yin

No comments:

Post a Comment