Saturday, December 26, 2020

တရုတ်နိုင်ငံ၏ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်ပြင်တွင် ကျရောက်နိုင်၍ သတိပေးချက်ထုတ်ပြန်

 တရုတ်နိုင်ငံ၏ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်ပြင်တွင် ကျရောက်နိုင်၍ သတိပေးချက်ထုတ်ပြန်

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၇/၂၀၂၀

တရုတ်နိုင်ငံအာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းများသည် ဒီဇင်ဘာ ၂၇ ရက်နေ့ည ၁၀ နာရီ ၈မိနစ်မှ ၁၀ နာရီ ၃၄ မိနစ် အချိန် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ကျရောက်နိုင်သဖြင့် သက်ဆိုင်ရာမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

၎င်းအစိတ်အပိုင်းများသည် သံတွဲလေဆိပ်၏ အနောက်တောင်ဘက် မိုင် (၃၀) ခန့်အကွာ ပင်လယ်ပြင်နေရာအတွင်းသို့ ကျရောက်နိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းလေယာဉ်မှူး သတိပေးလွှာ ထုတ်ပြန်ရေးရုံးမှ မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦီးစီးမှူးဌာနသို့ ပေးပို့လာသည့်ကြေးနန်းစာတွင် Space flight Activities တစ်ခုမှာ ၂၇-၁၂-၂၀၂၀ ရက်နေ့ ည (၂၂း၀၈) နာရီ အချိန်မှ (၂၂း၃၄) အချိန်အတွင်း မြန်မာနိုင်ငံ မာန်အောင်လေဆိပ်၏ တောင်ဘက် ရေမိုင် (၄၅) မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၃) ခန့်၊ ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆၀) ခန့် ပင်လယ်ပြင်တွင် မြေပြင်မှ အမြင့်ပေ အကန့်အသတ်မရှိ Space flight အစိတ်အပိုင်းများ ကျရောက်နိုင်ကြောင်း အကြောင်းထားသည်ဟု သိရှိရသည်။ 


---------------------- 

Unicode:

တရုတ်နိုင်ငံ၏ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်ပြင်တွင် ကျရောက်နိင်၍ သတိပေးချက်ထုတ်ပြန်

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/၂၀၂၀

တရုတ်နိုင်ငံအာကာသလွွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်း များသည် ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီ ၈ မိနစ်မှ ၁၀ နာရီ ၃၄ မိနစ် အချိန် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ကျရောက်နိုင်သဖြင့် သက်ဆိုင်ရာမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

၎င်းအစိတ်အပိုင်းများသည် သံတွွဲလေဆိပ်၏ အနောက်တောင်ဘက် မိုင် (၃၀) ခန့်အကွာ ပင်လယ်ပြင်နေရာအတွင်းသို့ ကျရောက်နိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းလေယာဉ်မှူး သတိပေးလွှာထုတ်ပြန်ရေးရုံးမှ မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦီးစီးမှူးဌာနသို့ ပေးပို့လာသည့်ကြေးနန််းစာတွင် Space flight Activities တစ်ခုမှာ ၂၇-၁၂-၂၀၂၀ ရက်နေ့ ည (၂၂းဝ၈) နာရီ အချိန်မှ (၂၂း၃၄) အချိန်အတွင်း မြန်မာနိုင််ငံ မာန်အောင်လေဆိပ်၏ တောင်ဘက် ရေမိုင် (၄၅) မိုင်ခန့်၊ သံတွွဲလေဆိပ်၏ အနောက် တောင်ဘက် ရေမိုင် (၃၃) ခန့်၊ ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆၀) ခန့် ပင်လယ််ပြင််တွင် မြေပြင်မှ အမြင့်ပေ အကန့်အသတ်မရှိ Space flight အစိတ်အပိုင်းများ ကျရောက်နိုင်ကြောင်း အကြောင်းထားသည်ဟု သိရှိရသည်။ 

သို့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများ၊ ရေပြင်တွင် သွားလာနေသည့် သင်္ဘောများအားလုံးကို သတိပေးထားကြောင်း သိရှိရသည်။


https://www.facebook.com/narinjara.info/posts/3908093042536077

No comments:

Post a Comment