Tuesday, December 1, 2020

တပ်မတော်နှင့် အွန်လိုင်းမှ ဆွးနွေး၊ လူချင်းတွေ့ဆုံရန်လည်း ညှိနှိုင်းနေသည် ဟု AA ထုတ်ပြန်

 နိုဝင်ဘာလ ၂၅ ရက်နေ့က တပ်မတော်နှင့် အွန်လိုင်ဖြင့် နာရီဝက်ကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း AA ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်လိုက်သည်။

 
ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲမကျင်းဖြစ်သော မြို့နယ်များတွင် ရွေးကောက်ပွဲပြုနိုင်ရေးကိစ္စ၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများပြတ်လပ်နေသော ကျေးရွာများသို့ စားသောက်ကုန်နှငွ ဆေးဝါးများ အန္တရာယ်ကင်းစွာ သယ်ယူနိုင်ရေးကို ကိစ္စတို့ကို အကြမ်းဖျင် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
 
ထို့အပြင် နှစ်ဖက်လူချင်းတွေ့ဆုံနိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက်ဆွေးနွေးညှိနှိုင်နေဆဲဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်ယလည်း ယခုသတင်းရေးသားနေသည့်အချိန်အထိ ဆက်သွယ်၍ မရသေးပါ။ 
 
နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ သော တပ်သတင်းမှန်ပြန်ကြားရေးအဖွဲ၏ သတင်းစာရှင်းလင်းပွဲတွင်မူ AA နှင့် ပတ်သက်၍ ကြားခံအဖွဲ့အစည်း လူပုဂ္ဂိုလ်များမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နေသည် ဟု ပြောကြားထားသည်။

 http://www.theladiesnewsjournal.com/news/wed-2020-12-02-1411/14122

No comments:

Post a Comment