Wednesday, November 4, 2020

SNLD ပါတီဝန်းရံသူတစ်ဦး နမ့်ခမ်းမြို့နယ်၌ သေနတ်ပစ်ခံရ

 SNLD ပါတီဝန်းရံသူတစ်ဦး နမ့်ခမ်းမြို့နယ်၌ သေနတ်ပစ်ခံရ

By The Standard Time Daily -November 5, 2020

Share on Facebook


ခွဲစိတ်မှုပြီး၍ အသက်အန္တရာယ်စိုးရိမ်စရာမရှိဟုဆို


နမ့်ခမ်းမြို့နယ်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဝန်းရံသူတစ်ဦးဖြစ်သူ ဦးစိုင်းအောင်ဝင်းအား ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) ညနေက ဆိုင်ကယ်စီးလာသူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး လက်ရှိ ခွဲစိတ်မှုအပြီးတွင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားမှာဒီမိုကရက်တစ်(SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းကယနေ့(နိုဝင်ဘာ ၅ ရက်) တွင်စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။


“လက်ရှိမှာစိုးရိမ်စရာမရှိတော့ဘူး။ ဆေးရုံမှာပဲကျန်းကျန်းမာမာရှိနေတယ်လို့ပြောလို့ရတယ်ဖ။ ဒီအထိပဲပြောလို့ရမှာပေါ့” ဟု၎င်းကပြောသည်။


ဦးစိုင်းအောင်ဝင်းဆိုသူမှာ နမ့်ခမ်းဒေသခံဖြစ်ပြီး နေအိမ်ရှေ့ခဏထွက်စဉ် ဆိုင်ကယ်စီးလာသူတစ်ဦးက တွေ့ရှိပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှလင်းခေးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်မြင့်ခိုင် ကဆိုသည်။


“ညနေပိုင်းပါပဲ။ သူ့အိမ်ရှေ့ကိုသူခဏထွက်တဲ့အချိန်မှာပဲ ဆိုင်ကယ်သမားတစ်ယောက်က သူ့အိမ်ရှေ့မှာရှိနေတာတွေ့တော့ ဆိုင်ကယ်ရပ်ပြီးပြန်ပြေးလာပြီးတော့မှပစ္စတိုနဲ့သုံးလေးချက်ပစ်သွားတာပါ” ဟု ဦးစိုင်းအောင်မြင့်ခိုင်ကပြောသည်။


သေနတ်ဖြင့်ပစ်ခံရသူ ဦးစိုင်းအောင်ဝင်းသည်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဝင်မဟုတ်သော်လည်း နမ့်ခမ်းမြို့နယ်အတွင်း မြို့နယ်ထိခိုက်စေနိုင်သည့်ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့်ရှေးဟောင်းအမွေအနှစ်ထိခိုက်နိုင်ခြေရှိသောအကြောင်းအရာများ ကိုကူညီဖြေရှင်းပေးနေသူတစ်ဦးဖြစ်ပြီး စီမံကိန်းများနှင့် ကော်မတီများအားကန့်ကွက်ရာတွင်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် လက်တွဲဆောင်ရွက်သူ နမ့်ခမ်းမြို့နယ်လူမှုညီညွတ်ရေးအသင်းဝင် တစ်ဦး ဖြစ်ကြောင်းသိရသည်။

http://sdtimedaily.com/2020/11/05/yyk001-38/

No comments:

Post a Comment