မြန်မာစစ်တပ်ကို အရပ်သားထိန်းချုပ်ရေး၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ရွေးကောက်ပွဲ အရေးကြီးဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
ရန်ကုန်၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာစစ်တပ်အပေါ် အရပ်သားများ ထိန်းချုပ်နိုင်ရေး၊ ဒုက္ခသည်များ လူ့ဂုဏ်သိက္ခာနှင့်အညီ နေရပ်ပြန်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ လူ့အခွင့်အရေး နှင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများအတွက် အရေးကြီးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antohio Guterres က နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
အေးချမ်းတည်ငြိမ်ပြီး ယုံကြည်ရသော ရွေးကောက်ပွဲက မြန်မာနိုင်ငံ စဉ်းဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ရင်ဆိုင် တိုက်ဖျက်နေရချိန် တစ်နိုင်ငံလုံး လက်နက်ကိုင်အဖွဲ့များအားလုံး အပစ်အခတ်ရပ်စဲထားရန် ထပ်မံတိုက်တွန်းကြောင်း၊ ရခိုင်နှင့် ချင်းပြည်နယ်မှ အရပ်သားများ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်နေရမှု အပါအဝင် မြန်မာနိုင်ငံနေရာအများစုမှ လက်နက်ကိုင်ပဋိပက္ခများအပေါ် စိုးရိမ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားများကာကွယ်ရေးနှင့် ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေးအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ယခုအချိန်တွင် ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာတိုးတက်ရေး ဆောင်ရွက်ချက်များအပေါ် ဆက်လက်ထောက်ခံအားပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://www.facebook.com/khitthitnews/posts/1057552768015402?__cft__[0]=AZV0iGE3-ov0MBchShj-cWCArV015irRojLYajxSsdYIKnSA1SunuAgTnD3S5rJ9YtNrM8-M6QYwNC5JMaybPpsqDokQtPKK7jZfE9vrawnA4HwZog8Foi5piPMi36LEa3-ZQi4b4SjPyH175okV3JLI&__tn__=%2CO%2CP-R
No comments:
Post a Comment