Thursday, November 26, 2020

ကျောက်မဲမြို့က စစ်ဘေးသင့်ရွာများကို ပြည်လည်ထူထောင်ပေးရန် လိုအပ်

 ကျောက်မဲမြို့က စစ်ဘေးသင့်ရွာများကို ပြည်လည်ထူထောင်ပေးရန် လိုအပ်


By DVB 26 November 2020 Print Email

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်က စစ်ဘေးဒဏ်သင့်ရွာတွေကို ပြန်လည်ထူထောင် ပေးဖို့ လိုအပ်နေတယ်လို့ SWAN ရှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားသူများအသင်းက ပြောပါတယ်။ 


စက်တင်ဘာလက ကျောက်မဲမြို့နယ် ပုံဝိူတိုက်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ ၃၀၀၀ ကျော်ဟာ သူတို့နေရပ်ကို ပြန်လည်ရောက်ရှိ ခဲ့ကြပေမယ့် စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းချိန်မရခဲ့ဘဲ ဆုံးရှုံးမှုတွေရှိခဲ့သလို ကျန်းမာရေး ထိခိုက်မှုတွေပါ ရှိခဲ့တာကြောင့် အခုလိုလုပ်ဆောင်ပေးဖို့ လိုအပ်နေတာပါ။  



 

တိုက်ပွဲအတွင်းမှာ လူနေအိမ်တွေ၊ ကျွဲနွားတွေနဲ့ တောင်ယာစိုက်ခင်းတွေ ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ 



 

ကောင်းခန်ကျေးရွာ၊ လုံဝယ်‌‌ရွာ၊ ဆမ်ပူးရွာ၊ ကုန်းစုံရွာ၊ ကုန်းဟတ်ရွာ၊ နားချန့်ရွာ၊ နောင်သျှင် ကျေးရွာတွေဟာ လူနေမှုအဆင့်အတန်းနိမ့်ကျ‌နေကာ ဆေးခန်းရှိပြီး ကျန်းမာရေးဝန်ထမ်းမရှိသလို ကိုယ်ထူကိုယ်ထစာသင်ကျောင်းရှိပေမယ့် သင်ပေးမယ့်ဆရာဆရာမ မရှိလို့ ကလေးတွေ စာမတတ်ကြပါဘူးလို့ ပြောဆိုပါတယ်။ 


နန်းစံပယ်


http://burmese.dvb.no/archives/425843

No comments:

Post a Comment