Thursday, November 26, 2020

ချီဖွေမြို့က စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခွင့်ပြုချက်မရသေး

 ချီဖွေမြို့က စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခွင့်ပြုချက်မရသေး

By DVB 26 November 2020 Print Email

125500498_3449594968489179_4309849711510062560_n126175715_3449595058489170_246636008984605663_n126240414_3449593878489288_735205485382841418_n126537243_3449594155155927_5548766044737857336_n126811830_3449594641822545_8640730458587217091_n127055847_3449594871822522_3828854448940652280_n

Previous

Next

Previous

Next

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်က စစ်ဘးရှောင်ပြည်သူတွေဟာ နေရပ်ပြန်ဖို့အတွက် ကျေးရွာအတွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်ပြီးသွားပြီ ဖြစ်ပေမဲ့ နေရပ်ပြန်ခွင့်မရလို့  အခက်ခဲဖြစ်နေကြပါတယ်။


စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို စစ်တမ်းကောက်ယူပြီး ပြည်နယ်အစိုးရဆီကို တင်ပြထားပေမယ့် အခုချိန်ထိ နေရပ်ပြန်ဖို့ တစုံတရာ ညွှန်ကြားလာတာ မရှိသေးဘူးလို့ ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက  ပြောပါတယ်။


ကချင်ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးအောင်အပါအဝင် တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံချိန်မှာ နိုင်ငံတကာကကူညီမှသာ နေရပ်ပြန်နိုင်ရေးအဆင်ပြေမယ်လို့ ပြောဆိုထား ကြောင်း ဒေသခံတွေဆီကသိရပါတယ်။



 

နိုင်ငံတကာမှ အကူအညီရရှိပါကအိမ်ဆောက်ပေးမှာဖြစ်ပြီး အစိုးရက လမ်း၊မီး၊ရေ ရရှိအောင်ပူးပေါင်းလုပ်ဆောင်ပေးသွားမယ်လို့ မြို့နယ်အုပ်ချုပ်မှူးက ပြောဖူး‌ပေမယ့် လက်ရှိ အချိန်ထိတော့ ဘယ်အဖွဲ့အစည်းကဦးဆောင်ပြီး လုပ်မလဲ မသိရှိသေးကြောင်း ရွာလူကြီးဦးခေါင်ဇေက ပြောပါတယ်။ 


၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲ‌ဖြစ်ပြီးနောက်  တစ်မိုင်လောက်သာဝေးတဲ့ ကံပံယန်ကျေးရွာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ချီဖွေမြို့နယ်က KBC နဲ့ LBC စစ်ရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေထိုင်ကြတာပါ။ 


၂၀၁၅ အထိ နယ်မြေအေးချမ်းလာပေမယ့် သက်ဆိုင်ရာက ဒုက္ခသည်တွေ နေရပ်ပြန်ရေး တစုံတရာ မပြောလာလို့ လက်ရှိ ကချင်စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်း အဖွဲ့ခေါင်းဆောင် လူကယ်ပြန် ပြည်ထောင်စု၀န်ကြီးဦးစိုးအောင်ထံ စာတင်ပြတောင်းဆိုခဲ့ပါတယ်။



 

အခုနှစ်အောက်တိုဘာလမှာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်းရှင်းလင်းရေးအဖွဲ့ ၁၅ ဦးက ကျေးရွာအတွင်းမိုင်းရှင်းလင်းပေးခဲ့သလို ဒေသခံတွေကလည်း ရွာလမ်းခြုံနွယ်တွေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးပြီလို့ ကံပံယန်ကျေးရွာ လူကြီး ဦးခေါင်ဇေက  ပြောပါတယ်။


ကံပံယန် စစ်ရှောင်တွေ နေရပ်ပြန်ရေးကို အစိုးရက တာ၀န်ယူဆောင်ရွက်တာဖြစ်လို့ မိမိတို့မသိရှိပေမဲ့ အကူအညီတောင်းခံလာပါက စစ်ရှောင်တွေနေရပ်ပြန်ရေး ပူးပေါင်းဆောင်ရွက်နိုင် မယ်လို့လည်း ကချင်စစ်ရှောင်များနေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်နေတဲ့ KHCC မှ ဆရာခါးလီက ပြောပါတယ်။


စစ်ဘေးရှောင်ရွာသားတွေဟာ ၉ နှစ်ကြာနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပြီးနောက် သက်ကြီးပိုင်းအများစုမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ လူလတ်ပိုင်းနဲ့ ကလေးတွေသာကျန်တော့ပြီး လက်ရှိတွင် ချီဖွေမြို့ရှိ KBC နှင့် LBC စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။


သတင်း- ဇုန်းကျန်း


 http://burmese.dvb.no/archives/425938

No comments:

Post a Comment