Tuesday, November 3, 2020

ကျောက်တော်မြို့နယ်တွင် ဟင်းရှာရန်သွားသည့်အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်

 ကျောက်တော်မြို့နယ်တွင် ဟင်းရှာရန်သွားသည့်အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်

အိမ်စိုးဖြူ

နိရဉ္စရာ၊ နိုဝင်ဘာ ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာမှ ဟင်းရှာရန်သွားသည့် အမျိုးသမီးငယ်တစ်ဦးမှာ ယနေ့ နံနက် ၁၁ နာရီခန့်က ကျေးရွာအနီးဘီလူးတောင်ကုန်းတွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ချောင်းလုံး ပြတ်ထွက် သွားကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးငယ်မှာ မစန္ဒာအေး(၁၈)နှစ်ဖြစ်ပြီး မိခင်ဖြစ်သူအပါအဝင်အဖော်လေးဦးနှင့်အတူ သင်္ဘောဥ တူးရန် သွားရာမှ မိုင်နင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ သူမ၏ ခြေထောက်နှစ်ချောင်းလုံးမှာ ပြတ်ထွက်သွားကြောင်း မိသားစုဝင်များက နိရဉ္စရာသတင်းဌာနအားပြောသည်။

သူမ၏မိခင်ဖြစ်သူဒေါ်ဦးခိုင်သန်း က “ ကျွန်မတို့က သင်္ဘောဥတူးပြီးရောင်းစားသူတွေပါ။ ဒီနေ့မနက် ဆယ်နာရီ လောက်က တောင်ပေါ်မှာ သင်္ဘောဥတူးဖို့သွားတာပါ။ စစ်သားတွေက အဲဒီတောင်မှာ လွန်ခဲ့တဲ့လ လောက်က နေခဲ့ကြတယ်။ ဘယ်သူထောင်ထားတဲ့ မိုင်းဆိုတာကတော့ မသိပေမယ့် သူတို့နေခဲ့တာတော့ သိတယ်။ သမီးလေးက ကျွန်မနဲ့ ဝါးတပြန်(ဝါးတစ်လုံးအရှည်အကွာအဝေး)က ရှေ့ကသွားပြီး တောင်ပေါ် အရောက်မှာ ပေါက်တာပါ။ သူ့အော်သံကြားတော့ သွားကြည့်တာ ခြေထောက်နှစ်ချောင်းလုံးပြတ်နေပါပြီ” ဟုပြောသည်။

မစန္ဒာအေးအား ကျောက်တော်ဆေးရုံကို နေ့လယ် ၁ နာရီခန့်က ယူဆောင်လာခဲ့ကြောင်း၊ ဆေးရုံတွင် ခွဲစိပ်မှုပြုလုပ်နေကြောင်း ဆက်ပြောသည်။

“ အခြေအနေဘယ်လိုဖြစ်မလဲမသိရသေးဘူး။ ခြေထောက်က ဒူးအောက်ပိုင်းက တစ်ချောင်း လုံးဝ ပြတ်ထွက် သွားပြီး ရှာလို့တောင်မရခဲ့ပါဘူး။ နောက်တစ်ချောင်းက ပြတ်ထွက်သွားတာပါ။ မခံစား နိုင်လောက်အောင် ဖြစ်ရပါတယ်။ စစ်တွေကို သယ်ယူဖို့ အခြေအနေရှိမလားဆိုတာတော့သူ့အခြေနေကို ခွဲစိပ်လို့ပြီးမှသိရပါမယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးထွန်းဝင်းကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဟင်းရှာသွားရင်း ဖြစ်တာပါ။  ကလေးမလေးက အငယ်လေးပဲရှိသေးတယ်။ ဆေးရုံရောက်နေပါပြီ။ ခြေထောက်တွေပြတ်သွားတယ်လို့သိရတယ်” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေသ အာဏာပိုင်များသို့ ဖုန်းဆက်သွယ်မေမြန်းသော်လည်း လက်ခံခြင်း မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

--------------------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ နိုဝငျဘာ ၄/ ၂ဝ၂ဝ









https://burmese.narinjara.com/.../5fa28da98d5b5818df39dc33


https://www.facebook.com/narinjara.info/posts/3758015034210546

No comments:

Post a Comment