Saturday, November 7, 2020

ငြိမ်းချမ်းပြီး စနစ်တကျနှင့် ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ရေး ကုလအတွင်းရေးမှူးချုပ် တောင်းဆို

 ငြိမ်းချမ်းပြီး စနစ်တကျနှင့် ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ရေး ကုလအတွင်းရေးမှူးချုပ် တောင်းဆို

By The Standard Time Daily -November 8, 2020

Share on Facebook


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antohio Guterres က မြန်မာနိုင်ငံတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအား ငြိမ်းချမ်းပြီး စနစ်တကျနှင့် ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်စေရေး အရေးကြီးကြောင်း နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်ဟု ကုလသမဂ္ဂ(မြန်မာ)က ထုတ်ပြန်သည်။


နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ‘ဆန္ဒမဲက တစ်နိုင်ငံလုံးတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးကို တိုးတက်အောင် အထောက်အပံ့ပေးလိမ့်မယ်’ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အတွင်းရေးမှူးချုပ်က နိုဝင်ဘာ ၈ ရက်(ယနေ့)တွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများကို ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ကျင်းပခြင်းသည် တပ်မတော်အပေါ် အရပ်သား ထိန်းချုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပါအဝင် အရေးကြီးသည့် အခွင့်အရေးဖြစ်သည်ဟု ပြောဆိုခဲ့သည်။


မြန်မာနိုင်ငံ၏ဒုက္ခသည်များ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ် သိက္ခာများ တိုးတက်ရန် ကုလသမဂ္ဂမှကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံ၏ နေရာတော်တော်များများတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် စိုးရိမ်နေရဆဲဖြစ်ပြီး အထူးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ထိခိုက်လွယ်သော အရပ်သားများအပေါ် အလေးအနက်ထား တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ လက် နက်ကိုင်ပဋိပက္ခအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် လေးစားလိုက်နာရန် လိုကြောင်း၊ အရပ်သားအခြေခံ အဆောက်အအုံများကို ကာကွယ်ရန်လည်း Antohio Guterres က တိုက်တွန်းခဲ့သည်။


မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ယခုအချိန်တွင် ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာတိုးတက် ရေးဆောင်ရွက်ချက်များအပေါ် ဆက်လက်ထောက်ခံအားပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

http://sdtimedaily.com/2020/11/08/shp30-108/

No comments:

Post a Comment