Thursday, November 5, 2020

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပေါက်ကွဲမှု အသံမြည်သည့် မိုင်းဖြစ်နိုင်ဟု တာဝန်ရှိသူပြော

 ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပေါက်ကွဲမှု အသံမြည်သည့် မိုင်းဖြစ်နိုင်ဟု တာဝန်ရှိသူပြော (ဓာတ်ပုံ) 

By DVB 6 November 2020 Print Email

DSC_0403DSC_0404DSC_0405DSC_0407DSC_0409DSC_0417bago UEC1bago UEC2bago UEC3bago UEC4bago UEC6

Previous

Next

Previous

Next

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီကနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဗုံးလို့တော့ ယူဆလို့ မရဘဲ အသံမြည်တဲ့ မိုင်းတခုဖြစ်နိုင်တယ်လို့  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။  


နိုဝင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်က ပဲခူးမြို့မှာရှိတဲ့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝင်းထဲရှိ အဆောက်အအုံ အပြင်ဘက်မှာ  ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာပါ။


ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးမင်းသက်နောင်က “၂ နာရီ ၄၅ လောက်မှာ အသံကြား လိုက်တယ်။ တော်တော်အသံကျယ်ကျယ်ကြားလိုက်တယ်။ ကျနော်အပြင်ထွက်ကြည့်လိုက်တဲ့ အချိန်မှာ မီးခိုးလုံးကြီးတစ်လုံးတွေ့တဲ့အတွက် ကျနော် သက်ဆိုင်ရာ ကော်မရှင်တာဝန်ထမ်းဆောင် နေတဲ့ ဆရာဆရာမတွေ အကုန်အထဲဝင်ခိုင်းလိုက်တယ်။ ဝင်ခိုင်းပြီး ကျနော် ဒီဘက်ရုံးကို ပြေးလာ ပြီး ကြည့်တဲ့အချိန်မှာ စာရွက်တွေ ပြန့်ကျဲနေပြီးတော့မှ စာရွက်တွေ တချို့တဝက် မီးလောင်နေ တယ်၊ ဒါပေမဲ့ ပေါက်ကွဲတဲ့ အနေအထားကြည့်ရရင်တော့ ဗုံးလို့တော့ ယူဆလို့ မရဘူး၊ အသံမြည်တဲ့ မိုင်းတခုလို့တော့ ယူဆလို့ ရပါတယ်။ ”လို့ ပြောပါတယ်။ 


ကော်မရှင်ရုံးမှာ ကြိုတင်မဲတွေကို  ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းတွေ သွားရောက် စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း ပေါက်ကွဲခဲ့တာဖြစ်ပြီး လူအသေအပျောက်နဲ့ ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။


ပေါက်ကွဲမှုကြောင့် ရုံးမှန်တွေလည်း ကွဲခဲ့သလို  ကော်မရှင်ရုံးအနီးပတ်ဝန်းကျင်မှာ  စာရွက်စာတမ်းတွေ ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။


ပြန့်ကျဲနေတဲ့ စာရွက်စာတမ်းတွေဟာ ကော်မရှင်ရုံးထဲက စာရွက်စာတမ်းတွေ မဟုတ်ကြောင်းနဲ့ လုပ်ကြံတဲ့သူက ပုံးတခုထဲမှာ စာရွက်တွေထည့်လာပြီး လာချထားတာ ဖြစ်နိုင်ကြောင်း တိုင်းရုံးကိုစာလာပို့တဲ့ပုံစံနဲ့ လာပြီး လူမမြင်တဲ့နေရာမှာ ပုံးကိုချထားခဲ့တာ ဖြစ်နိုင်တယ်လို့ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောပါတယ်။  


ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘဲ  ရဲတပ်ဖွဲ့နဲ့  သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ကော်မရှင်ရုံးရှေ့က CCTV မှတ်တမ်းကို ပြန်လည်စိစစ်နေဆဲလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။


Photo – Ko  Myo / MPA


http://burmese.dvb.no/archives/421688

No comments:

Post a Comment