Wednesday, November 4, 2020

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၃၆၂၀၀ ကျော်ရှိလာခဲ့ပြီး စားသောက်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရ

 ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၃၆၂၀၀ ကျော်ရှိလာခဲ့ပြီး စားသောက်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို တွေ့ရစဉ်
PUBLISHED 4 NOVEMBER 2020
 
သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ၂၃၆၂၀၀ ကျော်ရှိလာပြီး စားသောက်ရေး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များသည် စစ်ဘေးရှောင် စခန်းပေါင်း ၁၆၈ ခုတွင် နေထိုင်သူများအပြင် ဆေမျိုးအသိုင်းအဝိုင်းများ ရှိရာတွင် သွားရောက် ခိုလှုံနေကြရသူလည်း များစွာရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ စာရင်းကောက်တယ် ဆိုတာကလည်း ဒုက္ခရောက်နေသူတွေ အဆင်ပြေစေဖို့အတွက် စုဆောင်းတင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစာရင်းကိုလည်း ကျွန်တော်တို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်” ဟု REC (Rakhine Ethnics Congress) ၏အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

REC အဖွဲ့က နိုဝင်ဘာ၂ ရက် ညနေ ၅ နာရီအထိ နောက်ဆုံး ကောက်ယူထားချက်အရ သိရှိရခြင်းဖြစ်ပြီး ထိုသို့စာရင်း ကောက်ယူရခြင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခကြားတွင် အတိဒုက္ခ ရောက်နေရသည့် ပြည်သူများ၏ အရေအတွက်နှင့် အခက်အခဲများကိုု သက်ဆိုင်သူများ သိရှိပြီး ပြည်သူလူထုကို မထိခိုက်စေသော နိုင်ငံရေးနည်းဖြင့်သာ ဆွေးနွေးအဖြေရှာကြစေလိုုခြင်း၊ ပြည်သူလူထုက တင်မြှောက်သော အစိုုးရတစ်ရပ် အနေဖြင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သည့် ဒီမိုုကရေစီ ယဉ်ကျေးမှုကို အာမခံစေလိုခြင်း၊ ထိခိုက်နစ်နာသူများအတွက် အစိုးရနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ထောက်ပ့ံပေးနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေရန် ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် စားသောက်ရေးအပိုင်းတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေပြီး ဖြစ်သလို နေထိုင်စားသောက် ရသည်များလည်းရှိကြောင်း မြေပုံမြို့နယ်မှ စစ်ဘေးရှောင်များက ပြောကြားသည်။

“စားသောက်ရေး အဆင်မပြေမှုတွေ များလာတယ်။ အခုဆိုရင် ဒီလထဲ ရိက္ခာမရှိတော့၊ ဒါကြောင့် ကျွန်တော်တို့က ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို အကူအညီ တောင်းထားတယ်။ ဒီရက်ပိုင်းမှာ မရောက်ရင် ငတ်ကြမှာပဲ။ နောက်ပြီး စစ်ရှောင်စခန်းမှာ နေထိုင်ဆိုပေမဲ့ ဘာမှလုပ်ကိုင် စားသောက်လို့ မရတာက ခက်တယ်။ လုပ်ကိုင်စားသောက် နိုင်ရင်တော့ အနည်းနဲ့အများ မိသားစု စားသောက်ရေးအတွက် ကာမိမှာ ဖြစ်ပါတယ်” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှ ဒေသခံ ဦးကျော်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် တောင်ပိုင်းဖြစ်သည့် ကျောက်ဖြူမြို့နယ် အတွင်းတွင်လည်း ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင် နေရမှုများရှိလာပြီး ၎င်းတို့အနေဖြင့်လည်း အိမ်ပြန်ရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

https://news-eleven.com/article/197075

No comments:

Post a Comment