Sunday, November 1, 2020

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းက ပါတီကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းခြင်းဖြစ်ပြီး မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ ပါတီကို မဲပေးပြီး အတူတကွ ချီတက်ရန် ရခိုင်အမျိုးသားပါတီ ပန်ကြား

 ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းက ပါတီကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းခြင်းဖြစ်ပြီး မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ ပါတီကို မဲပေးပြီး အတူတကွ ချီတက်ရန် ရခိုင်အမျိုးသားပါတီ ပန်ကြား

PUBLISHED 1 NOVEMBER 2020
 
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုနှင့် မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင်   ရွေးကောက်ပွဲ မကျင်းပခြင်းက အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားတောင့်တင်းခိုင်မာသော   ရခိုင်အမျိုးသားပါတီ (ANP) ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းရာ ရောက်သည်ဟု မှတ်ယူကြောင်း ANP ပါတီက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန် သည်။

“ရခိုင်ပြည်နယ် ၉ မြို့နယ်နဲ့ အဲဒီကျေးရွာတွေ အားလုံးပေါင်းလိုက်ရင် မဲမပေးနိုင်တဲ့   လူဦးရေ တစ်သန်းကျော်တယ်။ ကိုယ့်နိုင်ငံသားတွေရဲ့ နိုင်ငံသား အခွင့်အရေးနဲ့ လူ့အခွင့်အရေးကို    မဲမပေးရဘူး ဆိုပြီး ပိတ်ပင် တားဆီးလိုက်တာကတော့ ရခိုင်အမျိုးသားပါတီကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ပင်တားဆီး လိုက်တာ ဖြစ်သလို နိုင်ငံသားတစ်ယောက်ရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို လုံခြုံရေးအ ကြောင်းပြပြီး ပိတ်ပင်လိုက်တာ ဖြစ်တယ်” ဟု ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်  ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မြို့နယ်လုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် ပယ်ဖျက်ခဲ့သည့် မြို့နယ် ၉ မြို့နယ်ရှိ  မြို့ပေါ်ရပ်ကွက်များ တွင် လုံခြုံရေးအဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ရွေးကောက် ပွဲ ကျင်းပမှု မရှိခြင်းသည်  တရားမျှတမှု မရှိကြောင်းနှင့် ပယ်ဖျက်လိုက်သည့် မဲဆန္ဒနယ် အများစုသည် ရခိုင်အမျိုးသားပါတီ ယခင်ရွေးကောက်ပွဲ အနိုင်ရ မဲဆန္ဒနယ်များဖြစ်ကြောင်း ၄င်းက ဆိုသည်။

ထို့်ကြောင့် ရခိုင်ပြည်သူများ အနေဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းပိတ်ဆို့ ခံနေရသော  အင်အားတောင့် တင်းသည့် အမျိုးသားပါတီ အောင်ပွဲခံနိုင်ရေးအတွက် မဖြစ်မနေ ထောက်ခံမဲပေးပြီး  မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ အတူတကွ ချီတက်ရန် ANP ပါတီက ပန်ကြားလွှာ ထုတ်ပြန်သည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဦးထိပ်ထားလျှက် စစ်မှန်သော ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူမျိုးပေါင်းစုံ၊   တိုင်းရင်းသာအင်အားစုများ နှင့် ပူးတွဲတိုက်ပွဲဝင်လာသည့် ပါတီတစ်ရပ်ဖြစ်သည့်အားလျော်စွာ  ပြည်နယ်တွင် အင်အားတောင့် တင်းသော အမျိုးသားပါတီအဖြစ် ရပ် တည်ရှင်သန်ရေးနှင့် ရခိုင်အမျိုးသားရေးစိတ်ဓာတ် ထာဝရရှင် သန်ရေးတို့အတွက် မည်သည့် အခက် အခဲ အနှောင့်အယှက်များကိုမဆို ရင်ဆိုင်ကျော်ဖြတ်ရန် သံန္နိဋ္ဌာန် ချပြီးဖြစ်သည်ဟု ပန်ကြားလွှာတွင် ဖော်ပြထားသည်။

 

“ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ အင်အားတောင့်တင်းတဲ့ အမျိုးသားပါတီ ဖြစ်ပေါ်လာအောင် ကြိုးစားနေတာ။ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ရခိုင်ပြည်နယ်မှာ အင်အားရှိတဲ့ အမျိုးသား တပ်ဦးနိုင်ငံရေးပါတီတစ်ရပ် ဖြစ်ဖို့အတွက်ကတော့ ကျွန်တော်တို့ကို ဘယ်လောက်ပဲ ကန့်သတ်ကန့် သတ် မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ဖြစ်အောင် ချီတက်သွားမယ်။ အဲ့လို   ချီတက်တဲ့နေရာမှာ ပြည်သူတွေရဲ့ဝိုင်းဝန်းအားပေးမှု ထောက်ခံမှု လိုတယ်။ အဲဒါကြောင့် အခုလို ကန့်သတ်ထားတဲ့ ရခိုင် အမျိုးသားပါတီကို အင်အားချိနဲ့အောင် အမျိုးမျိုး တားဆီးပိတ်ပင်မှုကို ရင်ဆိုင်တဲ့အခါမှာ ပြည်သူတွေ အားကို လိုတယ်။ အဲဒါကြောင့် ဒီ ၂၀၂၀ မှာ လက်ရှိ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ မြို့နယ် အားလုံးမှာ ရ ခိုင်အမျိုးသားပါတီကို ရခိုင်ပြည်သူတွေက အားလုံးဝိုင်းဝန်းပြီးတော့ တစ်ခဲနက် မဲပေးလိုက်ခြင်းအားဖြင့် ရခိုင်အမျိုးသားပါတီ အနိုင်ရလာရင် အင်အား တစ်ခုအနေနဲ့ လွှတ်တော်အသီးသီးမှာ တက်နိုင်မယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရခိုင်ပြည်နယ် မဲဆန္ဒနယ်များ အပါအဝင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ကိုယ်စားလှယ်လောင်း ၆၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်ရှိ ၉ မြို့နယ်နှင့် မြို့နယ်အချို့ရှိ ရပ် ကွက်၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက် ကြေညာချက်အရ ကိုယ်စားလှယ်လောင်း ၃၀ ခန့် လျော့နည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကော်မရှင် ထုတ်ပြန်ချက်အရ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူး သီးတောင်မြို့နယ်၊ မောင်တော်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မင်း ပြားမြို့နယ်တို့ အပါအဝင် မြို့နယ် လေးခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ ကျင်းပ မည် မဟုတ်ပေ။

https://news-eleven.com/article/196816

No comments:

Post a Comment