ဆန် ၁၈ဝဝအိတ်ကျော် ပလက်ဝသို့ ရောက်ရှိ
နိုဝင်ဘာလ (၆)ရက် --
မြန်မာ့တပ်မတော်နှင့် အေအေလက်နက်ကိုင်တို့အကြားဖြစ်ပွားသော တိုက်ပွဲများကြေင့် လမ်းများဆက်လက်ပိတ်ထားနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ချင်းပြည်နယ်အစိုးရနှင့်တခြားသူများ၏ အကူအညီဆန်အိတ် ၁၈၆၄ အိတ် ယနေ့ရောက်ရှိပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်စစ်ဘေးနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ဆန်အိတ်တွေ ၄ရက်နေ့ကနေ တောက်လျှောက်ရောက်လာတာ ဒီနေ့မှာတော့ အကုန် ဒီကိုရောက်ပါပြီ။ ဆန် ၁၈၆၄ အိတ်၊ အဲဒီအထဲက ပေါင်ဆန်မွှေး ၁၀၀ ကို ၆ဝဝဝဝကျပ်နဲ့ ဝန်ထမ်းကိုရောင်းပေးမယ်။ ကျန်တာကို တစ်အိတ် ၃ဝဝဝဝကျပ်နဲ့ ပလက်ဝမြို့နှင့် အနီးအနားရွာက ဒေသခံတွေအတွက် ရောင်းပေးမယ်။ တကယ်တော့ ၃ဝဝဝဝကျပ်နဲ့ရောင်းပေးတာက အားလုံးအဆင်ပြေအောင်လို့ပါ။ သယ်ယူစရိတ်မကာမိပါဘူး။ ဒေသခံတွေ သက်သက်သာသာနဲ့ဝယ်လို့ရအောင်လုပ်ပေးတာပါ။ အဲဒီရောင်းရတဲ့ငွေနဲ့ပဲ နောက်ထပ်ဆန်တွေပြန်ဝယ်လို့ရအောင်လို့ ဝန်ကြီးဦးစိုးထက်ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာပါ” ဟု တာဝန်ရှိသူတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
မကြာသေးခင်ရက်ပိုင်းက ဆန်ကြမ်းတစ်အိတ်ကို ၈၀၀၀၀ ကျော်စျေးပေးနေရပြီး ပုံမှန်ဝင်ငွေမရှိသော ဒေသခံများအနေဖြင့် အတော်ပင် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။
ပလက်ဝရှိ IDP စခန်းများတွင်နေထိုင်သော စစ်ဘေးရှောင်များအတွက်မူ WFP မှ ပုံမှန်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသောကြောင့် ယခုဆန်များကို စစ်ဘေးရှောင်စာရင်းတွင်မဝင်သော ဒေသခံများအတွက် ရောင်းချပေးခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။
“ IDP ကမ့်ထဲက လူတွေအတွက်က မကြာသေးခင်က WFPကနေထောက်ပံ့တဲ့ဆန်တွေရှိတယ်။ အခုလည်း လမ်းမှာ လာနေတယ်လို့ သတင်းရတယ်။ နောက်ပြီး မကြာသေးရက်ကပဲ IDP ကမ့်ထဲက လူတစ်ဦးကို ၃ဝဝဝဝကျပ်စီပေး WFP ကနေပံ့ပိုးပေးထားပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေလည်း ဒီရက်တွေမှာ ဆန်တွေပြတ်လပ်သွားပုံရပါတယ်။ အခုရောက်တဲ့ ဆန်တွေသူတို့ကို ဝေပေးဖို့ တောင်းဆိုထားတာရှိတယ်။ အဲဒီတော့ ဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့ WFP ရဲ့အကူအညီဆန်မရောက်သေးခင်စားလို့ရအောင် သူတို့အတွက်တော့ အခမဲ့နဲ့ ၂-၃ရက်စာဝေပေးသွားမှာပါ” ဟု ပြောသည်။
အခုလို တစ်အိတ် ၃၀၀၀၀ ကျပ်ဖြင့် ခွဲတမ်းကျ ဝယ်ယူလို့ရသည့်အတွက် အလွန်ဝမ်းသာကြောင်းကို ဒေသခံ ဦးနန်းပ(အမည်လွဲ)ကလည်း ခူမီးမီဒီယာသို့ ပြောသည်။
“ဟိုတစ်ခါလည်း လူတစ်ဦး လေးပြည်လားမသိဘူး တစ်အိတ် ၃၅ဝဝဝကျပ်နဲ့ရောင်းပေးတော့ ကျွန်တော့်မိသားစုက ၅ယောက်ရှိတဲ့အတွက် တစ်အိတ်နီးနီးလောက်စာ ဝယ်လို့ရခဲ့တယ်။ စျေးသက်သာတော့ ဝယ်နိုင်တာပေါ့။ မဟုတ်ရင် ထမင်းကို ချွေတာပြီးစားနေရတာပါ။ အခုထပ်ပြီး စျေးသက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ စီစဉ်ပေးတဲ့တာဝန်ရှိသူတွေ၊ ဝန်ကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ခူမီးမီဒီယာသို့ ဆိုသည်။
ပလက်ဝမြို့အတွက် ဆန်အိတ်တစ်သောင်း၊ ဘိလပ်မြေအိတ် ၁၀၀၀၀၊ သံတန် ၁ဝဝတို့ကို သယ်ယူပို့ဆောင်ခွင့်ရရန် တင်ပြထားချက်အား သမ္မတရုံးမှလည်း ခွင့်ပြုချက်ရပြီဖြစ်ကြောင်း၊ သို့သော်တစ်ခြားအတားအဆီး၊ အနှောင့်အယှက်များ မကြုံရဘဲ ကောင်းကောင်းမွန်မွန်သယ်ယူ ပို့ဆောင်နိုင်ရန်ဆုတောင်းပေးဖို့ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ည ချင်းခေါင်းဆောင်များနှင့် Zoon Meeting တွင် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
-- zawgyi--
ဆန် ၁၈၀၀အိတ်ကျော် ပလက်၀သို့ ရောက်ရှိ
နို၀င်ဘာလ (၆)ရက် --
မြန်မာ့တပ်မတော်နှင့် အေအေလက်နက်ကိုင်တို့အကြားဖြစ်ပွားသော တိုက်ပွဲများကြေင့် လမ်းများဆက်လက်ပိတ်ထားနေသော ချင်းပြည်နယ်၊ ပလက်ဝြမို့နယ်သို့ ချင်းပြည်နယ်အစိုးရနှင့်တခြားသူများ၏ အကူအညီဆန်အိတ် ၁၈၆၄ အိတ် ယနေ့ရောက်ရှိပြီဖြစ်ကြောင်း ပလက်ဝြမို့နယ်စစ်ဘေးနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ဆန်အိတ်တွေ ၄ရက်နေ့ကနေ တောက်လျှောက်ရောက်လာတာ ဒီနေ့မှာတော့ အကုန် ဒီကိုရောက်ပါပြီ။ ဆန် ၁၈၆၄ အိတ်၊ အဲဒီအထဲက ပေါင်ဆန်မွှေး ၁၀၀ ကို ၆၀၀၀၀ကျပ်နဲ့ ၀န်ထမ်းကိုရောင်းပေးမယ်။ ကျန်တာကို တစ်အိတ် ၃၀၀၀၀ကျပ်နဲ့ ပလက်ဝြမို့နှင့် အနီးအနားရွာက ဒေသခံတွေအတွက် ရောင်းပေးမယ်။ တကယ်တော့ ၃၀၀၀၀ကျပ်နဲ့ရောင်းပေးတာက အားလုံးအဆင်ပြေအောင်လို့ပါ။ သယ်ယူစရိတ်မကာမိပါဘူး။ ဒေသခံတွေ သက်သက်သာသာနဲ့၀ယ်လို့ရအောင်လုပ်ပေးတာပါ။ အဲဒီရောင်းရတဲ့ငွေနဲ့ပဲ နောက်ထပ်ဆန်တွေပြန်၀ယ်လို့ရအောင်လို့ ၀န်ကြီးဦးစိုးထက်ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာပါ” ဟု တာ၀န်ရှိသူတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
မကြာသေးခင်ရက်ပိုင်းက ဆန်ကြမ်းတစ်အိတ်ကို ၈၀၀၀၀ ကျော်စျေးပေးနေရပြီး ပုံမှန်၀င်ငွေမရှိသော ဒေသခံများအနေဖြင့် အတော်ပင် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။
ပလက်၀ရှိ IDP စခန်းများတွင်နေထိုင်သော စစ်ဘေးရှောင်များအတွက်မူ WFP မှ ပုံမှန်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသောကြောင့် ယခုဆန်များကို စစ်ဘေးရှောင်စာရင်းတွင်မ၀င်သော ဒေသခံများအတွက် ရောင်းချပေးခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။
“ IDP ကမ့်ထဲက လူတွေအတွက်က မကြာသေးခင်က WFPကနေထောက်ပံ့တဲ့ဆန်တွေရှိတယ်။ အခုလည်း လမ်းမှာ လာနေတယ်လို့ သတင်းရတယ်။ နောက်ပြီး မကြာသေးရက်ကပဲ IDP ကမ့်ထဲက လူတစ်ဦးကို ၃၀၀၀၀ကျပ်စီပေး WFP ကနေပံ့ပိုးပေးထားပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေလည်း ဒီရက်တွေမှာ ဆန်တွေပြတ်လပ်သွားပုံရပါတယ်။ အခုရောက်တဲ့ ဆန်တွေသူတို့ကို ဝေပေးဖို့ တောင်းဆိုထားတာရှိတယ်။ အဲဒီတော့ ၀န်ကြီးရဲ့လမ်းညွှန်မှုနဲ့ WFP ရဲ့အကူအညီဆန်မရောက်သေးခင်စားလို့ရအောင် သူတို့အတွက်တော့ အခမဲ့နဲ့ ၂-၃ရက်စာဝေပေးသွားမှာပါ” ဟု ပြောသည်။
အခုလို တစ်အိတ် ၃၀၀၀၀ ကျပ်ဖြင့် ခွဲတမ်းကျ ၀ယ်ယူလို့ရသည့်အတွက် အလွန်၀မ်းသာကြောင်းကို ဒေသခံ ဦးနန်းပ(အမည်လွဲ)ကလည်း ခူမီးမီဒီယာသို့ ပြောသည်။
“ဟိုတစ်ခါလည်း လူတစ်ဦး လေးပြည်လားမသိဘူး တစ်အိတ် ၃၅၀၀၀ကျပ်နဲ့ရောင်းပေးတော့ ကျွန်တော့်မိသားစုက ၅ယောက်ရှိတဲ့အတွက် တစ်အိတ်နီးနီးလောက်စာ ၀ယ်လို့ရခဲ့တယ်။ စျေးသက်သာတော့ ၀ယ်နိုင်တာပေါ့။ မဟုတ်ရင် ထမင်းကို ချွေတာပြီးစားနေရတာပါ။ အခုထပ်ပြီး စျေးသက်သက်သာသာနဲ့ ၀ယ်လို့ရမယ်ဆိုတော့ ၀မ်းသာတာပေါ့ဗျာ။ စီစဉ်ပေးတဲ့တာ၀န်ရှိသူတွေ၊ ၀န်ကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ခူမီးမီဒီယာသို့ ဆိုသည်။
ပလက်ဝြမို့အတွက် ဆန်အိတ်တစ်သောင်း၊ ဘိလပ်မြေအိတ် ၁၀၀၀၀၊ သံတန် ၁၀၀တို့ကို သယ်ယူပို့ဆောင်ခွင့်ရရန် တင်ပြထားချက်အား သမ္မတရုံးမှလည်း ခွင့်ပြုချက်ရပြီဖြစ်ကြောင်း၊ သို့သော်တစ်ခြားအတားအဆီး၊ အနှောင့်အယှက်များ မကြုံရဘဲ ကောင်းကောင်းမွန်မွန်သယ်ယူ ပို့ဆောင်နိုင်ရန်ဆုတောင်းပေးဖို့ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှု၀န်ကြီး ဦးစိုးထက်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ည ချင်းခေါင်းဆောင်များနှင့် Zoon Meeting တွင် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
https://www.facebook.com/khumimediagroup/posts/3737059143005341?__cft__[0]=AZWyUEvEDx85yXiRNKGr_YnxvFSO_E7pf9ANoAkJQ9W2jDJfmOISU8fsJ6OnKxhs3S37BCJ87kXF3VsdszXrVzm0Ke3CheN0gi0f2jUZPBj92xa4AB5lYBtovfYlVgEE_1DOrgkH7xqZDkPb3-ap4Ht3&__tn__=%2CO%2CP-R
No comments:
Post a Comment