Wednesday, November 25, 2020

အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး၌ မြန်မာက အိမ်ရှင်အဖြစ်ဆောင်ရွက်ရမည့် ဥက္ကဌတာဝန်များအား လွှဲပြောင်းရယူ

 (၂၁)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး၌ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ဥက္ကဌ တာဝန်များအား လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက Virtual Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက်အာဆီယံ ကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (21 st ASEAN Chiefs of Army Multilateral Metting-ACAMMXXI) အားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Brigadier General Haji Muhammad Haszaimi bin Bol Hassan က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတက်ရောက်ခဲ့သည့် ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများက ''COVID-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော စံနှုန်းသစ်များနှင့်အညီ ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုများ၏အရွေ့ကို ကိုင်တွယ်ဖြေရှင်းရန်အာဆီယံ ကြည်းတပ်များ၏ ပေါင်းစည်းမှုနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှု'' ခေါင်းစဉ်တို့နှင့် ပတ်သက်၍နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးခဲ့ကြသည်။ထို့နောက် ဘရူနိုင်းတပ်မတော်၊ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားပြီး (၂၂)ကြိမ်မြောက်အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(ACAMM XXII)၊ (၃ဝ)ကြိမ်မြောက်အာဆီယံတပ်မတော်(ကြည်း) များသေနတ်ပစ်ပြိုင်ပွဲ(AARM XXX)၊(၁ဝ) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များ အစည်းအဝေး(ASMAM X) နှင့် သုံးကြိမ်မြောက်အာဆီယံသတင်းအချက် အလက်မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ(AAISW III)တို့ကို အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်မည့် မြန်မာ့တပ်မတော်သို့ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တာဝန်လွှဲပြောင်းပေးအပ်မှုနှင့်အတူ AARM အလံ၊ ACAMM Stand နှင့် ASMAM ကျိုးတို့ကိုဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်းက မြန်မာ့တပ်မတော်ကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ နောက် မြန်မာနိုင်ငံအကြောင်းမိတ်ဆက်ဗီဒီယိုကို ပြသပြီး မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://myanmar.mmtimes.com/news/147274.html

No comments:

Post a Comment