Wednesday, November 4, 2020

မုံရွာမြို့တွင် လက်လုပ်မိုင်းတွေ့

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီးပေါ်မှ လက်လုပ်မိုင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 


အဆိုပါ လက်လုပ်မိုင်းကို အိုးဘိုတောင်ရပ်ကွက်၊ သစ်လုပ်ငန်းဝန်ထမ်းရိပ်သာအတွင်းရှိ မော်တော်ယာဉ်နောက်ခန်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်လုပ်မိုင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တပ်မတော်မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ စနစ်တံမပါသော လက်လုပ်မိုင်းသေဖြစ်ပြီး မပေါက်ကွဲနိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းလက်လုပ်မိုင်းသေတွင် key pard ဖုန်းတစ်လုံး၊ power bank တစ်ခုတို့ တပ်ဆင်ထားပြီး မုံရွာမြို့မှာ ယင်းသို့ လက်လုပ်မိုင်းသေ ထားရှိပြီး အများပြည်သူအထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

http://thevoicemyanmar.com/news/44321-min

No comments:

Post a Comment