Monday, November 2, 2020

ကျောက်ဖြူဒေသခံ ခြောက်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေ ပြော

 ကျောက်ဖြူဒေသခံ ခြောက်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေ ပြော

2020-11-03အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာကိုသွားတဲ့လမ်းကို ၂၀၁၉ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာကိုသွားတဲ့လမ်းကို ၂၀၁၉ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်

Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာက ဒေသခံ အမျိုးသား ခြောက်ဦးကို နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၂ နာရီလောက်က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အသက် ၅၅ နှစ်အရွယ် ဦးလှမောင်၊ အသက် ၂၂ နှစ်အရွယ် ကိုမောင်ထွန်းကြည်၊ အသက် ၂၀ ခန့်အရွယ် ကိုမောင်ချလုံး၊ အသက် ၁၇ နှစ်အရွယ် ကိုမောင်မြင့်အောင်၊ အသက် ၃၀ ခန့်အရွယ် ကိုညီဌေးနဲ့ ကိုဝေတင်အောင်တို့ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


ကိုမောင်မြင့်အောင်ရဲ့ အမေဖြစ်သူ ဒေါ်မေသန်းနုက အောက်တိုဘာ ၃၀ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော် လောက်မှာ တပ်မတော်က စည်မော်ရွာထဲကို ဝင်လာချိန်မှာ အိမ်ရှေ့ကိုထွက်ကြည့်ရာကနေ ဖမ်းဆီးခံရတာ လို့ပြောပါတယ်။


ဖမ်းဆီးခံရသူ ကိုမောင်ထွန်းကြည်ရဲ့ဖခင် ဦးသာထွန်းအောင်ကလည်း ဖမ်းဆီးခံရသူ ခြောက်ဦးရဲ့ အဖေတွေနဲ့ အတူ ဓညဝတီ ရေတပ်ဌာနချုပ်ကို မေးမြန်းစုံစမ်းဖို့သွားရောက်ရာမှာ တပ်လုံခြုံရေးဂိတ်က ပေးမဝင်ဘဲ ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။


ဖမ်းဆီးခံရသူတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့မှ ပတ်သက်မှုမရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ပြောပါတယ်။


စည်မော်ကျေးရွာဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်တယ်လို့ သံသယရှိသူတွေကို တပ်မတော်က ခေါ်ယူစစ်ဆေးတာတွေရှိပါတယ်။


အခုလိုစစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်းအရဆောင်ရွက်ပြီး အပြစ်မရှိသူကို ပြန်လွှတ်ပေးသလို တစ်စုံတစ်ရာ အပြစ်ရှိရင်လည်း ဥပဒေနဲ့အညီအရေးယူဖို့ ရဲလက်ထဲ လွှဲပြောင်းပေးတာတွေ လုပ်ဆောင်တယ်လို့ တပ်မတော် ပြောခွင့်ရသူတွေက ပြောဆိုထားပါတယ်။


https://www.rfa.org/burmese/news/kyaukphyu-simaw-villagers-arrested-11032020073025.html

No comments:

Post a Comment