Thursday, November 5, 2020

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

 မြန်မာဌာန | သတင်းများ


ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

2020-11-06အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

၂ဝ၂ဝ နိုဝင်ဘာ ၆ ရက်နေ့က ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲအပြီး မြင်ကွင်း။

၂ဝ၂ဝ နိုဝင်ဘာ ၆ ရက်နေ့က ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲအပြီး မြင်ကွင်း။

Photo: Bago Weekly Journal

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဗုံးပေါက်ကွဲချိန်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ က ပြောပါတယ်။


ဒီနေ့တပ်မတော်သားတွေ ကြိုတင်မဲပေးနေတာကို သွားရောက်ကြည့်ရှုချိန် ကော်မရှင်ရုံးက ပြန်အထွက် ဆင်ဝင်အောက်မှာ ပေါက်ကွဲတာလို့ ဦးညွန့်ရွှေက ပြောပါတယ်။ ကော်မရှင်ရုံးကို လုံခြုံရေးယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။


ပဲခူးခရိုင် ဒုတိယ ရဲမှူးကြီး ဦးအောင်ခိုင် ကို RFA က ဆက်သွယ်ခဲ့ရာမှာတော့...


“ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။ အဲဒါပဲ ပြောနိုင်ပါတယ်” လို့ ပြောပါတယ်။


-----------------


(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)


https://www.rfa.org/burmese/news/bomb-blasting-in-pegu-election-commission-office-11072020100610.html

No comments:

Post a Comment