ဒိန်းမတ်နိုင်ငံအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်းအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း ဦးဆောင်ကော်မတီ၏ ၈ ကြိမ်မြောက် အစည်း အဝေးကို အောက်တိုဘာလ နောက်ဆုံးအပတ်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းအပြီးသတ်ရေး မဟာဗျူဟာနှင့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်းစီမံချက်များ ပြုစုရန်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်သူ ၈ အုပ်စုနှင့်အတူ ပြုစုထားသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း၏ ပူးပေါင်းစီမံခန့်ခွဲမှု သဘောတူညီချက်များကို သက်ဆိုင်ရာသို့ ဆက်လက်တင်ပြအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့နှင့် သဘောတူညီမှု ရယူထားပြီးဖြစ်သည့် စံသတ်မှတ်ထားသော လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေး လုပ်ငန်းစဉ်မူဘောင်နှင့်အတူ SCF က စီမံချက်ရေးဆွဲထားသည့် နိုင်ငံပိုင်ရေပိုင်နက်အတွင်းရှိ ရေလုပ်ငန်းများ စုံစမ်းစစ်ဆေးရေးစီမံကိန်းသည် အနာဂတ်ကမ်းရိုးတန်း ရေလုပ်ငန်းစီမံခန့်ခွဲမှု အသိပညာပေးရေးနှင့် ဥပဒေတည်ရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ယင်းဌာန ထံမှသိရသည်။
မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်းသည် ပင်လယ်ပြင်ရေလုပ်ငန်းဥပဒေများ ပြဋ္ဌာန်းအသက်သွင်းမှုကို အကျိုးပြုပေးနိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းရေပြင် အခြေအနေအတွက် အထူးတည်ဆောက်ထားသည့် စစ်ဆေးရေး ရေယာဉ်နှစ်စင်း ဝယ်ယူအသုံးပြုခဲ့ရာ လက်ရှိအလွန်အကျွံ ငါးထုတ်ယူနေသည့် အဓိကရေပိုင်နက် ပြင်ပနယ်ပယ်များကို ခွဲခြားသတ်မှတ်နိုင်ရန် VMS ဒေတာများ အသုံးပြုနိုင်မည်ဖြစ်ကာ ငါးလုပ်ငန်းဦးစီးဌာန၏ ပင်လယ်ပြင်ရေလုပ်ငန်းများ အပေါ်စီမံခန့်ခွဲမှုအတွက် တိကျစွာတိုင်းတာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
http://thevoicemyanmar.com/index.php/news/44282-kai
No comments:
Post a Comment