ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ် မန်ဝိန်းကြီးရွာရှိ နေအိမ်တစ်လုံးရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား
ကချင်နှင့်ရှမ်းပြည်နယ် နယ်စပ် မန်ဝိန်းကြီးရွာရှိ နေအိမ်တစ်လုံး လက်လုပ်မိုင်းဖြင့် အပစ်ခံရကြောင်း ဒေသခံနယ်မြေရဲစခန်းနှင့် လွှတ်တော်ကိုယ်စားများက ဆိုသည်။
မိုင်းကွဲမှုဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန်ဝိန်းကြီးရွာ ဦးထွန်းခင်၏ နေအိမ်ခြံဝင်းအ ဝင်တံခါးပေါက်တွင် ဆိုင်ကယ်ဖြင့်လာချသွား သည့်အခြေအနေဖြစ်ကြောင်း မန်ဝိန်းကြီးနယ် မြေရဲစခန်းမှစခန်းမှူး ချွဲဘူမနားက ဆိုသည်။
၎င်းက “ပေါက်ကွဲသံကြားတာနဲ့ အုပ်ချုပ်ရေးမှူးတွေဆီ ဆက်တယ်။ ကျွန်တော်တို့ နဲ့ တစ်မိုင်လောက်ဝေးပါတယ်။အိမ်ရှင်အမျိုးသားကတော့ တစ်လလောက်ကတည်းက ဖရဲခင်း ဝင်သွားတယ်။ ပေါက်ကွဲတာကတော့ ခြံ တံခါးမှာ ပစ်သွားတာပေါ့။ တစ်ပေလောက် ပျက်စီးသွားတယ်။ ယမ်းစတွေ တွေ့တယ်။ အိမ်မှန် တစ်ချပ်ကွဲတယ်။ ဒေသခံတပ်မတော် တပ်ရင်းအဖွဲ့တွေ ရဲတပ်ဖွဲ့တွေနဲ့ သွားရှင်းခဲ့ ပါတယ်။ လက်လုပ်မိုင်းကွဲတာပါ။ စစ်ဆေး ချက်အရတော့ ဘာကြောင့်ဆိုတာ မပြောနိုင် သေးဘူး။ ကျွန်တော်တို့ စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မန်ဝန်းကြီးဒေသခံ လွှတ်တော်ကိုယ်စား လှယ်ဖြစ်သူ ဦးစိုင်းအေးမင်းက “မိသားစုက တောင်သူလုပ်စားကြတာပါ။ ကုန်သယ်တဲ့အသိုင်းအဝိုင်းကလည်း မဟုတ်ပါဘူး။ မိသားစုကလည်း အခြားသူတွေနဲ့ ရန်ငြိုးရန်စလည်း မရှိဘူး။ အိမ်ထောင်ဦးစီးတဲ့ အမျိုးသားက ဖရဲခင်းလုပ်တာ တစ်လလောက်ရှိပါပြီ။ကျွန်တော်တို့ကတော့ မှားများပစ်တာလားလို့ယူ ဆတယ်။ မိသားစုက အမျိုးသမီးတွေပဲကျန် တော့ ကြောက်လန့်သွားတာပေါ့။ ရပ်ရွာနဲ့နေ တာဆိုတော့ အားလုံးဝိုင်းစောင့်ရှောက်ကြပါ တယ်” ဟု ပြောကြားသည်။
မန်ဝိန်းကြီးရွာတွင် ၂၀၁၀ တစ်ကျော့ပြန် စစ်ပွဲများအတွင်း ကျေးရွာအတွင်းနှင့် အနီးဝန်းကျင်တွင် ၂၀၁၄ ခုနှစ်ဝန်းကျင်အထိ မိုင်းပေါက်ကွဲမှုများရှိခဲ့သော်လည်း လူနေအိမ် နှင့်ဝေးခြင်း၊ စစ်ကြောင်းနှင့် လုံခြုံရေးကင်း များကို ထောင်သည့်အခြေအနေများသာဖြစ် ပြီး ယခုအကြိမ်မှာ လူနေအိမ်ကို ပထမဆုံးအ ကြိမ် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲသည့်အခြေ အနေဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
https://news-eleven.com/article/198410

No comments:
Post a Comment