Sunday, November 1, 2020

တပ္မေတာ္စစ္ေၾကာင္းမွ ဖမ္းဆီးေခၚေဆာင္ခံရသူ မင္းျပားကံေဖေက်းရြာသားမ်ား ျပန္လြတ္လာ

 တပ္မေတာ္စစ္ေၾကာင္းမွ ဖမ္းဆီးေခၚေဆာင္ခံရသူ မင္းျပားကံေဖေက်းရြာသားမ်ား ျပန္လြတ္လာ 

ေဆာင္းဇာျခည္

နိရဥၥရာ၊ ႏုိဝင္ဘာ ၂/ ၂၀၂၀

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ကံေဖေက်းရြာမွ တပ္မေတာ္စစ္ေၾကာင္းတစ္ခုမွ  ဖမ္းဆီးေခၚေဆာင္ခံရသည့္  ရြာသား ၄ ဦးမွာ ယေန႔ ညေနက ျပန္လြတ္လာသည္ဟု ေက်းရြာသားမ်ားက ေျပာသည္။  

လြတ္ေျမာက္လာသည့္ ေက်းရြာသား ၄ ဦးမွာ ဦးအျဖဴ (၆၀) ႏွစ္၊ ဦးေမာင္သန္း (၄၆) ႏွစ္၊ ဦးေအာင္စိန္ (၇၀) ႏွစ္ႏွင့္ ဦးဝင္းေမာင္ေခ် (၄၅) ႏွစ္တုိ႔ျဖစ္ၾကသည္။ 

ယေန႔ နံနက္ ၇ နာရီခန္႔က အင္အား ၁၅၀ ခန္႔ပါသည့္ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ေက်းရြာအတြင္း ဝင္ေရာက္လာခဲ့ၿပီးေနာက္ ၎တုိ႕ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ကံေဖေက်းရြာမွ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ျမင့္ရီက ယေန႔ ညေန ၆ နာရီခန္႔က နိရဥၥရာကို ေျပာသည္။

“ ဒီေန႕ည ၄ နာရီေလာက္မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။ အားလံုး ရြာကို ျပန္ေရာက္လာၾကတယ္။ ဒါေပမယ့္ အနီးအနားမွာ စစ္ေၾကာင္းေရာက္ေနတယ္လို႕ သတင္းရတဲ့ အတြက္ ကံေဖေက်းရြာသားေတြ ထပ္မံ ထြက္ေျပးေနၾကပါတယ္။ အဲဒီလူေလးေယာက္လည္း ေရွာင္ေနၾကတယ္” ဟု ၎က ေျပာသည္။ 

အိမ္ေျခ ၄၆ ေဆာင္ႏွင့္ လူဦးေရ ၁၈၀ ခန္႔ရွိၿပီး ယင္းထဲမွ ေက်းရြာသား ၁၅၀ ေက်ာ္မွာ ယေန႔ ညေန ၅ နာရီခန္႔က ေျမာက္ဦးၿမိဳ႕နယ္၊ ေျမာင္းေဘြေက်းရြာသို႔ ထြက္ေျပးတိမ္းေရွာင္သြားၾကသည္ဟု ဆုိသည္။

ေက်းရြာအတြင္း သက္ႀကီးရြယ္အို  ၂၀ ေက်ာ္ခန္႔သာ က်န္ရွိေနခဲ့ေၾကာင္း ဦးေမာင္ျမင့္ရီက ေျပာသည္။

“ အဲဒီမနက္က ရြာကိုေရာက္လာတဲ့ စစ္သား တစ္ရာေက်ာ္ေလာက္က အခု ဘူးတစ္လံုး မူဆလင္ရြာမွာ ငါးဆယ္ေက်ာ္ေလာက္ေရာက္ေနတယ္။ အဲဒီ ငါးဆယ္ေက်ာ္က ကြ်န္ေတာ္တုိ႔ရြာဘက္ကို ျပန္လွည့္လာဖို႔ အေျခေနရွိေနတယ္။ အဲဒါေၾကာင့္ ရြာသားေတြက ခဏတျဖဳတ္ထြက္ေျပးေနၾကတယ္။ မိန္းမေတြ၊ ကေလးေတြလည္း ပါပါတယ္။ ရြာမွာက ၂၀ ေက်ာ္ေလာက္ပဲ က်န္ခဲ့တယ္။”

ေျမာက္ဦးၿမိဳ႕နယ္၊ ဘူးတစ္လံုး (မူဆလင္) ေက်းရြာမွာ ကံေဖေက်းရြာ၏ အေနာက္ေျမာက္ေထာင့္ ၁ မိုင္ခြဲခန္႔တြင္ တည္ရွိၿပီး ေျမာက္ဦးၿမိဳ႕နယ္၊ ေျမာင္းေဘြေက်းရြာမွာ ကံေဖေက်းရြာ၏ ေျမာက္ဘက္ ၂ မိုင္ခန္႔အကြာ၌ တည္ရွိေၾကာင္း ေက်းရြာသားမ်ား ေျပာျပခ်က္အရ သိရသည္။

“မင္းျပားဘက္က ေနာက္တစ္စစ္ေၾကာင္းတစ္ခု ဒီညေန ၅ နာရီေလာက္မွာ ဆင္းလာတယ္လို႔ ၾကားပါတယ္။ အဲဒါေတြေၾကာင့္ ရြာသားေတြက ထြက္ေျပးသြားၾကပါၿပီ။ အခုအခ်ိန္က တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္ဖို႔ အရမ္းခက္ခဲပါတယ္။ ကြ်န္ေတာ္တုိ႔လည္း ေရွာင္ေနၾကရပါတယ္။” ဟု ကံေဖေက်းရြာမွ ေဒသခံရြာသားတစ္ဦးက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္အား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါ။

------------------------  

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ မင်းပြားကံဖေကျေးရွာသားများ ပြန်လွတ်လာ 

ဆောင်းဇာခြည်

နိရဥ္စရာ၊ နိုဝင်ဘာ ၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကံဖေကျေးရွာမှ တပ်မတော်စစ်ကြောင်းတစ်ခုမှ  ဖမ်းဆီးခေါ်ဆောင်ခံရသည့်  ရွာသား ၄ ဦးမှာ ယနေ့ ညနေက ပြန်လွတ်လာသည်ဟု ကျေးရွာသားများက ပြောသည်။  

လွတ်မြောက်လာသည့် ကျေးရွာသား ၄ ဦးမှာ ဦးအဖြူ (၆၀) နှစ်၊ ဦးမောင်သန်း (၄၆) နှစ်၊ ဦးအောင်စိန် (၇၀) နှစ်နှင့် ဦးဝင်းမောင်ချေ (၄၅) နှစ်တို့ဖြစ်ကြသည်။ 

ယနေ့ နံနက် ၇ နာရီခန့်က အင်အား ၁၅၀ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်း ဝင်ရောက်လာခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကံဖေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရီက ယနေ့ ညနေ ၆ နာရီခန့်က နိရဥ္စရာကို ပြောသည်။

“ ဒီနေ့ည ၄ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အားလုံး ရွာကို ပြန်ရောက်လာကြတယ်။ ဒါပေမယ့် အနီးအနားမှာ စစ်ကြောင်းရောက်နေတယ်လို့ သတင်းရတဲ့ အတွက် ကံဖေကျေးရွာသားတွေ ထပ်မံ ထွက်ပြေးနေကြပါတယ်။ အဲဒီလူလေးယောက်လည်း ရှောင်နေကြတယ်” ဟု ၎င်းက ပြောသည်။ 

အိမ်ခြေ ၄၆ ဆောင်နှင့် လူဦးရေ ၁၈၀ ခန့်ရှိပြီး ယင်းထဲမှ ကျေးရွာသား ၁၅၀ ကျော်မှာ ယနေ့ ညနေ ၅ နာရီခန့်က မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဆိုသည်။

ကျေးရွာအတွင်း သက်ကြီးရွယ်အို  ၂၀ ကျော်ခန့်သာ ကျန်ရှိနေခဲ့ကြောင်း ဦးမောင်မြင့်ရီက ပြောသည်။

“ အဲဒီမနက်က ရွာကိုရောက်လာတဲ့ စစ်သား တစ်ရာကျော်လောက်က အခု ဘူးတစ်လုံး မူဆလင်ရွာမှာ ငါးဆယ်ကျော်လောက်ရောက်နေတယ်။ အဲဒီ ငါးဆယ်ကျော်က ကျွန်တော်တို့ရွာဘက်ကို ပြန်လှည့်လာဖို့ အခြေနေရှိနေတယ်။ အဲဒါကြောင့် ရွာသားတွေက ခဏတဖြုတ်ထွက်ပြေးနေကြတယ်။ မိန်းမတွေ၊ ကလေးတွေလည်း ပါပါတယ်။ ရွာမှာက ၂၀ ကျော်လောက်ပဲ ကျန်ခဲ့တယ်။”

မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံး (မူဆလင်) ကျေးရွာမှာ ကံဖေကျေးရွာ၏ အနောက်မြောက်ထောင့် ၁ မိုင်ခွဲခန့်တွင် တည်ရှိပြီး မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှာ ကံဖေကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တည်ရှိကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

“မင်းပြားဘက်က နောက်တစ်စစ်ကြောင်းတစ်ခု ဒီညနေ ၅ နာရီလောက်မှာ ဆင်းလာတယ်လို့ ကြားပါတယ်။ အဲဒါတွေကြောင့် ရွာသားတွေက ထွက်ပြေးသွားကြပါပြီ။ အခုအချိန်က တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့လည်း ရှောင်နေကြရပါတယ်” ဟု ကံဖေကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

https://burmese.narinjara.com/.../5fa03baf8d5b5818df39dc17


https://www.facebook.com/narinjara.info/posts/3753089528036430

No comments:

Post a Comment