အတိုက်အခံပါတီ အလုပ် လုပ်မည်မဟုတ်ဟု တပ်မတော်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
တပ်မတော်သည် အတိုင်အခံ ပါတီ အလုပ်လုပ်မည်မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူ က ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တစ်ခုအလေးအနက်ထား ပြော ချင်တာကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေး ပါတီ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အတိုက်အခံပါတီလို မျိုး လုပ်စရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်း စာရှင်းလင်းပွဲတွင် လွှတ်တော်ထဲတွင် တပ်မတော်အနေဖြင့် အတိုက်အခံအဖြစ် တည်ရှိနေမည်လား ဆို သည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ဖြေကြာခဲ့ခြင်းဖြစ်သည်။
လွှတ်တော်အတွင်း တပ်မတော် တည်ရှိနေခြင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က “တပ်မတော်အနေနဲ့ကတော့ ကျနော်တို့ လွှတ်တော်အတွင်းမှာတော့ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အခြေခံဥပဒေက ပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေပါတယ်။ တပ်မတော်ရဲ့ တာဝန်တွေနဲ့ ပတ်သက် ပြီး အခြေခံ ဥပဒေရဲ့ အခန်း ၁ နိုင်ငံတော် အခြေခံမူများ အခန်း အခန်း ၄ ဥပဒေပြုရေး အခန်း တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ အပိုင်း အခန်း ၇ တပ်မတော်အခန်းတွေမှာ ကျနော်တို့ လေ့လာ တွေ့ ရှိနိုင်ပါတယ်။ အခြေခံဥပဒေ င နှင့် ၂၀ (စ) တို့အရတော့ တပ်မတော် အနေနဲ့ ဒို့တာဝန် အရေး သုံးပါးနဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။” ဟုပြောသည်။
တပ်မတော်အနေဖြင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း လွှတ်တော်ထဲတွင် လိုအပ်ပါက ဝေဖန် ထောက်ပြမှုများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခုနပြောခဲ့တဲ့ ပြဌာန်းချက်တွေရှိတယ်။ သို့သော် ကျနော်တို့ အနေနဲ့က လိုအပ် ချက် ရှိလာရင်တော့ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာတွေ ဥပဒေအရ အဆုံးအဖြတ်ပေးနိုင်အောင် ဆောင်ရွက်တာတွေကိုတော့ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ဝင်စရာ မလိုပဲ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းအထိ ရရှိထားသည်။
http://www.nmg-news.com/2020/11/27/12493
No comments:
Post a Comment