Tuesday, October 27, 2020

မူဆယ်မြို့ တော်ရွက်ရပ်ကွက်နဲ့အုပ်စု(၂)စုမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုလိုက်ကြောင်း UECက ထုတ်ပြန်

 မူဆယ်မြို့ တော်ရွက်ရပ်ကွက်နဲ့အုပ်စု(၂)စုမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုလိုက်ကြောင်း UECက ထုတ်ပြန်

နေပြည်တော် | မားနဂါး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရွေးကောက်ပွဲမကျင်း နိုင်တဲ့ နယ်မြေနဲ့ပတ်သက်ပြီးထုတ်ပြန်လိုက်တဲ့ မြို့နယ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက်တွေထဲမှာ မြို့ပေါ် ရပ်ကွက် တစ်ခုနဲ့ ကျေးရွာအုပ်စု(၂)စုကို ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုလိုက်ကြောင်း ဒီနေ့အောက်တိုဘာလ ၂၇ရက်ညမှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာ မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက် (၁)ခုနဲ့ လားရှိုးမြို့နယ် မယ်ဟယ်ကျေးရွာအုပ်စု၊ ကွမ်းလုံမြို့နယ် မန်ပြိန်းကျေးရွာအုပ်စု (၃)နေရာကို ရွေးကောက်ပွဲပြန်လည်ကျင်းပရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

ထုတ်ပြန်ကြေညာခဲ့တဲ့နယ်မြေတွေအနက် မူဆယ်မြို့၊ လားရှိုးမြို့နယ်နှင့်ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအုပ်စုအချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုတွေကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုကြောင်း ကြေညာ ထားတဲ့ နယ်မြေစာရင်းမှ ပယ်ဖျက်ပြီး ရွေးကောက်ပွဲများ ကျင်းပလုပ်မည်ဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

https://www.facebook.com/MarnagarMultimediaNews/photos/a.919900154705877/3955677011128161/?type=3&__xts__%5B0%5D=68.ARChnZXVRxYPJtnBveQiYRJ9veaN9LVLk-XmN_qrrFnTKHCD5Nh7M_YF6-IjRBpqLxnLKWZ54MPbct9FZz0wmKgxiN9YKAKLQSKVJEpT2r143tdMqbcmVXVwYDR81OG5T6-z92B7SCfaHhPqFZDwbUuEMxoNqJ0RCHPPHh2hkyqSbB-YMjRxxwQgOvLvKPtAz0kz9MV5lC1aAyFewCifZ62LZII-DUd7aq58lEu6yf6b1FpYRxKDjTTVe9Dq_vZcWcR1KtF8zi_NLP19h0fy_tSq5XsyThnZVG4McjsgeqLwATlk1N0Ql4XNSdcELIQemVxJvDPG8sfjmetghvbNt4H3dg&__tn__=-R

No comments:

Post a Comment