ဟိုခို တိုက်ပွဲရှောင် စခန်းမှ TNLA တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသူ လက်ရှိအချိန်ထိ ဘာသတင်းမှ မရတဲ့အတွက် မိသားစုဝင်များ စိုးရိမ်နေ
ကွတ်ခိုင် | မားနဂါး ။
၂၀၂ဝခုနှစ် စက်တင်ဘာလ၁ရရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင် ပန်လောအုပ်စု ဟိုခိုတိုက်ပွဲရှောင်စခန်းနေ အမျိုးသားတစ်ဦးကို နေထိုင်ရာ တိုက်ပွဲရှောင်းစခန်းတွင်းက နေအိမ်အထိ TNLA တပ်ဖွဲဝင်တွေက ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး လက်ရှိအချိန် တစ်လကျော်ကြာတဲ့အထိ သတင်းမကြား ပြန်လည်လွှတ်ပေးခြင်းလည်း မရှိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖမ်းဆီးခံရ သူရဲ့ ဇနီးဖြစ်သူက ဒီကနေ့ အောက်တိုဘာလ ၃ဝရက်မှာ မားနဂါးကို ပြောပါတယ်။
အဆိုပါဟိုခိုတိုက်ပွဲရှောင်စခန်းမှာ နေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ်ရှိ ဦးအိုက်မွန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲဝင် ၅ဦးဟာ အရပ်ဝတ်နဲ့ သေနတ်တွေ ကိုင်ဆောင်ပြီး စက်တင်ဘာ လ ၁၇ ရက် ည ၈း၄၀ အချိန်မှာ စခန်းအတွင်းရှိ ၎င်းရဲ့ နေအိမ်ထိ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့ကာ အကျိုးအ ကြောင်း တစ်စုံတစ်ရာ မပြောဘဲ ရိုက်နှက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူရဲ့ ဇနီးဖြစ်သူထံက သိရပါတယ်။
ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပုံ အသေးစိတ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူရဲ့ ဇနီးဖြစ်သူက
" ဖမ်းဆီးတဲ့သူနာမည်က အလုပ်(ခ)တားအေဲမ်းချှီးပါ။ အဲဒီညက ကျမက အစည်းအဝေးက ပြန်လာတော့ ကို အိုက်မွန်းက အိပ်နေတယ်၊ သူတို့က လာပြီးနိုးတယ်၊ သူတို့ လာခေါ်တဲ့အချိန်က ဘာမှလည်းမ ပြောဘူး၊ ပြီး တော့သူ့ကို သေနတ်နဲ့ချိန်တယ်၊ ကျမသမီးနဲ့သားက တအားငိုတာ။ ကျမသမီးကပြောတယ် သမီးအဖေကို လမ်းမှာ ပစ်သတ်လိုက်မှာလား၊ ကလေးက ဒီလိုပြောလည်း သူတို့က ဘာမှ မပြောဘဲ ဒီတိုင်း ခေါ်သွားတယ်" လို့ ပြောပါတယ်။
ဦးအိုက်မွန်းကို လာမဖမ်းခင်လေးမှာ ဘေးအိမ်ကိုလည်း မသင်္ကာလို့ဆိုပြီး စစ်ဆေးပြီး အိမ်ရှင်နဲ့ ကလေးတွေကို ရိုက်သွားတယ်၊ မူးယစ်ဆေးဝါးသုံးစွဲသလားဆိုပြီး စစ်ဆေးမေးမြန်းတာနဲ့ အိမ်ရှင်ဖြစ်သူနဲ့ ကလေးငယ်နှစ်ဦးကို လည်း ပါးရိုက်ခဲ့ပြီး ဖြစ်စဉ်အကြောင်းကိုလည်း ဘယ်သူမှ ပြန်မပြောရလို့ ခြိမ်းခြောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာလ ၂ဝရက်နေ့ကလည်း စခန်းတွင်းက ဦးအိုက်ဒွတ်ဆိုသူကို လက်ထိပ်ခတ် ခေါ်ဆောင်သွားခဲ့ပြီး မကြာခင်မှာပဲ လူမှားခေါ်ဆောင်မိခြင်း ဖြစ်လို့ ပြန်လည်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မိသားစုဝင်ထံမှ တဆင့် သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီးTNLAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က
"အဲကိစ္စကမသိရသေးဘူး၊ကျနော်တို့ဆီမှာ ဘာသတင်းမှမတတ်ဘူး၊ ပြန်မေးကြည့်လိုက်အုံးမယ်၊ သေချာတာ ကတော့ အကြောင်းမဲ့ ဖမ်းတာတော့ မဟုတ်ဘူူးထင်တယ်၊ တစ်ခုခုကျူးလွန်လို့ အဲလိုဖမ်းတာထင်တယ်၊ ကျ နော်တို့က အကြောင်းမဲ့ လူဖမ်းတာတစ်ခါမှမရှိဘူး" လို့ မားနဂါးကိုပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဦးအိုက်မွန်းရဲ့မိသားစုဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်း သတင်းအချက်အလက်နဲ့ လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိ လူကြီး တွေအနေနဲ့ တရားမျှတစွာ အမြန်ဆုံး ဆောင်ရွက်ဖြေရှင်းပေးစေချင်ပါတယ်လို့ ပြောဆိုပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3963818876980641?__cft__[0]=AZUYrqT4Rj5v-g6nA5NOMJxvYWVVLtOoEwWCjY3Cagsrh6rVFLEyBJlSEGTI_SZUTEs0YQXt-CryY0SUwlO2QG0uRFe00VnF-bX8SfElgFA2M10txDdPGDbjblJ35wG_3NHNuxad6ZFKepOD6CON4jZYC6jS2gCZjfEtsAQudaaagL1IYaC5CosN7qWvRJmSmp4&__tn__=%2CO%2CP-R
No comments:
Post a Comment