ပန်မွမ်းကျေးရွာ ရွာသားတစ်ဦးအရေးပေါ်ဆေးကုသရန် မြို့အဆင်း RCSS ကလမ်းပိတ်ပင်ထားမှုကြောင့် ရွာကို ပြန်လှည့်ပြန်ရ
မိုင်းကိုင် | မားနဂါး ။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ နောင်စံဖူးအုပ်စု ပန်မွမ်းကျေးရွာက ကလေးတစ်ဦး ကျန်းမာရေးအ ခြေအနေစိုးရိမ်ရပြီး ဆေးရုံသို့ ဆေးကုသရန်အတွက် အောက်တိုဘာလ ၂၈ရက်နေ့ မနက်၉နာရီအချိန်မှာ မြို့အဆင်းလမ်း မှာ RCSS တွေ လမ်းပိတ်ထားမှုကြောင့် ဆင်းခွင့်မပြုခဲ့ပဲ ရွာကိုပြန်လှည့်ပြန်ရတယ်လို့ ဆေးရုံ ကိုလိုက်ပို့ပေးဖို့ ကူညီပေးတဲ့ ပန်မွန်းကျေးရွာက ကျန်းမာရေးဆရာမထံမှ သိရပါတယ်။
ပန်မွမ်းကျေးရွာနေ အသက်(၁၄)နှစ်အရွယ် အိုက်အောင်ဟာ နေမကောင်းဖြစ်တာ ၂လနီးပါးရှိနေပြီး ရွာမှာဆေးကု သော်လည်း မသက်သာတဲ့အတွက်ကြောင့် အရေးပေါ်မိုင်းကိုင်ဆေးရုံသို့ ဆေးကုသရန်သွား နေစဉ်မှာ RCSS ဘက် မှ အထက်ကအမိန့်ချလိုက်တဲ့အတွက်ကြောင့် သွားခွင့်မပြုကြောင်း ပြောခဲ့ပါတယ်။
လူနာကို လိုက်လံကူညီပေးချိန်မှာ လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပန်မွမ်းကျေးရွာ ကျန်းမာရေးဆရာမက
"သူတို့က လာခေါ်လို့ ကူညီပေးတာ ဆေးရုံကို လိုက်ပို့ခိုင်းတာ။ သူတို့မထွက်ခိုင်းဘူး။ လူနာသွားပို့မယ်ဆို သွားလို့မရဘူးတဲ့၊ လူနာက ရွာမှာလည်းကုတယ်။ မပျောက်လို့ ဆေးရုံကိုလွှဲမလို့ သူတို့က ပိတ်ထားတယ်။ သွားလို့မရဘူးတဲ့ ဘယ်သွားသွားခွင့်မပေးရင် သွားလို့မရဘူး။ အနောက်ပြန်လှည့်ရတယ်။ အဲအရှေ့တစ်ရက်မှာ လည်း ဆေးပြန်ဝယ်မယ်ပြောတော့လည်း မသွားခိုင်းဘူး၊အပေါ်က အမိန့်ချတယ်ဆိုပြီးပြောတယ်လို့" မားနဂါးသတင်းဌာနကိုပြောပါတယ်။
စက်တင်ဘာလကတည်းက လမ်းတွေပိတ်ထားပြီး ၅ရက်မှာ တစ်ရက်သာဖွင့်ပေးပြီး လမ်းမှာ ၄ဦး တခါတ လေ ၅ဦး စောင့်လေ့ရှိပြီး လူနာအခြေအနေမကောင်းရင် အချိန်မရွေး ပို့ရတဲ့အတွက်ကြောင့် အခက်အခဲကြုံတွေ့နေ ရတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
လမ်းပိတ်ပင်လိုက်တဲ့အပေါ်မှာလည်း မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်ကလည်း
"ခုလောလောဆယ် (၅)အုပ်စု ပိတ်ထားပြီး အရင်တုန်းက တော့ သူတို့ပိတ်ထားလည်း အကျိုးအကြောင်းပြောရင် ပြန်ဖွင့်ပေးတယ်။ ဒီနောက်ပိုင်းမှာ အကျိုးအကြောင်းရှိလည်း ပြန်မဖွင့်ပေးဘူး။ အမှန်ဆို သူတို့က လူနာအခြေ အနေနဲ့ အရေးပေါ် နားလည်မှုနဲ့ လွှတ်ပေးသင့်တယ်။ ခုတော့ လုံးဝကို မလွှတ်ပေးတော့ဘူး။ (၃)လပိတ်မယ်လို့ ပြောတယ်။"လို့မားနဂါးသတင်းဌာနကိုပြောပါတယ်။
အသွားအလာပိတ်ပင်ထားခံရတဲ့ အုပ်စု (၅)အုပ်စုကတော့ နောင်စံဖူးအုပ်စု၊ စုံလောအုပ်စု ၊ ခေးအုံအွေ့အုပ်စု၊ ဖာခေါင်အုပ်စုနဲ့မိုင်းယွန်းအုပ်စု တွေဖြစ်ကြပြီး ကျေးရွာစုစုပေါင်း(၅၀)ကျော်ရှိတယ်လို့ သူကဆက်ပြောခဲ့ပါ တယ်။
မိုင်းကိုင်ကျေးရွာအုပ်စုတွေမှာ အသွားအလာကန့်သတ်ပိတ်ပင်တာနဲ့ပတ်သက်ပြီး မားနဂါးသတင်းဌာနမှ RCSS တပ်ဖွဲ့ ဒုတိယ-ဗိုလ်မှူးကြီး စိုင်းအွမ်ခေးကို အကြိမ်ကြိမ်ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
https://www.facebook.com/MarnagarMultimediaNews/posts/3963422993686896?__xts__%5B0%5D=68.ARA_-4DxeMzOexuOM02XNNYKyW1MLCefjykinT8yozKnQS4md1ovOVev0701FU9K1azs50---IS5LENoEEO-Dwa8ygxi_cRU9Dwh52kJC2IptSna2deFWx36PK5sZzJtx3nOWwlv1UEk1k7B0DU61H8GpHdUm-U_PEqy6eycftHSKk6LWNVH0x5mqlR_02EnOpZ1EVUVPRllPfOfiXbMpFnFdgk_rLYtXBdS_Tm3grjrJEvmzylOxER0mMTIKGeFgkP7mLvYziYu-MwPYH5bmvbLRqE9jyuqpXr7Vp3kQgEiEYShTmY5sffLFtbaa7cLVmABw-HFcI2_pVRXGQh3MIeRzQ&__tn__=-R
No comments:
Post a Comment