ရခိုင်စစ်ဘေးရှောင် နှစ်သိန်းနှစ်သောင်းကျော်သွားပြီဟု REC ထုတ်ပြန်
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ အောက်တိုတာ ၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အရေအတွက်မှာ ၂၂၆၈ဝ၄ ( နှစ်သိန်းနှစ်သောင်းခြောက်ထောင်ရှစ်ရာလေး) ဦးရှိသွားပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး( REC)က အောက်တိုဘာ ၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
၎င်းစစ်ဘေးရှောင်စာရင်းထဲတွင် စခန်းတွင် နေထိုင်သူ အရေအတွက်မှာ ၇၇၉၄၄ ဦးရှိပြီး စခန်းပြင်ပ နေထိုင်သည့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေပေါင်းမှာ ၁၄၈၈၆ဝ ဦးရှိသည်။
စခန်းထဲတွင် နေထိုင်သည့် ၇၇၉၄၄ ဦးအထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၆ဝ၈ ဦး၊ ကျောက်တော်မြို့နယ် ၁၆၇၈၆ ဦး၊ မြောက်ဦးမြို့နယ် ၁၉ဝ၇၈ ဦး၊ မင်းပြားမြို့နယ် ၂၅ဝ၄ ဦး၊ မြေပုံမြို့နယ် ၂၅၇၈ ဦး၊ အမ်းမြို့နယ် ၁၈၂၉ ဦး၊ ရသေ့တောင်မြို့နယ် ၁၅၇၃၄ ဦး၊ ဘူးသီးတောင်မြို့နယ် ၆၅၄၉ ဦး၊ ပေါက်တောမြို့နယ် ၅၅၄ ဦး၊ စစ်တွေမြို့နယ် ၆၇၂၄ ဦးတို့ ဖြစ်ကြသည်။
စခန်းပြင်ပ နေထိုင်သည့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေပေါင်းမှာ ၁၄၈၈၆ဝ ဦးအထဲတွင် ပုဏ္ဏားကျွန်း မြို့နယ်တွင် ၅၇၇၃ ဦး၊ ကျောက်တော်မြို့နယ် ၁၉ဝ၆၇ ဦး၊ မြောက်ဦးမြို့နယ် ၁၃၈၅ဝ ဦး၊ မင်းပြားမြို့နယ် ၁၆၂၂၇ ဦး၊ မြေပုံမြို့နယ် ၆၈၂၁ ဦး၊ အမ်းမြို့နယ် ၁ဝ၁၁၉ ဦး၊ ရသေ့တောင်မြို့နယ် ၄၂၉၉၃ ဦး၊ ဘူးသီးတောင်မြို့နယ် ၂၈၁၈၂ ဦး၊ ပေါက်တောမြို့နယ် ၂၁၉၉ ဦးနှင့် စစ်တွေမြို့နယ် ၂၆၂၁ ဦးတို့ ဖြစ်ကြသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ၏ထုတ်ပြန်ချက်ထဲတွင် မြို့နယ်အလိုက်ရှိ စစ်ဘေးရှောင်စခန်းများ တည်နေရာနှင့် ရှိနေသည့်လူဦးရေနှင့် စခန်းပြင်ပ နေထိုင်သည့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေနှင့် ကျေးရွာအမည်များကို စာရင်းအတိအကျနှင့် တကွဖော်ပြထားသည်။
------------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုတာ ၂/၂ဝ၂ဝ
https://burmese.narinjara.com/.../5f76992752e60167cbc949ab
https://www.facebook.com/narinjara.info/posts/3658297054182345
No comments:
Post a Comment