Thursday, October 1, 2020

NLD အစိုးရလက်ထက်တွင် ကလေးစစ်သားပပျောက်ပြီးဖြစ်ကြောင်း ကြေညာ

 NLDအစိုးရလက်ထက်တွင် ကလေးစစ်သားပပျောက် ပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည် ထူထောင်ရေးဦးစီးဌာန ယခုစက်တင်ဘာလအတွင်း အစိုးရ၏လုပ်ဆောင်ချက်များ ကဏ္ဍတွင်ဖော်ပြထားသည်။

NLD အစိုးရသည် စစ်တပ်များတွင် ကလေးစစ်သားများ စုဆောင်းထားရှိမှု ရပ်တန့်နိုင်စေရန်နှင့် ကလေးစစ်သားများကို နေရပ်ထံပြန်လည်ပေးရေးကို UN အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ INGO အကူအညီများဖြင့် ပူးတွဲလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ကလေးစစ်သားများ၊ မိသားစုနှင့်ဘဝသစ် စတင်နိုင်ရန်၊ လူမှု-စီးပါွး ပြန်လည်ဝင်ဆန့်ပေါင်းစည်းရေး စီမံချက်အစီအစဉ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည် ။ ကလေးစစ်သားများပညာသင်ကြားနိုင်ရေး သက်မွေးဝမ်းမှု သင်တန်းများကိုသာမက မိသားစု ဝင်ငွေတိုး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ရရန် ဆောင်ရွက်ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနသတင်းဖော်ပြချက်များအရ သိရသည်။

ကလေးစစ်သားဘဝမှ လွတ်မြောက်လာခဲ့သည့် ကလေးများကို ထောက်ပံ့ရာတွင် ၂၀၁၆ ခုနှစ်တွင် သိန်း ၂၃၀ ၊၂၀၁၈ ခုနှစ်တွင် ၃၇၅ သိန်းထောက်ပံ့ခဲ့ပြီး ၊ ၂၀၂၀ ခုနှစ်တွင် သိန်း ၃၀၀အထိ ထောက်ပ့ံ့ခဲ့သည်။ ကလေးစစ်သားအသုံးချနေမှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ရာတွင် ၂၀၁၆ ခုနှစ်တွင် ၁၁၅ ဦးအထိ ထိန်း
သိမ်းနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နောက်ဆုံး လက်ကျန် ၂၆ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ကလေးစစ်သား ပပျောက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။


http://www.theladiesnewsjournal.com/news/thu-2020-10-01-1100/13686

No comments:

Post a Comment