ICRC အငှားမော်တော်စက်လှေမှ ဒဏ်ရာပြင်းထန်သူနှစ်ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ
(ဓာတ်ပုံသတင်း)
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၉ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီး မယူမြစ်ထဲတွင် ယမန်နေ့က ICRC အငှားမော်တော်စက်လှေတစ်စီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရပြီးနောက်မီးလောင်မှုကြောင့် ဒဏ်ရာပြင်းထန်သူနှစ်ဦးသည် ယနေ့ညနေက ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ရောက်ရှိလာခဲ့သည်။
၎င်းတို့နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် စနဲကျေးရွာမှ ဦးမောင်သန်းဝေ (၄၃ နှစ်)နှင့် မြောက်ဦးမြို့နယ်မှ ဦးလှဝင်းမောင် (၅ဝ နှစ်)တို့ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်တွင် မီးလောင်သော ဒဏ်ရာများကို ပြင်းထန်စွာခံစားနေရသဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်လာရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနေ့ကဖြစ်စဉ်ကြောင့် ပုဏ္ဏားကျွန်းမြိ့နယ်မှ အသက် ၁၈ နှစ်အရွယ် ကိုမောင်ချေသည် စက်လှေပေါ်တွင် မီးလောင်သေဆုံးသွားခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုကံအေးမောင် (၂၂ နှစ်)လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
----------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၂၉ / ၂ဝ၂ဝ
https://www.facebook.com/narinjara.info/posts/3740086562670060
No comments:
Post a Comment