Wednesday, October 28, 2020

ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူနှစ်ဦးအနက် တစ်ဦးလွတ်မြောက်လာ

 ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူနှစ်ဦးအနက် တစ်ဦးလွတ်မြောက်လာ

အိမ်စိုးဖြူ

နိရဉ္စရာ၊ အောက်တိုဘာ ၂၉ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူ နှစ်ဦးအနက်ယနေ့ တစ်ဦးလွတ်မြောက်လာသည်ဟု သတင်းရရှိသည်။

လွတ်မြောက်လာသူမှာ ဦးဦးသာဇံ( ၆၄)နှစ်ဖြစ်ပြီး နောက်တစ်ဦးဖြစ်သူ ဦးဦးသိန်းမောင်(၇၁)နှစ်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

လွတ်မြောက်လာသူ ကာယကံရှင် ဦးသာဇံက “ခေါ်ယူသွားတာကတော့ တောထဲကိုပါ။ မျက်နှာတွေ ဖုံးပြီး ခေါ်သွားတယ်။ AA အဖွဲ့အစည်းကပါ။ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီးခေါ်သွားတာပါ။ စစ်တာက တပ်တို့ ဘာတို့နဲ့ အဆက်အသွယ် လုပ်တယ်လို့ကြားတယ်ဆိုပြီး ခေါ်သွားတာပါ” ဟုပြောသည်။

၎င်းတို့ နှစ်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့  နံနက် ၉ နာရီ အချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ အပါအဝင် အစိုးရဌာနမှ ဘေးစီမံ ဝန်ထမ်းအချို့နှင့် ရေပိုက်ဆုံသို့ ကယ်ဆယ်ရေးသွားပေးစဉ် ငလပြားဆိပ်ကမ်းတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့သည်။

“ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ  ပြန်လည် လွတ်မြောက်ပြီး အိမ်ကို ရောက်ရှိလာပါတယ်။ ကျွန်တော်တို့ကို တိုင်တဲ့လူတွေရှိလို့ ခေါ်စစ်တာလို့ သိရပါတယ်။ ကျွန်တော်တို့ကို လူကြီးတွေဖြစ်လို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျွန်တော့်ကိုလည်း ကျူးလွန်တဲ့ဟာမရှိလို့ ပြန်လွတ်လာတာလို့ ထင်တယ်။ ဦးဦးသိန်းမောင်က ကျန်းမာရေး နည်းနည်း အားနည်းလို့ သူကို မလွှတ်တာပဲဖြစ်လိမ့်မယ်။ ကျွန်တော်ကိုတော့ အခုရဲကတော့ ဖြစ်စဉ်တွေလာမေးနေပါတယ်” ဟုပြောသည်။

ဦးဦးသာဇံသည် ဖမ်းဆီးပြီး ၉ ရက်ကြာမှ ပြန်လွတ်လာခြင်း ဖြစ်သည်။

------------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ အောကျတိုဘာ ၂၉ /၂ဝ၂ဝ







https://burmese.narinjara.com/.../5f9ac2088d5b5818df39dbe...

ရသေ့တောင်မြို့မှ AA က ဖမ်းဆီးသွားသူနှစ်ဦးအနက် တစ်ဦးလွတ်မြောက်လာ


https://www.facebook.com/narinjara.info/posts/3740053742673342

No comments:

Post a Comment