ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦး ထောင်၂ နှစ်ချမှတ်ခံရ၊ ကျောင်းသားတွေဖမ်းဆီးခံရပေမယ့် လှုပ်ရှားမှုဆက်လုပ်မယ်လို့ ဗကသပြောဆို
နိရဉ္စရာ၊ အောက်တိုဘာ ၄/၂ဝ၂ဝ
ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦး ထောင် ၂ နှစ်ချမှတ်ခံရတဲ့အပြင် ကျောင်းသား တွေကို ဆက်တိုက်ဖမ်းဆီးခံရတာရှိပေမယ့် ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး ဆက်လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်မယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ကြေညာလိုက်တယ်လို့ သိရပါတယ်။
ထောင် ၂ နှစ်ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကတော့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်နဲ့ သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ ဖြစ်ကြပါတယ်။
သူတို့ကို စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (က) ၊ (ခ) တို့ဖြင့် အောက်တိုဘာ ၂ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို ပြောဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိနေတဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ဗကသ ကျောင်းသား အများအပြား ဖမ်းဆီးခံထားရပေမယ့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မကြာမီကာလအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောဆိုပါတယ်။
“ ကျွန်တော်တို့အနေနဲ့ ဒါကိုတော့ ကြိုပြီးတွက်ထားတယ်။ အဖမ်းခံရမယ်။ ဝရမ်းထုတ်ခံရမယ်။ ပြေးရမယ်လွှားရမယ်ဆိုတာ ကြိုပြီးသိတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေကို တစ်နည်းမဟုတ်တစ်နည်း ဆက်လုပ်သွားမှာပါ” လို့ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုပါတယ်။
အခု ထောင်ချခံရတဲ့ ကျောင်းသား ၂ ဦးအပါအဝင် ကျန်တဲ့ရဲဘော် ၁၃ ဦးကို ချမ်းအေးသာဇံ မြို့နယ်တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ သဘာဝဘေးအန္တရာယ်ဥပဒေ ပုဒ်မ ၂၅ နဲ့လည်း စွဲထားတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးထောင်ချမှုတွေ ရှိနေပေမယ့် မနေ့က အောက်တိုဘာ ၃ ရက်နေ့မှာ မန္တလေးတိုင်း လွှတ်တော်ဆိုင်းဘုတ်အပါအဝင် မန္တလေးကျုံးအနီး စစ်ပွဲဆန့်ကျင်ရေးဆန့်ကျင်ရေး စတစ်ကာများ ကပ်ပြီး ဗကသ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
(Source: Khit Thit Media)
------------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၄/၂ဝ၂ဝ
(Source: Khit Thit Media)
https://burmese.narinjara.com/.../5f7978e7bd1bbf34d1a09052
https://www.facebook.com/narinjara.info/posts/3665912843420766
No comments:
Post a Comment