Wednesday, October 28, 2020

မိုင်းပန်မြို့နယ်ကို မဲရုံလက်မှတ်နဲ့မဲရုံမှူးပစ္စည်းပို့ဆောင်ပေးပြီး အပြန်လမ်းမှာ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ သေနတ်ပစ်ခံရ

 မိုင်းပန်မြို့နယ်ကို မဲရုံလက်မှတ်နဲ့မဲရုံမှူးပစ္စည်းပို့ဆောင်ပေးပြီး အပြန်လမ်းမှာ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ သေနတ်ပစ်ခံရ

လင်းခေးခရိုင် | မားနဂါး။
အောက်တိုဘာလ ၂၇ရက်နေ့ နေ့လယ် ၁နာရီအချိန် လင်းခေးခရိုင်း မိုင်းပန်မြို့နယ်ကို မဲရုံလက်မှတ်နဲ့မဲရုံမှူး ပစ္စည်းတွေပို့ပြီးအပြန် နောင်ဟီးကျေးရွာအနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ အတွက် လင်းခေးအုပ်ချုပ်ရေးမှူးနဲ့ စာရေးကြီးတစ်ဦး ဒဏ်ရာရဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ လင်းခေးခရိုင် ရွေး ကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးသန်းကျော်က မားနဂါးသတင်းဌာနကို ဒီကနေ့ အောက်တိုဘာလ ၂၈ရက် နေ့မှာ အတည်ပြု ပြောဆိုပါတယ်။
သေနတ်ပစ်ခံခဲ့ရတဲ့ ဖြစ်စဉ်အတွင်း လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေရဲ့ ပေါင်နဲ့ စာရေးကြီးဖြစ်သူ နေလင်း အောင်ရဲ့ ခြေသလုံးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက
"မနေ့က ၁နာရီပတ်ဝန်းကျင်လောက်မှာ မဲလက်မှတ်နဲ့မဲရုံးမှူးပစ္စည်းတွေ ပို့ပြီးအပြန် နောင်ဟီးရွာနားလောက်မှာ ပစ်ခံရတယ်။ အပြန်ခရီးမှာ လူ ၁၃ယောက်ပါတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့စာရေးကြီးတို့နှစ်ဦးဟာ လက် ရှိအချိန်မှာတော့ တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ ဆေးကုသခံယူနေတယ် လို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3957640314265164?__cft__[0]=AZVS6vrvcQJXx0Bvi9LqqXDA8yyTAcKHuVzkKHeT_AMOGbZJg1SPpnCkgx7ReElXpJ0k01Xk-qqoeOJtWDaKI2MHpZc9o6ozHN1MTNt64QR87JxZyEe5_ATn56GaCbjKwiLXLgFgnAvO1n6F0mAi7iPfouK-weqeqtqtrLLqMTIvg6v2KcdmCRo00nR5GXGKJcA&__tn__=%2CO%2CP-R

No comments:

Post a Comment