Saturday, October 31, 2020

ရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး နိုဝင်ဘာလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ထုတ်ပြန်

 ရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး နိုဝင်ဘာလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ထုတ်ပြန်

By The Standard Time Daily -October 31, 2020

Share on Facebook


၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုဝင်ဘာလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်ချက်တွင် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။


တပ်မတော်သည် အထက်ပါအကြောင်းအရင်းများနှင့် COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း မူလကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယခုအခါ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်အရသိရသည်။


သတင်း – စွမ်းရည်တိုး / စံတော်ချိန်

ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

http://sdtimedaily.com/2020/10/31/shp29-46/

No comments:

Post a Comment