Tuesday, October 27, 2020

မေယုမြစ်အတွင်းအပစ်ခံရသော သင်္ဘောသည် AA အကြမ်းဖက်အဖွဲ့များ လိုက်ပါလာသော သင်္ဘောဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်

 ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ပစ်ခတ်ခံရသော သင်္ဘောမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC)၏ ရိက္ခာထောက်ပံ့ရေးပစ္စည်းများတင်ဆောင် လာသောသင်္ဘောမဟုတ်ဘဲ AAအကြမ်းဖက်အဖွဲ့များ လိုက်ပါလာသော သင်္ဘောဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ယနေ့ (အောက်တိုဘာ ၂၈ ) ညဦးပိုင်းတွင် သတင်းထုတ်ပြန်သည်။

 
ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်နေသည့်တပ်မတော် စစ်ရေယာဉ် ၃ စီးသည် ယနေ့နံနက်ပိုင်းတွင် အောင် ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျကျေးရွာ၏တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့် မောင်းနှင်လာသော အလျားပေ ၄၀၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့်စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါသွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ စက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများသို့ ကြိုတင်အသိပေး ညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက် ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည် များကို ကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေ သော သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သတင်းမှန်အား သိရှိနိုင်ရန် ထုတ်ပြန် အပ် ပါသည် ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

http://www.theladiesnewsjournal.com/news/wed-2020-10-28-1618/13939

No comments:

Post a Comment