ပအိုဝ်းအမျိုးသား ဒေသများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာ၌ လူမျိုးရေး ပဋိပက္ခ မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန် NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တိုက်တွန်း
နိုင်ငံရေးပါတီမျာအးနေဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အခြေပြုဒေသ၊ ဆက်စပ်ဒေသ များနှင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ ပအိုဝ်းအမျိုးသားဒေသအသီးသီးတွင် မဲဆွယ်စည်း ရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လူမျိုးရေး ပဋိပက္ခ မဖြစ်စေရေးနှင့် ပအိုဝ်းအမျိုးသားအချင်းချင်းအကြား ပဋိပက္ခ မဖြစ်စေ ရေးတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန် PNLO က စက်တင်ဘာ ၂၇ ရက်တွင် ကြေ ညာချက် ထုတ်ပြန်ကာတိုက်တွန်းသည်။
PNLO ၏ ဒုတိယအကြိမ် ညီလာခံ သက်တမ်း ဒသမအကြိမ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့ ပြီး အဆိုပါ အစည်းအဝေး၏ ထုတ်ပြန်ကြေ ညာချက်တွင် PNLO က ထိုသို့ တိုက်တွန်း ထားခြင်း ဖြစ်သည်။
PNLO အခြေပြုဒေသနှင့် ဆက်စပ်ဒေသများတွင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေး ပါတီများသည် ရွေးကောက်ပွဲဥပဒေများနှင့်အညီ လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင် ကြောင်းနှင့် ထိုသို့ မဲဆွယ်စည်းရုံးရာတွင် လူမျိုးရေးပဋိပက္ခ မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန် PNLO က တိုက်တွန်းခြင်းဖြစ်သည်။
“အဓိကကတော့ ကျွန်တော်တို့ဘက်မှာကျတော့ ရှိတဲ့လူမျိုးကရှမ်းရယ်၊ နောက်ပြီး ကယားပေါ့နော်။ နောက် ပအိုဝ်း အဲဒီ သုံး မျိုးပဲရှိပါတယ်။ အဓိကကတော့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးလို့ရတယ်။ ဘယ် ပါတီမဆို။ ဒါပေမဲ့ လူမျိုးရေးကို ပဋိပက္ခ ဖြစ်စေမယ့် အသုံးအနှုန်းတွေ မသုံးဖို့ပေါ့ နော်။ အဲဒီဟာပါပဲ” ဟု PNLO ပြောရေးဆို ခွင့်ရှိသူခွန်ထွန်းတင်က ပြောကြားသည်။
လက်ရှိအချိန်တွင် PNLO အခြေပြု ဒေသများနှင့် ဆက်စပ်ဒေသများတွင် နိုင်ငံ ရေးပါတီအချို့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သကဲ့သို့ အခြားသော အင်အားကြီး နိုင်ငံရေးပါတီများဖြစ် သည့် NLD ပါတီနှင့် USDP ပါတီတို့လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက် ရန် ပြင်ဆင်မှုများရှိနေကြောင်း ခွန်ထွန်းတင် က ပြောကြားသည်။
ပအိုဝ်းအမျိုးသားကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုသည် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အမျိုးသားရေးလုပ်အား ယှဉ်ပြိုင်မှုဖြစ်သည်ဟုလည်း PNLO ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့် လိုက် အကောင် အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် ငါးချက်တို့ပါဝင်သော ပြည်ထောင်စု သဘော တူ စာချုပ် အစိတ်အပိုင်း (၃) ကိုအလေးအနက် ထောက်ခံကြိုဆိုကြောင်းလည်း PNLO က ကြေညာသည်။
၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ် များအပါအဝင် နိုင်ငံရေးဆွေးနွေးမှုကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် အား သွန်ခွန်စိုက် ဆောင်ရွက်မည့် ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများ၊ ပအိုဝ်းအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ အကျိုးစီးပွား နှင့် ပြည်ထောင်စုအကျိုးစီးပွားကိုဦးစားပေး ဖော်ဆောင်မည့် ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်း များကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း လည်း PNLO ၏ ကြေညာချက်တွင် ဖော်ပြ ခဲ့သည်။
https://news-eleven.com/article/194249

No comments:
Post a Comment