ပြည်မြို့တွင် ကျောင်းသား ၂ဦးကို သမဂ္ဂရုံးခန်းထဲအထိ အရပ်ဝတ်ရဲများက ဝင်ရောက်ဖမ်းဆီး(ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၈
ယနေ့ မွန်းလွဲ ၁နာရီကျော်ခန့် ပဲခူးတိုင်း ပြည်မြို့တွင် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုကျော်ရဲသူနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ၂ ကိုထက်အောင်တို့ကို ပေါင်းတည်မြို့နယ် ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ဖမ်းသွားကြောင်း ပြည်တက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင် ကပြောဆိုသည််။
“ ခုနကပဲ ဖမ်းသွားတာ ဗကသအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၂ရယ်။ ပြည်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဒုဥက္ကဋ္ဌရယ် နှစ်ယောက်ကို ဖမ်းဆီးသွားတာ လောလောဆယ် ကျွန်တော်တို့ ကနဦး သိရတဲ့ ပုဒ်မကတော့ ၅ဝ၅ (ခ)ပဲ။ ကျွန်တော်တို့ ပေါင်းတည်မှာရှိတဲ့ ဖြူစင်အလင်းရောင် အခမဲ့ ပညာဒါနကျောင်း ပေါင်းတည်မြို့နယ် ကျောင်းသားများ သမဂ္ဂရုံးပေါ့။ အဲရုံးမှာရှိနေတုန်း လာဖမ်းသွားတာ ပေါင်းတည်မြို့နယ် ရဲစခန်းကပေါ့” ဟု ၎င်းကပြောဆိုသည်။
ထိုသို့ ကျောင်းသားများအား အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဥပဒေကို ချိုးဖောက်နေရာရောက်ပြီး အစိုးရအနေဖြင့် စစ်ကိုလိုလားနေသလားဟု ကိုပိုင်ဖြိုးဇင်က ဆက်လက်ပြောဆိုသည်။
“ မနေ့ကလည်း ပခုက္ကူမှာ ဗကသကျောင်းသားတွေကို အင်အားအလုံးအရင်းနဲ့ဖမ်းဆီးသွားတယ် ပေါ့။ ပြီးတော့ ဒီနေ့မှာဆိုရင်လည်း ကျောင်းသား ၂ဦးကို ထပ်ပြီးတော့ဝင်ပြီးတော့ ဖမ်းဆီးသွားတယ်။ အခုလိုဖမ်းဆီးတာတွေ ကျွန်တော်တို့ကို မတရားတဲ့ ဥပဒေပုဒ်မတွေ တပ်ပြီးတော့ ဖမ်းဆီးတာဟာ ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားတဲ့ စိတ်နဲ့ ကျွန်တော်တို့စစ်ကို မလိုလားလို့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်နေတာဖြစ်တယ်။ အဲလိုစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်နေတာကို ဒီလိုမျိုး ကျောင်းသားတွေကို မတရားတဲ့ပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချနေတာသည် စစ်ကို အစိုးရအနေနဲ့လိုလားနေလို့လားလို့ ကျွန်တော်မေးချင်တယ်။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို သူတို့ဘာလို့ လိုက်ပြီးတော့ ကန့်ကွက်နေတာလည်း ကျွန်တော်တို့အခုလိုလုပ်နေတာသည် လူသားချင်းစာနာစိတ်နဲ့လုပ်နေတာြဖစ်တယ်။ အခုလို မတရားဖမ်းဆီးထောင်ချနေတာသည် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုရော ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီဥပဒေ အနှစ်သာရတွေကိုပါ။ ချိုးဖောက်ရာရရောက်တယ်လို့ထင်မြင်ယူဆပါတယ်” ဟု ၎င်းကပြောဆိုသည်။
စက်တင်ဘာလ ၂၆ရက်နေ့ ဖမ်းခံခဲ့ရသော ဥပဒေပညာ စတုတ္ထနှစ်၊ပြည်တက္ကသိုလ်ကျောင်းသား ကိုရဲရန်နိုင်သည် စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှု နှင့် သက်ဆိုင်မှုမရှိသောကြောင့် ပေါင်းတည်မြို့နယ်ရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
https://www.facebook.com/khitthitnews/posts/1023178034786209?__cft__[0]=AZV-xChujwvfYn3eozNYdAgSfaGAMvzma_weMzfYqSL3JPrGkHZ5OBG2shiyfixsh1gPDMoqcdEWQ46GO8TGauN5elqStUUrvERVZqvX_1qQ-4D4_S1jQuD93DlgYgtNvSIsYTqqWlqExppLSte4aVE0-EQI-8bBAXHFvGz-V49xxz1CC1tWj6lh3nYdNVh2UkJDwZ5QcA9Dh9N6RJIurpk5&__tn__=%2CO%2CP-R
No comments:
Post a Comment