🟢 ညီနောင်မဟာမိတ် (၃)လကျော်ကြာ ထပ်မံအပစ်ရပ်
ရွှေဖီမြေ၊ စက်တင်ဘာ ၁ ရက်၊ လားရှိုး
ဒီနေ့ စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာလ ၉ ရက်အထိ ရက်ပေါင်း (၇ဝ)ကြာ အပစ်အခတ် ထပ်မံရပ်စဲကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အဆင်ပြေချောမွေ့ဖို့နဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအပါအဝင် ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တစ်ဖက်သတ်အပစ်ရပ်ထားတဲ့ ကာလအတွင်း တပ်မတော်ဘက်က ထိုးစစ်ဆင်လာရင် ပြန်လည်ခုခံ တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အပစ်ရပ်ကြေညာတာဟာ ဒီတစ်ကြိမ်အပါအဝင် ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး တပ်မတော်ဘက်ကလည်း စက်တင်ဘာ ၁ ရက်ကနေ ၃၁ ရက်အထိ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲေကြာင်း သြဂုတ် ၂၄ ရက်က ကြေညာထားပါတယ်။
#ညီနောင်မဟာမိတ် #အပစ်ရပ် #ကပ်ရောဂါ #ရွေးကောက်ပွဲ
#ဓာတ်ပုံ- Google
https://www.facebook.com/451214215694715/posts/777317896417677/
https://www.facebook.com/shwepheemyaynews/posts/777317896417677
No comments:
Post a Comment