🟢 မီးသွေးကျင်းဟောင်းထဲမှာ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးနေ
လွေးအေးမီး၊ ရွှေဖီမြေ
စက်တင်ဘာ ၁ ရက်၊ ကွတ်ခိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုခိုတိုက်ပွဲရှောင်စခန်းအနီးက မီးသွေးကျင်းဟောင်းတစ်ခုမှာ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးနေတာကို ဒီနေ့ညနေ ၄ နာရီခန့်မှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။
ဟိုခိုတိုက်ပွဲရှောင်စခန်းအနီးမှ မိုင်းယုလေးရွာခံတစ်ဦးက “တရုတ်တွေရဲ့ပြောင်းဖူးကို သူကခိုးပြီး ပြုတ်စားတာ။ အဲချိန်က ဘာမှ မဖြစ်ဘူးတဲ့။ တရုတ်တွေက လာပြီးမှ သူ့ကိုခေါ်သွားပြီး ရိုက်နှက်တယ်။ ပြီးတော့ သူသတိလစ်တယ်။ သူသတိရရချင်းပဲ အောင့်အီးပြီးမှ ဟိုခိုစခန်းရဲ့အောက်ခြေမှာ မီးသွေးဖိုဟောင်းရှိတယ်။ အဲမှာ လဲလျောင်းပြီးမှ သေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ မိုင်းယုလေးရွာခံမဟုတ်တာကြောင့် ဘယ်သူဘယ်ဝါမှန်းတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက “ရဲစခန်းကို အကြောင်းကြားလိုက်တာ။ ရဲစခန်းလည်း မေတ္တာရှင်အသင်းကား လွတ်လာမယ်တဲ့။ နောက်တော့ မေတ္တာရှင်ကားက မလာဖြစ်ဘူး။ မနက်ဖြန်မှ လာဖြစ်မယ်တဲ့။ အလောင်းကိုတော့မထိနဲ့တဲ့ ဘယ်သူမှ မထိခိုင်းနဲ့နော်တဲ့။ မနက်ဖြန် စောစောစီးစီး လာခဲ့မယ်တဲ့” ဆိုပြီး ပြောပါတယ်။
လက်ရှိမှာ သေဆုံးသွားသူရဲ့အလောင်းကို မိုင်းယုလေးရွာဒေသခံ ၄ ဦးကို စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။
#ဒေသခံ #သေဆုံးနေ #မီးသွေးကျင်းဟောင်း #ကွတ်ခိုင်
#ဓာတ်ပုံ- လွေးအေးမီး၊ ရွှေဖီမြေ
https://www.facebook.com/451214215694715/posts/777370346412432/
https://www.facebook.com/shwepheemyaynews/posts/777317896417677
No comments:
Post a Comment