Friday, September 25, 2020

ရသေ့တောင်မြို့နယ်တွင် ၁ဝ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦ းကျည်ဆံထိမှန်၍ အနည်းငယ်ဒဏ်ရာရ

 ရသေ့တောင်မြို့နယ်တွင် ၁ဝ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦ းကျည်ဆံထိမှန်၍ အနည်းငယ်ဒဏ်ရာရ

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊စက်တင်ဘာ ၂၆ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ အနောက်ပြင်မူလဆင်ကျေးရွာမှ ၁ဝ နှစ်အရွယ် မူဆလင်အမျိုးသမီးငယ်တစ်ဦးတွင် ကျည်စထိမှန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အနောက်ပြင်ကျေးရွာမှ ဦးဂေါ်ဖီ၏သမီး မဘီဘီနီ အသက် ၁ဝ နှစ်ဖြစ်ပြီး သူမ၏ ဘယ်ဖက်လက်မောင်းတွင် ဒဏ်ရာရရှိသွားခြင်းခဲ့သည်။

ဖခင်ဖြစ်သူ ဦးဂေါ်ဖီက “ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတာတော့ မဟုတ်ဘူး။ ဘယ်ဖက်လက်မောင်းမှာ နည်းနည်းထိခိုက်သွားတယ်။ ဆေးရုံ၊ဆေးခန်းသွားရအောင် အဆင့်ထိလည်း မဟုတ်ဘူး။ လက်နက်ငယ် ကျည်စလာမှန်သွားတာပါ။ တိုက်ပွဲဖြစ်လား၊ မဖြစ်ဘူးလားဆိုတာကိုတော့ ကျနော်တို့မသိဘူး။ ပစ်ခတ်သံတွေတော့ အများကြီးကြားတယ်။” ဟု ပြောသည်။

ဒဏ်ရာရရှိသွားသော ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်စရာမလိုကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ယနေ့ ညနေ ၄ နာရီကျော်အချိန်ခန့်တွင် မယူမြစ်ထဲသွားလာနေသော ရေယာဉ်မှ ပစ်ခတ်မှုကြောင့် မယူမြစ်၏ အရှေ့ဖက် မူစဲကျွန်းတွင် တည်ရှိသည့် အနောက်ပြင် မူဆလင် ကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁ဝ လုံးခန့်မှာ အနည်းငယ်ပျက်စီးသွားခဲ့သည်ဟု အမည်အဖော်လိုသော ရပ်ရွာလူကြီးတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၎င်းကလေးငယ်ဒဏ်ရာရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဦးခင်မောင်လတ်က “ ၁ဝ အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရရှိသွားတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ ရေယာဉ်ကပစ်တာဖြစ်တယ်လို့ ရွာသားတွေက ပြောတယ်။ သူတို့က လမ်းကြောင်းရှင်းတဲ့ အနေနဲ့ မကြာခဏ ပစ်လေ့ရှိတယ်” ဟုပြောသည်။

ဇက်စစ်ရေယာဉ်က ပစ်ခတ်ခြင်းဟု ဒေသခံများပြောဆိုသဖြင့် တပ်မတော်ဘက်က တုံ့ပြန်မှု သဘောထားကို သိရှိလိုသဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

အဆိုပါ အနောက်ပြင်မူဆလင်ကျေးရွာတွင် ၄၈ဝ ရှိပြီး လူဦးရေ ၂၇ဝဝ ရှိကြောင်း သိရှိရသည်။

--------------------------------

Unicode - 



နိရဉ်စရာ၊စကျတငျဘာ ၂၆ /၂ဝ၂ဝ










https://burmese.narinjara.com/.../5f6ed65ad731992f38cee4ca


https://www.facebook.com/narinjara.info/posts/3639244462754271

No comments:

Post a Comment