Monday, September 28, 2020

ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာနေ ဦးမောင်ပိန်အောင် နေအိမ်၌ မိုင်းများ ရှာဖွေတွေ့ရှိ

 ကျောက်တော်မြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၆ နာရီတွင် ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာအတွင်း လုံခြုံရေး အရ ဝင်ရောက်ရှာဖွေစဉ် ကျောက်ဂူစုကျေးရွာနေ

ဦးမောင်ပိန်အောင် ၃၆ နှစ် (ဘ) ဦးထွန်းအောင်၏ တယ်လီဖုန်းအား မသင်္ကာသဖြင့် စစ်ဆေးရာ တယ်လီဖုန်း အတွင်း ၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ထားသော အချက်အလက်များ အား တွေ့ရှိရသဖြင့် ရပ်မိ၊ရပ်ဖများနှင့်အတူ ၎င်း၏ နေအိမ်နှင့်ပတ်ဝန်းကျင် အနီးတ ဝိုက်အား ရှာဖွေစစ်ဆေးရာ နေအိမ်အနောက်ဘက်ရှိ စပါးဂိုဒေါင်အတွင်းမှ စပါးခွံ များဖြင့် ဖုံးအုပ်ထားသော အမြင့် ၅ လက်မ၊ အချင်း ၃ လက်မ ခန့်ရှိ ပလက်စတစ် ဗူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်နင်းမိုင်းတစ်လုံး (စနက်တပ်ဆင် လျက်)နှင့် ဝါးညှပ်နင်းမိုင်း တစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

        အဆိုပါ ဦးမောင်ပိန်အောင်အား သက်သေခံပစ္စည်းများတင်သွင်း၍ တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 


http://dsinfo.org/node/479

No comments:

Post a Comment