Tuesday, September 29, 2020

အမ္းၿမိဳ႕နယ္၌ ၂ ရက္အတြင္းလက္ျပန္ႀကိဳးတုတ္ထားသည့္ အေလာင္းႏွစ္ေလာင္းေရထဲတြင္ေတြ႕

 အမ္းၿမိဳ႕နယ္၌ ၂ ရက္အတြင္းလက္ျပန္ႀကိဳးတုတ္ထားသည့္ အေလာင္းႏွစ္ေလာင္းေရထဲတြင္ေတြ႕

ခိုင္လူလွ (ရိုးမေျမ)

နိရဥၥရာ၊ စက္တင္ဘာ ၃ဝ/၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္တြင္ ၂ ရက္အတြင္း လက္ျပန္ႀကိဳးတုတ္ၿပီး ေသဆုံးေနသည့္ အမည္မသိ အေလာင္းႏွစ္ေလာင္းကို ေရထဲတြင္ ေဒသခံမ်ားက ေတြ႕ခဲ့ၾကရသည္ဟု သတင္းရရွိသည္။

ပထမ တစ္ေလာင္းကို စက္တင္ဘာ ၂၇ ရက္ေန႔က  အမ္းၿမိဳ႕နယ္၊ စခန္းေမာ္အုပ္စု၊ အိုးပုံေတာင္ေက်းရြာအနီး တစ္မိုင္ခန္႔အကြာ ေျမာက္ဦးေခ်ာင္းထဲတြင္ ေတြ႕ရွိခဲ့ရၿပီး လက္ကိုေနာက္ျပန္ႀကိဳးတုတ္ကာ မ်က္ႏွာကို အဝတ္စျဖင့္ ဖုံးအုပ္ထားသည္ဟု သိရသည္။

စက္တင္ဘာ ၂၈ ရက္ေန႔တြင္ ဒုတိယ တစ္ေလာင္းကို အမ္းေခ်ာင္းဝ၊ ေဖသာေမာ္ အေပါက္တြင္ ေတြ႕ခဲ့ရၿပီး ၎လူေသအေလာင္းမွာလည္း လက္ကို ေနာက္ျပန္ႀကိဳးတုတ္ခ်ည္ထားၿပီး မ်က္ႏွာကို အဝတ္စျဖင့္ စည္းထားၿပီး ေသေနသည္ကို ေတြ႕ခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

အမ္းၿမိဳ႕နယ္မွ လူမႈေရး လႈပ္ရွားေနသူ ကိုမ်ိဳးလြင္က “ စက္တင္ဘာ ၂၇ ရက္ေန႔ က ေတြ႕တဲ့ အေလာင္းကိုေတာ့ ေဒသခံေတြက ရဲစခန္းကို အေၾကာင္းၾကားတဲ့ အတြက္ ရဲတပ္ဖြဲ႕က လာယူ သြားပါတယ္။ အမ္းေခ်ာင္းဝမွာေတြ႕တဲ့ ေနာက္တစ္ေလာင္းကေတာ့ ပုပ္ပြေနၿပီ ျဖစ္တဲ့အတြက္  ေဒသခံေတြကဘဲ ေျမျမဳပ္ သၿဂႋဳလ္လိုက္တယ္လို႔ သိရပါတယ္” ဟု ေျပာၾကားသည္။

အေလာင္းႏွစ္ေလာင္းကို ရက္ႏွင့္ ေနရာျခားၿပီး ေတြ႕ရွိေသာ္လည္း အမႈမွာဆက္စပ္ပုံရေၾကာင္း၊ ယခု အခင္းျဖစ္ပြားေသာ ေျမာက္ဦးေခ်ာင္းပတ္ဝန္းက်င္တြင္ သစ္ေမွာင္ခိုအဖြဲ႕မ်ား၊ ဗမာျပည္ဘက္သို႔ လူပို႔သည့္ လူေမွာင္ခိုသမားမ်ား က်က္စားရာေနရာျဖစ္ေၾကာင္း သိရသည္။

“ ေသဆုံးေနတဲ့လူေတြက ဒီေဒသက လူေတြမဟုတ္ဘူး။ ေသဆုံးသြားတဲ့သူေတြက ေဒသခံေတြ အေျပာအရ ဒီေဒသက လူေတြမဟုတ္ဘူးေပါ့ေနာ္။ ပီးရင္ ရြာေတြမွာလည္း လူေပ်ာက္ေနတာေတြ မရွိဘူး။ ႐ုပ္အေလာင္းေတြက ပ်က္စီးေနၿပီျဖစ္တဲ့အတြက္ ဒဏ္ရာေတြပါလား၊ ဘယ္လို ေသတယ္ဆိုတာေတာ့ ဘယ္သူမွ မေျပာနိုင္ပါဘူး” ဟု ကိုမ်ိဳးလြင္က ေျပာၾကားသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး အမ္းၿမိဳ႕မရဲစခန္းမႉးသို႔ ဆက္သြယ္ရာ တန္းစီေနသည္ဟု ေျပာဆိုကာ ဖုန္းခ်သြားခဲ့ၿပီး ေနာက္ထပ္ဆက္သြယ္ရာ “ ကၽြန္ေတာ္တို႔ အခု လုပ္တုန္းပဲ ရွိေသးတယ္ ဘာမွ ေျပာလို႔မရေသးဘူး” ဟု ဆိုကာဖုန္းခ်သြားခဲ့သည္။

ယခုကဲ့သို႔ အမည္မသိ အေလာင္းႏွစ္ေလာင္းေရထဲတြင္ ေမ်ာပါ၍ ေတြ႕ရွိခဲ့သျဖင့္ ေဒသခံျပည္သူမ်ား အၾကား စိုးရိမ္မႈမ်ား ရွိေနၾကသည္ဟု ေျပာဆိုသည္။  

----------------------------------

Unicode -

အမ်းမြို့နယ်၌ ၂ ရက်အတွင်းလက်ပြန်ကြိုးတုတ်ထားသည့် အလောင်းနှစ်လောင်းရေထဲတွင်တွေ့

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂ ရက်အတွင်း လက်ပြန်ကြိုးတုတ်ပြီး သေဆုံးနေသည့် အမည်မသိ အလောင်းနှစ်လောင်းကို ရေထဲတွင် ဒေသခံများက တွေ့ခဲ့ကြရသည်ဟု သတင်းရရှိသည်။

ပထမ တစ်လောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က  အမ်းမြို့နယ်၊ စခန်းမော်အုပ်စု၊ အိုးပုံတောင်ကျေးရွာအနီး တစ်မိုင်ခန့်အကွာ မြောက်ဦးချောင်းထဲတွင် တွေ့ရှိခဲ့ရပြီး လက်ကိုနောက်ပြန်ကြိုးတုတ်ကာ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ထားသည်ဟု သိရသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဒုတိယ တစ်လောင်းကို အမ်းချောင်းဝ၊ ဖေသာမော် အပေါက်တွင် တွေ့ခဲ့ရပြီး ၎င်းလူသေအလောင်းမှာလည်း လက်ကို နောက်ပြန်ကြိုးတုတ်ချည်ထားပြီး မျက်နှာကို အဝတ်စဖြင့် စည်းထားပြီး သေနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အမ်းမြို့နယ်မှ လူမှုရေး လှုပ်ရှားနေသူ ကိုမျိုးလွင်က “ စက်တင်ဘာ ၂၇ ရက်နေ့ က တွေ့တဲ့ အလောင်းကိုတော့ ဒေသခံတွေက ရဲစခန်းကို အကြောင်းကြားတဲ့ အတွက် ရဲတပ်ဖွဲ့က လာယူ သွားပါတယ်။ အမ်းချောင်းဝမှာတွေ့တဲ့ နောက်တစ်လောင်းကတော့ ပုပ်ပွနေပြီ ဖြစ်တဲ့အတွက်  ဒေသခံတွေကဘဲ မြေမြုပ် သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အလောင်းနှစ်လောင်းကို ရက်နှင့် နေရာခြားပြီး တွေ့ရှိသော်လည်း အမှုမှာဆက်စပ်ပုံရကြောင်း၊ ယခု အခင်းဖြစ်ပွားသော မြောက်ဦးချောင်းပတ်ဝန်းကျင်တွင် သစ်မှောင်ခိုအဖွဲ့များ၊ ဗမာပြည်ဘက်သို့ လူပို့သည့် လူမှောင်ခိုသမားများ ကျက်စားရာနေရာဖြစ်ကြောင်း သိရသည်။

“ သေဆုံးနေတဲ့လူတွေက ဒီဒေသက လူတွေမဟုတ်ဘူး။ သေဆုံးသွားတဲ့သူတွေက ဒေသခံတွေ အပြောအရ ဒီဒေသက လူတွေမဟုတ်ဘူးပေါ့နော်။ ပီးရင် ရွာတွေမှာလည်း လူပျောက်နေတာတွေ မရှိဘူး။ ရုပ်အလောင်းတွေက ပျက်စီးနေပြီဖြစ်တဲ့အတွက် ဒဏ်ရာတွေပါလား၊ ဘယ်လို သေတယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး” ဟု ကိုမျိုးလွင်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူးသို့ ဆက်သွယ်ရာ တန်းစီနေသည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့ပြီး နောက်ထပ်ဆက်သွယ်ရာ “ ကျွန်တော်တို့ အခု လုပ်တုန်းပဲ ရှိသေးတယ် ဘာမှ ပြောလို့မရသေးဘူး” ဟု ဆိုကာဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ အမည်မသိ အလောင်းနှစ်လောင်းရေထဲတွင် မျောပါ၍ တွေ့ရှိခဲ့သဖြင့် ဒေသခံပြည်သူများ အကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု ပြောဆိုသည်။  

https://burmese.narinjara.com/.../5f7476ca52e60167cbc9499d


https://www.facebook.com/narinjara.info/posts/3653083944703656

No comments:

Post a Comment