ရသေ့တောင်တွင် ၁ဝနှစ် အရွယ် ကလေးတစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ အနောက်ပြင်ကျေးရွာတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၄နာရီကျော်ခန့်က လက်နက်ငယ် ရွာအတွင်း ကျရောက်ခဲ့သောကြောင့် အသက် ၁ဝနှစ်အရွယ် အမျိုး သမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။
“ မွတ်စလင် အမျိုးသမီး ငယ်တစ်ဦးတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ဖြစ်တာတော့ ညနေဖက် ၄နာရီလောက်လို့တော့ ပြောတယ်။ အချိန်အတိအကျတော့ မသိရသေးဘူး။ Navy (ဇက်) ကပစ်တာပဲ လက်နက်ငယ်ပဲလို့ ကျေးရွာသားတွေပြောတယ်။ အဲဒီရွာမှာကျတာ လက်နက်ငယ် လက်နက်ငယ်ထိတာပေါ့။ ဒေသခံတွေပြောပြချက်အရ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ၎င်းကပြောဆိုသည်။
ထို ထိခိုက်ဒဏ်ရာရရှိသူမှာ အသက် ၁ဝနှစ်အရွယ် ဘီဘီနီ ဆိုသော အမျိုးသမီးငယ်ဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ် လက်နက်ငယ် လာရောက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာအတွင်း ဆေးကုသမှုပြုလုပ်ထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း အဆိုပါ ကျေးရွာရှိ အမည်မဖော်လိုသော အမျိုးသားတစ်ဦးကပြောဆိုသည်။
“ ထိခိုက်တာတော့ရှိတယ်။ မိန်းကလေးတစ်ယောက်ရှိတယ်။ အသက် ၁ဝနှစ် အရွယ်ပါ။ ဘီဘီနီဆိုတဲ့ အမျိုးသမီးငယ်ပါ။ ကျည်ဆန် ၂ဝကျော်လောက် ရွာထဲကိုဝင်တယ်။ လက်နက်ငယ်ပါ။ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူး။ ဘယ်ဘက်လက်ကို ထိခိုက်သွားတာ ရွာမှာပဲ ဆေးကုသနေတယ်။ ကျွန်တော်တို့ ပစ်တာကို မမြင်လိုက်ဘူး။ ဘယ်ကပစ်လိုက်တယ်ဆိုတာ မမြင်လိုက်ရဘူး။ အသံပဲကြားလိုက်ရတာပါ။ တစ်ယောက်တည်း ထိခိုက်သွားတာပါ။ ကျွန်တော်တို့က စိုးရိမ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ မွတ်စလင်ရွာ တစ်ရွာပဲရှိတယ်ဆိုရင် ကျွန်တော်တို့က စိုးရိမ်တယ်။ အပြင်ကိုလည်း ထွက်လို့မရဘူးဆိုရင် ကျွန်တော်တို့က ဒီမှာ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ရွာထဲမှာနေရတယ်ဆိုရင် ကျွန်တော်တို့ ရွာသားတွေ အကုန်လုံး စိုးရိမ်တယ်။ သူတို့ကျည်လည်း အိမ်ထဲမှာ လာပြီးတော့ကျတာ ကောင်မလေးက အိမ်အပေါ်မှာ နေနေတာပါ” ဟု အဆိုပါ အမည်မဖော်လိုသော အနောက်ပြင်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
https://www.facebook.com/khitthitnews/posts/1021311441639535?__cft__[0]=AZUE_33D8o6eply-eBUTIRmYxCfDxF4eNnrB8gm8XwTU5_K8Ok2utayc4NZ9PrRmPxa9yVzcMhaooFdkwYH16MFlrwSef5qklMNBrEjR0EN02R_Kh6Ed4s9T7L8_dtNgGZx-P-2ZLGi-QItOdeGHvb2aOnK33Mzy1HszWtgiMkYhACKo-bU54rdPjavJkFDan6g&__tn__=%2CO%2CP-R
No comments:
Post a Comment