Wednesday, September 30, 2020

မင်းပြားတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

 မင်းပြားတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး ယနေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ကျေးရွာအတွင်း ကျည်ကျရောက်မှုများရှိကာ လက်နက်ကြီး ပစ်ခတ်သံများကြားရကြောင်း မင်းပြားမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောဆိုသည်။
“ နာရီပိုင်းလောက်က မေလွမ်းရွာနားမှာ တိုက်ပွဲဖြစ်တယ်ဆိုပြီး အဲဒီဖက်က ဒေသခံတစ်ယောက်က ဖုန်းနဲ့ပြောတာရှိတယ်။ တိုက်ပွဲဖြစ်နေတယ်ဆိုပြီးတော့ ဖုန်းနဲ့ဆက်တာတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတော့ မသိရသေးဘူး။ မေးလွမ်းရွာကိုတော့ ကျည်တွေဘာတွေကျတာတော့ ရှိတယ်လို့ကြားတယ်” ဟု ၎င်းကပြောဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဖြစ်သူ ကိုဇော်ဇော်ထွန်းကလည်း မေလွမ်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မင်းပြားရှိ REC အဖွဲ့ဝင်တစ်ဦးပြောဆိုချက်အရ သိရသော်လည်း အသေးစိတ်အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် အတွင်း မေလွမ်းကျေးရွာနှင့် ဖားပြိုကျေးရွာကြား ဇောက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ အောက်တိုဘာလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်း ရာမောင်တံတားအနီး ဆနွင်းတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

https://web.facebook.com/khitthitnews/posts/1025876851182994?__cft__[0]=AZUq0sW_mQijy_DG-RrTVd3zf43vT3u-7R1CUyg_9VIn6Y4XhPyJ4fzsFs6nV56n__N8SnElzlfmXMlCnx7r8TmSqiR7HJV-XJN0bwgIBmKdcjJPUd4Sv3DaIG_OQH7Hu3FgnwytQAYLbdtfjtmsgpQ4Meawze2d7p4UQmy7vpC-6-nzpqaNz2Pr9P7ScyQfFso&__tn__=%2CO%2CP-R

No comments:

Post a Comment