Saturday, August 1, 2020

အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ တပ်မတော်သားနှစ်ဦးက၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော် ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်မုနော်အား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင် နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် အဖမ်းခံခဲ့ကြခြင်းဖြစ်သည်။
စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲ တို့အပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်းထုတ်ပြန်ချက်အရသိရသည်။

No comments:

Post a Comment