Saturday, August 1, 2020

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
PUBLISHED 1 AUGUST 2020

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အမျိုး သမီးတစ်ဦးအား ပစ္စည်းလုယက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို စစ်တရား ရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ဇူ လိုင် ၃၁ ရက်တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည် အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းများ ထုတ်ပြန်ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော်ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံကျေး ရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲတို့အပါ အဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment