Friday, August 28, 2020

ယိုးတရုပ်ကျေးရွာရဲစခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ စွန့်ခွာသွား

ယိုးတရုပ်ကျေးရွာရဲစခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ စွန့်ခွာသွား
ဆောင်းဇာခြည်
နိရဉ္စရာ၊ သြဂုတ် ၂၈/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ သြဂုတ် ၂၇ ရက် နံနက်ပိုင်းက စခန်းကိုစွန့်ခွာသွားကြကြောင်း သတင်းရရှိသည်။
စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် တည်ရှိသည့် ယိုးတရုပ်ရဲစခန်းမှ ရဲဝန်ထမ်းများနှင့် ရွာရှိ ပေါ်တော်မူ ဘုရားတွင် စခန်းချနေထိုင်သည့် တပ်မတော် သားများအား ယမန်နေ့ နံနက်ပိုင်းက စပြီး ရွာတွင် မတွေ့ရတော့ကြောင်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“သူတို့က မနေ့ မနက် ညဉ့်အချိန် ၁ နာရီလောက်က ထွက်သွားကြတာ။ ရဲသားတွေရော၊ စစ်သားတွေရော ထွက်သွားကြတာ။ ဘာကြောင့်ထွက်သွားကြတာလဲတော့ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့ ကြားတာက  ယိုးတရုပ်ရဲ့ မြောက်ဘက် ၈ မိုင်ခန့်အကွာက ကန်စောက်က ၅၃၉ တပ်ရင်းကို သွားတာလို့ သိရတယ်” ဟု ယင်းရပ်မိရပ်ဖက နိရဉ္စရာသို့ ပြောသည်။
ယိုးတရုပ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းမှာ ၃ဝ ဦးခန့်၊ ရွာရှိ ပေါ်တော်မှုဘုရားတွင် နေထိုင်သည့် တပ်မတော်သား ၄ဝ ဦးခန့်နှင့်  ရဲစခန်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များ၌ နေထိုင်သည့် တပ်မတော်သား ၃ဝ ကျော်ခန့် ရှိခဲ့ပြီး အားလုံး ကျေးရွာကို  စွန့်ခွာကာ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရဲစခန်းတွေကိုလည်း ပိတ်ထားခဲ့တယ်။ အဲဒီရဲစခန်းလမ်းအဝင်ဝတွေကို ရဲတွေအသုံးပြုတဲ့ လက်ထိပ်နဲ့ ဝင်ဝတွေကို ပိတ်ထားခဲ့တယ်။ သူတို့မှာ ဘာကိစ္စရှိလို့သွားတာလဲဆိုတာကို ကျွန်တော်တို့က ခန့်မှန်းလို့လည်း မကျဘူးပေါ့” ဟု ယင်းရပ်မိရပ်ဖက ဆက်ပြောသည်။
ယိုးတရုပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကလည်း “ရဲစခန်းက အပြင်က ပိတ်ထားတယ်။ ဘယ်ကိုသွားတာလဲတော့ မသိဘူးပေါ့နော်။ မနေ့ မနက်ကိုရောက်တော့ ရဲသားတွေရော ရွာဦးဘုရားက စစ်သားတွေရော ရဲစခန်းအနီးမှာနေတဲ့ စစ်သားတွေရော မရှိတော့ဘူး။ ရွာက ထွက်သွားကြတာ။” ဟု နိရဉ္စရာသို့ ပြောသည်။
အဆိုပါ တပ်မတော်သားများမှာ ယိုးတရုပ်ကျေးရွာသို့ ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က စတင်ရောက်ရှိခဲ့ကာ ယိုးတရုပ်ကျေးရွာရှိ ပေါ်တော်မှုဘုရားနှင့် ရဲစခန်းအနီးတို့တွင် နေထိုင်ခဲ့ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ပြောပြချက်အရ ပြောသည်။
----------------------------------
Unicode -
နိရဉ်စရာ၊ သွဂုတျ ၂၈/ ၂ဝ၂ဝ
https://burmese.narinjara.com/news/detail/5f4872eb870b5f3f5e97465a?fbclid=IwAR09o9rnj5u1JZquBoGknMYLLedPZeFlRav2jsRK4CegYLQh-81DaxYz-aM

https://www.facebook.com/narinjara.info/posts/3545671088778276

No comments:

Post a Comment