Sunday, August 30, 2020

ရခိုင်ပြည်နယ် ကိုဗစ်အရေးပေါ်ရန်ပုံငွေအဖြစ်ငွေကျပ် တစ်ဘီလီယံတောင်းခံ

ရခိုင်ပြည်နယ် ကိုဗစ်အရေးပေါ်ရန်ပုံငွေအဖြစ်ငွေကျပ် တစ်ဘီလီယံတောင်းခံ
By The Standard Time Daily -August 28, 2020
Share on Facebook

ရခိုင်ပြည်နယ်အတွင်း အများဆုံးဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါ အရေးပေါ် ရန်ပုံငွေအဖြစ် ငွေကျပ် တစ်ဘီလီယံ ကိုခွင့်ပြုပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ယနေ့နံနက်ပိုင်းကပြုလုပ်သည့် COVID-19ကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ အင်းစိန်မြို့မှ စစ်တွေမြို့သို့ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့၏ အပြန်အလှန်ဆွေးနွေးပွဲတွင်ဦးညီပုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“Quarantine Centerတွေမှာ သုံးစွဲနေရတဲ့အနေအထားတွေရှိတယ်။ ပြည်သူတွေ ကို ထောက်ပံနေတာတွေရှိပါတယ်။အဲ့ဒီမှာကျ ငွေကြေးလိုအပ်မှုတွေက လောလောဆယ် လိုနေပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့မှာရန်ပုံငွေက သန်း ၈၅ ဒသမ
၅ သန်းလောက် ရထားပါတယ်။ နောက်တစ်ခုက အရေးပေါ်ရန်ပုံငွေ တစ်ဘီလီယံလည်း တောင်းခံထားပါတယ်။ တင်ပြပါတယ်။ ဒါနဲ့ပတ်သက်လို့လည်းခွင့်ပြုပေးစေချင် ပါတယ်”ဟုဦးညီပုကပြောသည်။

ထို့ပြင် ဗဟိုမှချမှတ်ထားသည့် အလှူငွေများကို ပို့ရန်အစီအစဉ်လည်းလုပ်ထားကြောင်း၊ထိုထဲမှ အရေးပေါ်ယူသုံးနေရသည်များရှိသည့်အတွက် ဗဟိုကိုပို့ရမည့်ရန်ပုံငွေများကို ရခိုင်ပြည်နယ်အတွင်းတွင်သာ အသုံးခွင့်ပြုရအောင် ခွင့်ပြုပေးစေချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်းဆိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ”ခွင့်ပြုပြီးပါပြီ။မနေ့ကပဲခွင့်ပြုပြီးပါပြီ”ပြန်လည်ဖြေကြားခဲ့ သည်။

ယခုလက်ရှိရခိုင်ပြည်နယ်တွင် ငွေကြေးအသုံးပြုမှုအနေဖြင့် ပြည်ထောင်စုက ၁၄ ဒသမ
၈ ဘီလီယံ၊ ပြည်နယ်အစိုးရက ၁ ဒသမ ၅၆၆ ဘီလီယံ၊ လူကယ်ပြန်ဝန်ကြီးဌာနက ၃၁၁ ဒသမ ၄ သန်းခန့်နှင့်ညစုစုပေါင်း ၁၆ ဒသမ ၇ ဘီလီယံခန့်သုံးထားကြောင်း ဦးညီပုက ဆိုသည်။

ယခုကာလကိုညတိုတောင်းသည့်လတ်တလောကာလဟု သတ်မှတ်ထားပြီး ကာလကို အမြန်ဆုံးကျော်ဖြတ်နိုင်မည်ဟုယုံကြည်ကြောင်း၊ ပြည်သူများကိုလည်း ယုံကြည်စိတ်ချစွာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်စေချင်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

ယခုလက်ရှိရခိုင်ပြည်နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၂၃၅ ဦး အထိရှိနေပြီး ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပေါ်သည့် သြဂုတ် ၁၆ ရက်မှ ယနေ့အထိ ပိုးတွေ့လူနာ ၂၁၉ ဦးအထိရှိနေပြီကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
http://sdtimedaily.com/2020/08/28/kz09-42/

No comments:

Post a Comment