မြန်မာအစိုးရ၏ “ရွှေကုက္ကိုမြို့သစ်” ကိစ္စဖြေရှင်းမှုကို ထောက်ခံကြောင်း တရုတ်အစိုးရကြေညာချက်ထုတ်
Posted: August 26, 2020
တရုတ်သံရုံး၏ သတင်းထုတ်ပြန်မှု့ အပြည့်အစုံ
------ ------ -----
မြန်မာဘက်က တရားဥပဒေ သတ်မှတ်ချက်နှင့်အညီ “ရွှေကုက္ကိုမြို့သစ်”
အရေးကိစ္စ ဖြေရှင်းမှုကို တရုတ်ဘက်ထောက်ခံ
------ ------ -----
လတ်တလောတွင် မီဒီယာအချို့က မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုမြို့သစ်စီမံကိန်း အကြောင်း သတင်းဖော်ပြရာတွင် အဆိုပါစီမံကိန်းသည် လောင်းကစားပြဿသာနာနှင့် သက်ဆိုင်ပြီး ဒေသခံလူမှုအဖွဲ့အစည်းကိုမကောင်းသည့် အကျိုးသက်ရောက်မှု ဖြစ်စေ ကြောင်း ဖော်ပြထားပါသည်။
ရင်းနှီးမြှုပ်နှံသူများက အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံ “Belt and Road”အဆိုပြုချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော ပြောဆိုချက်ကို မီဒီယာများက ရေးသားဖော်ပြကြပြီး လူအများကအဆိုပါသတင်း ကို အာရုံစိုက်နေကြပါသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရကလည်း သက်ဆိုင်ရာ အရေးကိစ္စကိုအလေးထားပြီး ရင်းနှီးစွာညှိနှိုင်းဆွေး နွေးလျက်ရှိပါသည်။
တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က ညှိနှိုင်းဆွေးနွေးသည့်အခြေအနေအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက အောက်ပါအတိုင်းကြေညာချက် ထုတ်ပြန်
အပ်ပါသည်။
၁။ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့်လုံးဝမသက်ဆိုင်ပါ။ တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက အဆိုပါကိစ္စအပေါ် တိကျသည့် သဘောတူညီချက်ရှိပြီးဖြစ်ကာ မြန်မာဘက်ကလည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ပြောကြား ပြီးဖြစ်ပါသည်။
၂။ တရုတ်ဘက်က နိုင်ငံဖြတ်ကျော် လောင်းကစားပြုလုပ်သည့်ပြဿနာနှင့်စပ်လျဉ်း၍ သဘောထားသည် တရုတ်နိုင်ငံအရင်းအနှီးများဖြင့် ဒေသခံလောင်းကစားရုံအား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုခြင်း၊ တရုတ်နိုင်ငံသားများ ဒေသခံလောင်းကစားရုံ လည်ပတ်မှုတွင် ပါဝင်ခွင့်မပြုခြင်း၊ ဒေသခံ လောင်းကစားရုံက တရုတ်နိုင်ငံသားများ လောင်းကစားလုပ်ရန် ခေါ်ဆောင်ခွင့် မပြုခြင်းဟူသည့်အတိုင်း အမြဲတစေတိကျပြတ်သားပါသည်။
တရုတ်ဘက်က မြန်မာဘက်နှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီး တရားမဝင်လောင်းကစားပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေချိုးဖောက်သည့် ပြစ်မှုကျူးလွန်မှုများတိုက် ဖျက်ရေးကို မြှင့်တင်ကာ နှစ်နိုင်ငံ လူမှုအဖွဲ့အစည်းလုံခြုံရေးနှင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံအစိုးရက သီးသန့်အဖွဲ့အစည်းထူထောင်၍ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ စုံစမ်းစစ်ဆေး ဖြေရှင်းနေပြီဖြစ်ရာ တရုတ်ဘက်က ယင်းအပေါ် ထောက်ခံအားပေးပါသည်။
Credit း Chinese Embassy in Myanmar
The Ladies News
No comments:
Post a Comment