Monday, August 31, 2020

ဦးနေဝင်းမိသားစုက ရခိုင်ပြည်နယ်က စစ်သည်များအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်း

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိသားစုက ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
ဩဂုတ် ၂၈ ရက် မနက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အရာရှိနှစ်ထပ်ရိပ်သာခန်းမှာ လှူဒါန်းခဲ့တာဖြစ်ပြီး အလှူငွေတွေကို  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

သားဖြစ်သူ AA ထဲရောက်နေလို့ ကျောက်ဖြူအမတ်လောင်း အမည်စာရင်းကနေ ပယ်ချခံရ

သားဖြစ်သူ AA ထဲရောက်နေလို့ ကျောက်ဖြူအမတ်လောင်း အမည်စာရင်းကနေ ပယ်ချခံရ
2020-08-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။

ဦးဖိုးစံရဲ့ သားဖြစ်သူဟာ ရက္ခိုင့်တပ်တော် AA ထဲကို ရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာလို့ ကာယကံရှင် ဦးဖိုးစံ ကိုယ်တိုင်က RFA ကို ဒီနေ့ ပြောပါတယ်။ သူဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ရခိုင်အမျိုးသားပါတီ ANP ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူ့ကို ပယ်ချလိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူခရိုင် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ခေါ်ယူအသိပေးခဲ့တာလို့ ဦးဖိုးစံ က ပြောပါတယ်။

“၂၂-၈-၂၀၂၀ နေ့မှာ ခရိုင်ကော်မရှင်အဖွဲ့ အတွင်းရေးမှူးခေါင်းဆောင်ပြီးရင် ကော်မရှင်အဖွဲ့ဝင်တွေက ကျနော့်ကို ပြည်ထောင်စုကော်မရှင်ဆီက စာရောက်လာတယ် ၂၁ ရက်နေ့စွဲနဲ့ဆိုပြီးတော့။ ကျွန်တော်က အဲဒီစာကိုလည်းကြည့်ခွင့်မရဘူး။ စာအမှတ်ကိုလည်းမပေးဘူး။ သူတို့ကပဲဖတ်ပြတယ်။ အဲဒီစာထဲမှာ ဘာပါလဲ ဆိုတော့ ၂၀၁၈ ခုနှစ် မေလမှာ ဗိုလ်မှူးအောင်မြင့်စိုး၊ ဦးဖိုးစံရဲ့သားဟာ ခွင့်မဲ့ပျက်ကွက်ပြီး တပ်နဲ့ ကင်းကွာနေ တဲ့အတွက် ဆက်လက်စုံစမ်းစစ်ဆေးရာ အေအေ ရက္ခိုင့်တပ်တော် ထံရောက်ရှိနေတယ်လို့ သိရှိရတဲ့အတွက် ဦးဖိုးစံဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(ဎ)နဲ့ ငြိစွန်းတယ်ဆိုပြီး ကျွန်တော့ကို စွပ်စွဲချက်ပါလာတာကို တွေ့ရတယ်ဗျ”

ဦးဖိုးစံရဲ့ သား ကိုအောင်မြင့်စိုးဟာ မြန်မာစစ်တပ်ထဲကို ၂ဝဝ၂ မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ ဗိုလ်မှူးအဆင့်ထိ တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဖခင်နဲ့ အဆက်အသွယ်ပြတ်နေတာဖြစ်တဲ့ ဗိုလ်မှူးဟောင်း အောင်မြင့်စိုး ဟာ AA ထဲကို ရောက်နေတယ်ဆိုတာ ကော်မရှင်ပြောမှ တရားဝင်သိရကြောင်း၊ သားနဲ့ အဆက် အသွယ် မရှိခဲ့တာကြောင့် ဒီပုဒ်မနဲ့ မငြိစွန်းကြောင်းတွေကို တုံ့ပြန်ခဲ့တယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်လိုကြောင်းပြောဆိုရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပို့လာတဲ့စာဖြစ်လို့ ပြည်နယ်အဆင့်နဲ့ ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက တုံ့ပြန်ခဲ့တယ်လို့လည်း ဦးဖိုးစံကပါတယ်။

ဒါကြောင့် ဦးဖိုးစံက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လိပ်မူပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ အယူခံလျှောက် ထားခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြန်စာထဲမှာတော့ ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ  ၁ဝ (ဎ)နဲ့ ငြိစွန်းသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြောကြားလာတဲ့အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဦးဖိုးစံအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ တပတ်အတွင်းမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံမဝင်ခဲ့တာကြောင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲရဲ့ မူလဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့လည်း သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းကတော့ “အဲဒါတွေကိုတော့ ကျွန်တော်မပြောနိုင်ဘူးခင်ဗျ။ ဒါက ဗဟိုကနေလာတာ။ အဲဒါကို ပြောလို့မရဘူးခင်ဗျ” လို့ ပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ခရိုင်ကော်မရှင်ရဲ့အမိန့်စာကို ကာယကံရှင်လက်ထဲ တရားဝင် ပေးအပ်ဖို့အတွက် ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကို ဦးဖိုးစံက ဒီနေ့ စာရေးတင်ပြချိန်မှာလည်း နိုင်ငံတော်သမ္မတဆီ စာပို့တောင်းရင်တောင် မပေးနိုင်ကြောင်း ငြင်းလိုက်တယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ဦးဖိုးစံကို စွပ်စွဲပြီး ပယ်ချခဲ့တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၁ဝ (ဎ) မှာ တည်ဆဲဥပဒေတရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်တွေ ကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူဟာ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရလို့ ပြဌာန်း ထားတာပါ။

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူကတော့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ ဦးဖိုးစံဟာ လက်ရှိမှာ တရားဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တာကြောင့် ကော်မရှင်ရဲ့ စွပ်စွဲချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ပြောပါတယ်။

“စွပ်စွဲခံရသူရဲ့ သားတစ်ယောက်ဟာ အေအေ ရက္ခိုင့်တပ်တော်မှာရှိနေတယ်ဆိုတဲ့ အကြောင်းကြောင့် အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမဖြစ်ထိုက်ဘူးဆိုရင် သူဟာ အခုလက်ရှိပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တရားဝင်ဖြစ်နေသမျှကာလပတ်လုံး ဒီကိစ္စဟာ သားရဲ့ကိစ္စဟာ သူနဲ့ဘာမှမငြိစွန်းဘူးဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားဖြစ်ပါတယ်။ အဲတော့ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ဥပဒေနဲ့မငြိစွန်းဘဲ တရားဝင်ရပ်တည်နိုင်ရဲ့သားနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကိုယ်စားလှယ်ဖြစ်ဖို့ရာအတွက်တော့ ဒီဥပဒေနဲ့ငြိစွန်းတယ်ဆိုတာဟာ ယူဆချက်၊ ထင်မြင်ချက်ဖြစ်ပြီးတော့ ခိုင်လုံးတဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ အချက်အလက် မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ပါတီက ယူဆပါတယ်”

ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သားဖြစ်သူ လက်နက်ကိုင်အဖွဲ့ထဲရောက်နေလို့ သူ့ရဲ့မိသားစုကို အနှောင့်အယှက်ပေးတယ်ဆိုတာ စစ်အစိုးရ လက်ထက်ကပင် အစဉ်အဆက်လုပ်လာတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“သားတစ်ယောက်က လက်နက်ကိုင်အဖွဲ့ထဲမှာရှိတဲ့အတွက်မို့လို့ အဖေကိုဆက်သွယ်တယ်လို့တော့ ကျွန်တော် တို့ ပြောလို့မရပါဘူး။ ဒါက အစဉ်အဆက် စစ်အစိုးရလက်ထက်ကတည်းက ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ၈၈ အတွင်းမှာ တောခိုလာတဲ့ ကျောင်းသားတွေ သူတို့ တောခိုသွားတဲ့အတွက်ကြောင့်မို့လို့ မိသားစုတစ်ခုလုံးကို အစဉ်အဆက်နှိပ်စက်တာ၊ အနှောင့်အယှက်ပေးတဲ့ အစဉ်အလာရှိပါတယ်။ အဲတော့ သွေးသားဆိုတာ မတော်လို့ကမရပါဘူး။ တော်ပြီးသားပါ။ ဒါပေမဲ့ အဲဒီအပေါ် မှာ အခြေခံပြီးတော့ ဆက်သွယ်၊ ဒါမှမဟုတ် အားပေးထောက်ခံတယ်ဆိုတဲ့ ကောက်ချက်ကတော့ အရင်အစိုးရ ပုံစံအတိုင်းဖြစ်တဲ့အတွက် ဒီထက်ပိုမိုပြီးတော့ တိကျသော ဆက်သွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ သံသယတစ်ခုနဲ့၊ သွေးသားတော်စပ်မှု တစ်ခုနဲ့ ဒါကို ကျွန်တော်တို့ သံသယအကျိူးကိုခံစားခွင့်မရှိတာကတော့ သေချာပါတယ်ခင်ဗျ”

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ အချိန်မမီတော့တဲ့အတွက် ဦးဖိုးစံသာ ယှဉ်ပြိုင်ခွင့်မရခဲ့ရင် ရခိုင်အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး လစ်လပ်သွားမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီကဦးဖိုးစံအပေါ် စွပ်စွဲချက်ဟာ ထင်မြင်ယူဆချက်သာဖြစ်ပြီး ခိုင်လုံပြီးကျိုးကြောင်း ဆီလျော်မှုမရှိတဲ့အတွက် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်အဖြစ် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ချင်းတိုင်းရင်းလူမျိုးစုမဲဆန္ဒနယ် စတာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားသူဟာ ၃၈၆ ဦးအထိ ရှိခဲ့ပါတယ်ခင်ဗျာ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒီကိစ္စဟာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် တပ်မတော်ဘက်က တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ပယောဂ ပါစရာအကြောင်းမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်တဲ့ကော်မရှင်ပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့တောင်မသိသေးပါဘူး။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ကိုယ်စားလှယ် လောင်းတွေကိုစီစစ်တာ၊ ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုတာကိုက ရွေးကောက်ပွဲကော်မရှင်ဟာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ခုပဲ။ ဘယ်သူ့လွှမ်းမိုးမှုမှမခံဘူးလို့ သူတို့လည်းပြောခဲ့တာပဲ။ ဒါကြောင့် ဒီကိစ္စအပေါ်  မှတ်ချက်မပေးလိုပါဘူး”

သားဖြစ်သူ အေအေ အဖွဲ့ထံရောက်နေလို့ ဦးဖိုးစံ လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်ခွင့်ပယ်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ - မြန်မာနိုင်ငံဥပဒေတွေဟာ သမာသမတ်ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗိုလ်မှူးအောင်မြင့်စိုး ဟာ အေအေထဲကို ဝင်ရောက်သွားလို့ သူ့အဖေအနေနဲ့ ရွေးကောက်ခံခွင့်မရှိဘူးဆိုတာ လုံးဝ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးချိန်မှာ နိုင်ငံတကာဥပဒေအရ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ အချိန်မမီတော့တဲ့အတွက် ဦးဖိုးစံသာ ယှဉ်ပြိုင်ခွင့် မရခဲ့ရင် ရခိုင်အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး လစ်လပ်သွားမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဖိုးစံအပေါ် စွပ်စွဲချက်ဟာ ထင်မြင်ယူဆချက်သာဖြစ်ပြီး ခိုင်လုံပြီးကျိုးကြောင်း ဆီလျော် မှုမရှိတဲ့အတွက် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး ဆက်လက်ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ချင်းတိုင်းရင်းလူမျိုးစုမဲဆန္ဒနယ် စတာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားသူဟာ ၃၈၆ ဦးအထိ ရှိခဲ့ပါတယ်။

https://www.rfa.org/burmese/news/kyaukphyu-candidate-08312020091349.html

ရသေ့တောင် စေတီပြင်ရွာသားတစ်ဦး ခြေထောက်ကို ကျည်ဆံထိမှန်

ရသေ့တောင် စေတီပြင်ရွာသားတစ်ဦး ခြေထောက်ကို ကျည်ဆံထိမှန်
2020-08-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
ရသေ့တောင်မြို့တွင်း တနေရာ။
ရသေ့တောင်မြို့တွင်း တနေရာ။
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ဒီနေ့မနက်က ဘယ်ကနေ ပစ်ခတ်လိုက်တဲ့ ကျည်ဆံ မှန်းမသိတဲ့ ကျည်ဆံတချို့ နေအိမ်ထဲကျခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ခြေထောက်ကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘယ်ကပစ်မှန်းမသိတဲ့ အဲဒီကျည်ဆံဟာ နေအိမ်အမိုးကိုဖောက်ပြီးကျတာကြောင့် အသက် ၁၈ နှစ် အရွယ် မောင်ဆန်းလှိုင်ဖြိုးရဲ့ ခြေထောက်ကိုထိမှန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ စေတီပြင် ရွာသား တစ်ဦးက ပြောပါတယ်။

လက်ရှိ မောင်ဆန်းလှိုင်ဖြိုးဟာ စေတီပြင်တိုက်နယ်ဆေးရုံမှာ တတ်ရောက်ဆေးကုသနေတယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီကျော်လောက်က ရသေ့တောင်မြို့နယ် ရေမျက်ရွာအနီး မေယုမြစ်ထဲမှာ ရေတပ်နဲ့ ကုန်းပေါ် မှာရှိတဲ့ AA တို့ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လု့ိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ပစ်ခတ်သံတွေကြားနေရကာ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း ငစံဘော်ကျေးရွာက ဦးအောင်ကျော်ညွှန် လက်မောင်း ကျည်ဆံ ထိမှန်ခဲ့သလို သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီလောက်က ကျောက်ရံကျေးရွာထဲ လက်နက်ကြီး ကျည်ကျတဲ့ အတွက် မိသားစု ငါးဦး ထိခိုက်ဒဏ်ရာရပြီး ရသေ့တောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ညနေပိုင်းအထိ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

https://www.rfa.org/burmese/news/yathedaung-villager--injure-08312020054844.html

ကရင်ပြည်နယ်မှာ တိုက်ခိုက်ခံရလို့ တပ်မတော်သားတချို့ သေဆုံး

ကရင်ပြည်နယ်မှာ တိုက်ခိုက်ခံရလို့ တပ်မတော်သားတချို့ သေဆုံး
အောင်သိင်္ခ၊ ကျော်လွင်ဦး
2020-08-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ်လမ်းဟောင်းက အလယ်ဗိုလ်တဲစခန်းမှာ တပ်မတော် ဆက်သွယ်ရေးတပ်က တပ်သားနှစ်ဦး မနေ့က အသတ်ခံရသလို သူတို့ရုပ်အလောင်းကို သွားရောက်သယ်ဆောင်တဲ့ တပ်မတော်သား တချို့လည်း မိုင်းထိသေဆုံးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီ-ကော့ကရိတ်လမ်းဟောင်းပေါ်က အလယ်ဗိုလ်တဲစခန်းမှာ တပ်မတော်သားနှစ်ဦး အသတ်ခံရသလို သူတို့ကို သွားရောက်သယ်ဆောင်တဲ့ တပ်မတော်သားတချို့လည်း မိုင်းထိပြီး သေဆုံးခဲ့ပါတယ်။

ရုပ်အလောင်းသွားရောက် သယ်ယူချိန်မှာ မိုင်းပေါက်ကွဲလို့ တပ်ဖွဲ့ဝင် ငါးယောက်လောက် သေဆုံးတယ်လို့ သိရကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်က RFA ကို ပြောပါတယ်။

အသတ်ခံရသူနှစ်ဦးဟာ ဘားအံမြို့နယ် အမှတ် ၇ ဆက်သွယ်ရေး တပ်ရင်းက ဒုတပ်ကြပ် မြတ်မင်းဇော်နဲ့ တပ်သား ညီညီသန့် ဖြစ်ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း  အတည်ပြုပေမယ့် သေဆုံးတဲ့ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အခုလို သတ်ဖြတ်သွားတဲ့သူတွေနဲ့ မိုင်းထောင်သွားသူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းက ကျူးလွန်သွားတယ် ဆိုတာကိုတော့ တပ်မတော်ဘက်က မှတ်ချက်ပြု ပြောတာမျိုး မရှိပါဘူး။ တိုက်ခိုက်သတ်ဖြတ်မှုဖြစ်ပွားတဲ့ နေရာဟာ မြဝတီ - ကော့ကရိတ် ကားလမ်းဟောင်း မှာရှိတဲ့ စခန်းငယ်တစ်ခုဖြစ်ပြီး ဆက်သွယ်ရေး စခန်းအတွင်းက ဆိုလာပြားတွေနဲ့ အခြားပစ္စည်းတွေ ဖျက်ဆီးခံ လိုက်ရပါတယ်။

RFA က အချက်အလက် အတိအကျသိရဖို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းချိန်မှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မောင်မောင်လတ်က သူခွင့်ယူထားချိန်ဖြစ်တဲ့အတွက် လက်ရှိအကြောင်းအရာကို မသိရသေးဘူးလို့ တုံ့ပြန်ပါတယ်။

ကော့ကရိတ်အခြေစိုက် စစ်ဗျူဟာမှူးကို ဆက်လက်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ ရဲအရာရှိ အစည်းအဝေး တက်နေတဲ့ အတွက် မေးမြန်းခွင့် မရခဲ့ပါဘူး။

တပ်မတော် အရာရှိဟောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက ဒီကိစ္စဟာ ပြစ်မှုဆိုင်ရာအရ လူသတ်မှုမြောက်တဲ့အတွက် တပ်မတော်အနေနဲ့ အမှုဖွင့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တပ်သားနှစ်ဦး သတ်ဖြတ်ခံလိုက်ရတဲ့ မြဝတီ - ကော့ကရိတ်နယ်မြေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း DKBA အဖွဲ့က တပ်ရင်းမှူးတစ်ဦးဟာ နေအိမ်မှာရှိစဉ် ဝင်ရောက်ပစ်ခံခဲ့ရပြီး သေဆုံးခဲ့သလို ကျုံဒိုးမြို့မှာ လုံခြုံရေးကင်းလှည့်နေတဲ့ ရဲကားကို ဆိုင်ကယ်စီးလာသူတချို့က လက်ဗစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ကော့ကရိတ်ရဲစခန်းရှေ့မှာ လက်ဗစ်ဗုံးနဲ့ ပစ်ခတ်ခံရတာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီနေ့အချိန်ထိ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်တာ မရှိသေးပါဘူး။

မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ  သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံရတာ၊ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။

https://www.rfa.org/burmese/news/thai-myanmar-border-kill-some-soldiers-08312020061520.html

Arakan Army မှာ သားလေးတာဝန်ထမ်းဆောင်လို့ MP ပြေးတဲ့ဖခင်

Arakan Army မှာ သားလေးတာဝန်ထမ်းဆောင်လို့ MP ပြေးတဲ့ဖခင်
Khaing Lu Hla (Yoma Myay)
Narinjara သတင်း ၊ 31 သြဂုတ် 2020
ကျောက်ဖြူ ၊ ရခိုင် ပြည်နယ် လှည်းတန်း ကိုယ်စားလှယ်လောင်း ဦးဖိုးဆန်း ၏ သား အောင်မြင့်စိုး ၊ တပ်မတော်တွင် အဓိက တာဝန်ထမ်းဆောင်နေသည့် တပ်မတော်စာရင်းမှ ဖယ်ရှားလိုက်ကြောင်း သတင်းရ
ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် () ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ 2 ခုနှစ် ၊ 2020 ခုနှစ် ရွေးကောက်ပွဲမှာ အပြေးပြိုင်ပွဲဝင်ဖို့ အတားအဆီးခံခဲ့ရ.
′′ 2020 ခုနှစ် သြဂုတ်လ 27 ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျွန်တော့်ကိုခွင့်ပြုတဲ့ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ် ။ ′′ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနက စာတစ်စောင် ပေးပို့ခဲ့ အဲ့စာက ငါ့ဆီပို့တာ.. ဦးဖိုးစံက.
Section 10 (ဃ) တွင် လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် ၎ င်းတို့ ၏ ပြည်နယ်နှင့် ဆန့်ကျင်ဘက် အဖွဲ့ဝင်များ ၏ ခိုင်မာသော သက်သေအထောက်အထားများ ပါဝင်သောကြောင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ဖယ်ရှားခံရသည်ဟု ရှင်းပြ လက်နက်ကိုင်အဖွဲ့နဲ့ အဆက်အသွယ်မရှိဘူးလို့ ကော်မရှင်က စွပ်စွဲချက်ကို ငြင်းဆို. ဆုံးဖြတ်ချက်က မတရားဘူးလို့ သူက ထပ်ထည့်လိုက်တယ် ။
တပ်မတော်စစ်ရေးအကယ်ဒမီ No မှာ ဦးပိုစန်းရဲ့သား အောင်မြင့်စိုး (47) 2002 မှ 2004 ထိ တပ်မတော် နံပါတ် 40799. 40799. 2018 2018 2018 73 rd Armoured Division Headquarters ကို အဓိက အဆင့်နဲ့ ထားခဲ့ပြီး Arakan Army (AA) နဲ့ ပူးပေါင်းခဲ့ပါတယ် ။
′′ 2020 ခုနှစ် သြဂုတ်လ 22 ရက်နေ့ ၊ 2020 ခုနှစ် ၊ ခရိုင်ကော်မရှင်အတွင်းရေးမှူးက ခေါ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့တဲ့ စာတစ်စောင်ကို ခရိုင်ကော်မရှင်အဖွဲ့ဝင်တွေထံ ဖတ်ကြားခဲ့တယ်လို့ သတင်းရပါတယ် ။ ′′ တတိယအကြိမ်မြောက် ဌာနချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် မေ 2018 ရက်က မကြီးအောင်မြင့်စိုး ၏ သား ဦးဖိုးဆန်း ၏ သားဖြစ်သူ ခွင့်မယူဘဲ ပျက်ကွက်ခဲ့ကြောင်း စာစောင် ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနကို ပြန်ရည်ညွှန်းပြီး AA နဲ့ ပူးပေါင်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးက ဖော်ပြ ဒါကြောင့် ငါ ဆောင်းပါးကို ချိုးဖောက်တယ်လို့ စွပ်စွဲခံနေရတာ."
ကျောက်ဖြူခရိုင်ကော်မရှင်ကို စွပ်စွဲပြစ်တင်ခဲ့သော်လည်း အယူခံဝင်ခွင့်မရဟု ဆို
ကျောက်ဖြူခရိုင်ကော်မရှင်ဥက္ကဌ ဦးတင်ထွန်း ရွေးကောက်ပွဲဝင်စာရင်းမှ ဖယ်ရှားခံရခြင်းမှာ အမှန်ဖြစ်ကြောင်း အတည်ပြု တရားဝင် စိုးရိမ်မှုကြောင့် ပယ်ဖျက်လိုက်တယ်လို့ သူကပြောတယ် ။
https://www.narinjara.com/news/detail/5f4cb1385147df42a1e6c3da?fbclid=IwAR04kc6aaPrP9NhRLJd7-lTf0HHpyA3uyHZA6QaknM6LmAw53r6NkR00mLE

https://www.facebook.com/narinjara.info/posts/3555711104440941
  ·   ·

ရသေ့တောင်မြို့နယ်စေတီပြင်တွင် ကျည်စထိမှန်၍လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ရသေ့တောင်မြို့နယ်စေတီပြင်တွင် ကျည်စထိမှန်၍လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
အိမ်စိုးဖြူ
နိရဉ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကျည်ထိမှန်၍ လူငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
လက်နက်ကျည်ထိမှန်ခဲ့သူမှာ မောင်ဆန်းနိုင်ဖြိုး(၁၇)နှစ်(ဘ)ဦးဘလှဝင်းဖြစ်ကြောင်းသိရသည်။
ယနေ့နံနက် ၁၁ နာရီခန့်တွင် မယူမြစ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်သံများ ကြားရပြီး ချောင်းကမ်းအနီး ၎င်းတို့ နေအိမ်နှင့် သုံးအိမ်ကျော်မှ အဒေါ်ဖြစ်သူအိမ်တွင် နားနေချိန်တွင် ထိမှန်ခြင်း ဖြစ်ကြောင်း၊ ဘယ်ဘက်ခြေထောက်ခြေဖမိုးအား ကျည်ဖောက်ဝင်သွားခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ လူငယ်၏ မိခင်ဒေါ်လှကျော့နုက နိရဉ္စရာသတင်းဌာနအားပြောသည်။
“ သူ့အဒေါ်အိမ်က ဝရံတာမှာ သူက လဲလျောင်းနေတာပါ။ အဲဒီမှာထိတာပါ။ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ သေနတ်သံတွေက မြစ်ဘက်ကတော့ ကြားရတယ်။ သုံးမိုင်လောက်ဝေးတယ် မြစ်နဲ့ ရွာနဲ့က။ လက်နက်ကြီးကျည်တော့မဟုတ်ဘူး။ သေနတ်လားဘာလားမသိဘူး။ အဲဒီနားမှာ ကျပေါက်တာမှာ ထိတာ။ အခုဆေးရုံတင်ထားပါတယ်” ဟုပြောသည်။
လက်ရှိတွင် ၎င်းလူငယ်မှာ စေတီပြင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကလည်း ၎င်းလူငယ်ဒဏ်ရာရှိခြင်းမှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။
ရသေ့တောင်မြို့နယ်တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ကိုဘက္ကာကလည်း ၎င်းရွာအနီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဟု သိရှိရကြောင်း၊ လူငယ်အား ဆေးကုသမှုမခံယူနေရကြောင်း၊ ၎င်းလူငယ်မှာ သူနှင့် ဆွေမျိုး နီးစပ်တော်စပ်သူဖြစ်ရာ မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြကြောင်းပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများသို့  ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
----------------------------
Unicode -
အိမျစိုးဖွူ
နိရဉ်စရာ၊ သွဂုတျ ၃၁/ ၂ဝ၂ဝ
https://burmese.narinjara.com/news/detail/5f4cb579bbbbff42a0ea9437

https://www.facebook.com/narinjara.info/posts/3555674544444597

ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာ

ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာ
By နှင်းနှင်း - စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှု များလာသည်ဟု သိရသည်။
ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း ကိုယ်ဝန်သည်အမျိူးသမီး (၅၄) ဦး ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ယင်းကိုယ်ဝန်ပျက်ကျမှုများသည် စစ်ရေးပဋိက္ခနှင့် တစ်စိတ်တစ်ပိုင်းဆက်နွယ်မှုရှိသည်ဟု  ပလက်ဝမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းကပြောသည်။
“စစ်ဘေးတွေတိမ်းရှောင်ရလို့ ဟိုပြေးဒီပြေးလုပ်ရတယ်၊ လှုပ်ရှားသွားလာမှုများတဲ့အခါ အဲလိုမျိူးကြောင့်ရယ် စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ရယ်၊ ပြီးတော့ ဒီလိုထွက်ပြေးသွားလာနေတဲ့အခါမှာ အဟာရပိုင်းကိုလည်း ဂရုမစိုက်နိုင်တော့တာကြောင့်ဖြစ်ဖို့များပါတယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လအထိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲပေါင်း (၁၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟု Burma News International (BNI) က ထုတ်ဝေသော ရခိုင်နှင့်ချင်းဒေသ စစ်ရေး-နိုင်ငံရေး အားပြိုင်မှုများနှင့် အနာဂတ်မြန်မာ ဆန်းစစ်လေ့လာမှုစာစောင် (၂) တွင်ဖော်ပြထားသည်။
ပလက်ဝမြို့နယ်အတွင်း ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာရခြင်းသည် ပလက်ဝမြို့နှင့်အနီးတစ်ဝိုက်တွင် ယခုနှစ်ဆန်းပိုင်းကစ၍ တိုက်ပွဲပြင်းထန်လာသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေကပြောသည်။
“ဘာကြောင့်လဲဆိုတော့ ပလက်ဝအနီးအနားတဝှက်မှာ ဗုံးကြဲတာမျိုးတွေအရမ်းများတယ်၊ လက်နက်ကျည်ကျတ များတယ်၊ စစ်ပွဲနဲ့ နည်းနည်းလေးဝေးတဲ့ရွာတွေက ကိုယ်ဝန်ပျက်ကျမှု အဲလောက်မများဘဲနဲ့ ဒီပလက်ဝမြို့ပေါ်နဲ့ ဒီစစ်ဘေးကို လုံး၀ အကြီးအကျယ်ခံစားရတဲ့ ဒေသတွေမှာ ပိုပြီးဖြစ်တာ စစ်ပွဲတွေကို အမြန်းဆုံးရပ်တန့်စေချင်တယ် အမြန်ဆုံးငြိမ်းချမ်းစေချင်တယ် တကယ်လို့ မဖြစ်မနေတိုက်ရမယ်ဆိုရင်တောင်မှ လူတွေနဲ့  ပြည်သူ လူထုနဲ့ဝေးတဲ့နေရာမှာသွားပြီးတော့ တိုက်တာက အဆင်ပြေတယ် ပိုပြီးတော့ သင့်တော်တယ်ပေါ့နော်။ လူတွေနဲ့ အနီးဆုံးနေရာမှာ တိုက်ပွဲတွေ ဖန်တီးနေတာကတော့ လူထုအတွက်က ဆိုးကျိုးတွေအရမ်းများနေတယ် ခြိမ်းခြောက်မှုတွေနဲ့ လူထုတွေကစိုးရိမ်မှုတွေနဲ့ သောကတွေနဲ့ ရှင်သန်နေရတဲ့အခါမှာ အထူးသဖြင့် ဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေက ပိုပြီးတော့ ထိခိုက်မှုပိုများရတာပေါ့” ဟုပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၅၀၀၀) နီးပါး၊ ဆမီးမြို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၃၀၀၀) ကျော်၊ စိမ်းစင်းကျေးရွာတွင် လူဦးရေ (၅၀၀) ကျော် ခိုလှုံနေကြရဆဲဖြစ်သည်။
ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းအရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်ပျက်မှု (၁၁၉) ဦးရှိခဲ့သည်ဟုသိရသည်။
#Unicode


https://www.facebook.com/KhonumthungBurmese/posts/2676678405933518

ရသေ့တောင်မြို့နယ်တွင် ကျည်ဆံထိမှန်မှုကြောင့် လူငယ်တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ယနေ့ (သြဂုတ်လ ၃၁ရက်နေ့) က မယူမြစ်ကြောင်းရှိ တပ်မတော် ဇက်ရေယာဉ်မှ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
ဒဏ်ရာရရှိသူမှာ စေတီပြင်ကျေးရွာမှ အသက် (၁၇)နှစ်အရွယ် မောင်ဆန်းလှိုင်ဖြိုး ဖြစ်ပြီး ၎င်းမှာ ယနေ့၊ နံနက်ပိုင်း ၁၁ နာရီခန့်က ဆွေမျိုးအိမ်၌ အိပ်နေစဉ် လက်နက်ငယ်ကျည်ဆံ ထိမှန်သွားခြင်းဖြစ်ကြောင်း ဒဏ်ရာ ရရှိသူ၏ မိခင်ဖြစ်သူ ဒေါ်လှကျော့နုက DMG သို့ပြောသည်။
“ကျွန်မသားက သူ့အဒေါ်ရဲ့အိမ်မှာ သွားအိပ်နေတာ။ အဲဒီအချိန်မှာ တိုက်ပွဲမဖြစ်ဘဲ ဇက်သဘောင်္ကနေပြီးတော့ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်တယ်။ ဒါကြောင့် အိမ်မှာအိပ်နေတဲ့ ကျွန်မသားကို ကျည်ဆံလာထိသွားတာပါ ” ဟု ၎င်းကပြောသည်။
မောင်ဆန်းလှိုင်ဖြိုးတွင် ဘယ်ဘက်ခြေခုံ၌ ကျည်ဖောက်သွားပြီး လက်ရှိတွင် စေတီပြင်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များကပြောသည်။
“ကျွန်မတို့ မိသားစုက ဆင်းရဲတော့ မုန့်တီရောင်းပြီး စားနေရတာ။ အခုလို သားတစ်ယောက် ထိခိုက်သွားတော့ ကျွန်မတို့အတွက် ပိုပြီးဒုက္ခရောက်တယ်။ အခုဆိုရင် ကျွန်မ မုန့်တီဆိုင်ကိုလည်း ပြေးသွားရ၊ ဆေး ရုံသို့လည်း တစ်ခါက် ပြန်ပြေးလာရ ဖြစ်နေတယ်။ ဆိုင်ကို မရောင်းဘဲ ပိတ်ထားလို့လည်း မရဘူး။ မိသားစု စားဝတ်နေရေးကိုလည်း ငဲ့ရသေးတယ်” ဟု ဒေါ်လှကျော့နုက ဆက်ပြောသည်။
ရသေ့တောင်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက စေတီပြင်တွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခြင်းကို ဒေသခံမှ ဖုန်းဆက်အကြောင်းကြားမှုရှိသော်လည်း သူ့အနေဖြင့် အသေးစိတ်ဖြစ်စဉ်ကို မသိရှိရသေးကြောင်း ပြောသည်။
“ လက်နက်ကျည်ကျပြီး လူငယ်တစ်ဦး ဒဏ်ရာရသွားတဲ့အတွက် စေတီပြင်ဆေးရုံမှာဆေး ကုသမှုခံယူ နေရတယ်ဆိုပြီး ရွာသားတစ်ဦးက ကျွန်မဆီကို ဖုန်းဆက်လာတယ်။ ဒေသခံတွေ ပြောတာကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ရမ်းသမ်းပစ်ခတ်တာလို့ပြောတယ် ” ဟုဒေါ်ခင်စောဝေက ဆိုသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အလားတူ ရသေ့တောင်မြို့နယ်တွင် ယခုကိုဗစ်ကာဖြစ်သည့် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ရံသာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် တစ်နှစ်ခွဲ အရွယ်ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး ဒဏ်ရာရရှိသွားခဲ့ပြီး နောက်ထပ် သြဂုတ်လ ၂၉ ရက်နေ့ကလည်း င/စံဘော်ကျေးရွာ အတွင်းသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်( AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာလည်း တဖြည်းဖြည်း များလာနေသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/sdp-rtd-1p-vcm.html

အမ်းမြို့နယ်အတွင်း ဘင်္ဂါလီ ၁၁ ဦးဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်းကျေးရွာအနီး အမ်း-မအီသွား ကားလမ်း၌ မသင်္ကာဖွယ်ဘင်္ဂါလီများတွေ့ရှိကြောင်း သတင်းအရ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ စစ်တွေမြို့နယ်၊ ဒုံးပြင်ကျေးရွာနေ အဏ္ဏဝါဆာဒေ့ (ဘ)အဒူမာလိတ် နှင့် မာမောက်အာယော့ဒ်(ဘ)တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
    
    
အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား သက်ဆိုင်ရာသို့ စနစ်တကျလွဲှပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://cincds.gov.mm/node/8890

အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်

အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်။
အချက်အလက်များ ပြည့်စုံစွာ မသိရသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ ဆုံးဖြတ်ရခက်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင့် RC စစ်ရှောင်စခန်းမှ ဒေါ်ရွယ်ဂျာ က စစ်ဘေးရှောင်များ နေ ရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စစ်ဘေးရှောင်များအား ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြရန်လိုသည် ဟု ပြောသည်။
“IDP တွေ နေရပ်ပြန်ရေးကို ဘယ်လောက်အထိ ညှိနှိုင်းထားပြီလဲ ဘယ်လောက် အထိ သဘော တူမှု ရရှိ ထားပြီလဲ ဆိုတဲ့ဥစ္စာကို အစိုးရတွေလာ မရှင်းပြနိုင်ရင်တောင်မှ KHCC အနေနဲ့ ဒီ IDP တွေကို ချပြနိုင် ရင် တော့ IDP တွေကလည်း ပိုပြီးမှ နေရပ်ပြန်ဖို့ကို ပိုပြီးမှ ဆုံးဖြတ်ချက် ခိုင်မာလာနိုင်မယ်။”
ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန် ရေးကို လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ် ဘေးရှောင်စခန်း တာဝန်ခံများအား ခေါ်ယူပြောဆိုမှု ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ယခုအချိန်အထိ ပွင့် လင်းမြင်သာစွာ ချပြခြင်း မရှိသေး ဟု ဆိုသည်။
ဇီးအွန် စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန်ကလည်း “ကျမတို့က ဒီအစိုးရတွေ ကိုယ်တိုင်လာပါ လာပြီးမှ ကျမတို့ IDP တွေကို လာဆွေးနွေးပါ။ လာမေးမြန်းပါ။ အချိန်မရွေး လာလို့ရပါတယ်ပေါ့နော။ ဒီနေရပ်ပြန်တဲ့ ကိစ္စမျိုး မှာ သူတို့က တစ်ခါမှ မလာသေးဘူး အဲဒါနဲ့ ဖုန်းနဲ့ပဲ ပေါ့နော။ ဘယ်အိမ်ထောင်စု ပြန်မလဲ ဘယ်ရွာ တွေ ပြန်မလဲ ဒါနဲ့ပဲ မေးတယ်ဆိုတော့ ကဲ အခုပြန်မယ့် လူတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါမျိုးဆိုတော့ ကျမ တို့က အားကိုးမယ့် နေရာ မရှိသလိုပေါ့နော ဖခင်မိ ခင် မရှိသလိုပေါ့ အရမ်းခံစားတာပေါ့လေ” ဟု ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများဖက်မှ ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းပြခြင်း မရှိသေးသည့် အခြား တစ် ဖက်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထဲတွင် နေရပ်ပြန် စေချင်သည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ မပြန်စေချင် သည့် အဖွဲ့အစည်းများလည်း ရှိနေသည်ဟု ဆိုသည်။
ထိုအနေအထားများကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် မချနိုင်ပဲ ဝေးဝါးနေသည်ဟု ဒေါ်ရွယ်ဂျာ က ပြောသည်။
“နေရပ်ပြန်ရင် ဘယ်လိုဂုဏ်သိက္ခာဆိုတာကို ဘယ်လိုပြောတယ် အာမခံချက်ဆိုတာ အများကြီးလာပြီးမှ ပေးသွားတယ် ဒါပေမယ့် ဘယ်သူတာဝန်ယူမှု ဘယ်သူတာဝန်ခံမှု ဘယ်သူရှိသလဲ။ IDPs တွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီးမှ ဒီဂုဏ်သိက္ခာတွေ ဒီအာမခံချက်တွေ ရဖို့အတွက် ဘယ်သူကြိုးစားပေးတာမျိုး မရှိပြန်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြီးမှ ပျောက်ပြန်ပြီ အဲဒီအခါ ကျတော့ IDP တွေက ပြန်ဖို့ပဲ ဆုံးဖြတ်ရမှာလား နေဖို့ပဲ ဆုံးဖြတ်ရမလားကို ဝေဝါးကုန်ပြီပေါ့နော်။”
တရုတ်အစိုးရထံမှ စစ်ရှောင်များနေရပ်ပြန်ရေးအတွက် ထောက်ပံံ့ငွေ ယွမ် ၄ သန်း ရရှိထားပြီး တာလော ကြီး၊ ဒဘတ်ယန် နှင့် နမ့်ဆန်ယန် ကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်အတွက် နေရပ်ပြန်ရေး စက်တင်ဘာလတွင် အကောင်အထည်ဖော်ရန် ရှိသည်ဟုလည်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။
စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရန် ဝေးဝါးနေသော်လည်း လက်ရှိ နေထိုင် နေကြသည့် စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်း၊ နှစ်ကြာလာသည် နှင့် အမျှ မိသားစုဝင် ဦးရေများလာသည့်အတွက် နေထိုင်ရန် နေရာထိုင်ခင်း ကြပ်တည်းလာခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။
ထို့အပြင် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ကုမ္ပဏီများက ဝင်ရောက်ကာ ရွှေတူးဖော်ခြင်း၊ တစ်သျူးငှက် ပျောစိုက်ပျိုးခြင်းတို့ကြောင့် ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန် ချင်ကြသည်ဟု ဆိုသည်။
သို့သော် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများထဲတွင်လည်းကောင်း ကျေးရွာများနှင့် အနီး တဝှိုက်တွင် တပ်မတော်မှ တပ်စခန်းသစ်များ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်းနှင့် ၎င်းတို့ လုပ် ကိုင်စား သောက်သည့် နေရာများတွင် မြေမြုပ်မိုင်းများ ရှိနေသေးသည့်အတွက် လုံခြုံမှု မရှိသည့် အနေ အထားတွင် နေရပ်ပြန်မည်ဆိုပါက ဒုက္ခရောက်နိုင်သည်ဟု ပြောသည်။
ထို့ကြောင့် တပ်မတော်မှ တပ်စခန်းများကို ဆုတ်ခွာရန်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေ မြုပ်မိုင်းများကို ရှင်းလင်းပေးရန်နှင့် နေရပ်ပြန်ပါက လိုအပ်သည့် အကူညီထောက်ပံ့မှုကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးရန်၊ လုံခြုံရေး နှင့် လူမှု့ဘ၀ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။
*** ZAWGYI ***
အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်။
အချက်အလက်များ ပြည့်စုံစွာ မသိရသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ ဆုံးဖြတ်ရခက်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင့် RC စစ်ရှောင်စခန်းမှ ဒေါ်ရွယ်ဂျာ က စစ်ဘေးရှောင်များ နေ ရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စစ်ဘေးရှောင်များအား ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြရန်လိုသည် ဟု ပြောသည်။
“IDP တွေ နေရပ်ပြန်ရေးကို ဘယ်လောက်အထိ ညှိနှိုင်းထားပြီလဲ ဘယ်လောက် အထိ သဘော တူမှု ရရှိ ထားပြီလဲ ဆိုတဲ့ဥစ္စာကို အစိုးရတွေလာ မရှင်းပြနိုင်ရင်တောင်မှ KHCC အနေနဲ့ ဒီ IDP တွေကို ချပြနိုင် ရင် တော့ IDP တွေကလည်း ပိုပြီးမှ နေရပ်ပြန်ဖို့ကို ပိုပြီးမှ ဆုံးဖြတ်ချက် ခိုင်မာလာနိုင်မယ်။”
ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန် ရေးကို လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ် ဘေးရှောင်စခန်း တာဝန်ခံများအား ခေါ်ယူပြောဆိုမှု ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ယခုအချိန်အထိ ပွင့် လင်းမြင်သာစွာ ချပြခြင်း မရှိသေး ဟု ဆိုသည်။
ဇီးအွန် စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန်ကလည်း “ကျမတို့က ဒီအစိုးရတွေ ကိုယ်တိုင်လာပါ လာပြီးမှ ကျမတို့ IDP တွေကို လာဆွေးနွေးပါ။ လာမေးမြန်းပါ။ အချိန်မရွေး လာလို့ရပါတယ်ပေါ့နော။ ဒီနေရပ်ပြန်တဲ့ ကိစ္စမျိုး မှာ သူတို့က တစ်ခါမှ မလာသေးဘူး အဲဒါနဲ့ ဖုန်းနဲ့ပဲ ပေါ့နော။ ဘယ်အိမ်ထောင်စု ပြန်မလဲ ဘယ်ရွာ တွေ ပြန်မလဲ ဒါနဲ့ပဲ မေးတယ်ဆိုတော့ ကဲ အခုပြန်မယ့် လူတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါမျိုးဆိုတော့ ကျမ တို့က အားကိုးမယ့် နေရာ မရှိသလိုပေါ့နော ဖခင်မိ ခင် မရှိသလိုပေါ့ အရမ်းခံစားတာပေါ့လေ” ဟု ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများဖက်မှ ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းပြခြင်း မရှိသေးသည့် အခြား တစ် ဖက်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထဲတွင် နေရပ်ပြန် စေချင်သည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ မပြန်စေချင် သည့် အဖွဲ့အစည်းများလည်း ရှိနေသည်ဟု ဆိုသည်။
ထိုအနေအထားများကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် မချနိုင်ပဲ ဝေးဝါးနေသည်ဟု ဒေါ်ရွယ်ဂျာ က ပြောသည်။
“နေရပ်ပြန်ရင် ဘယ်လိုဂုဏ်သိက္ခာဆိုတာကို ဘယ်လိုပြောတယ် အာမခံချက်ဆိုတာ အများကြီးလာပြီးမှ ပေးသွားတယ် ဒါပေမယ့် ဘယ်သူတာဝန်ယူမှု ဘယ်သူတာဝန်ခံမှု ဘယ်သူရှိသလဲ။ IDPs တွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီးမှ ဒီဂုဏ်သိက္ခာတွေ ဒီအာမခံချက်တွေ ရဖို့အတွက် ဘယ်သူကြိုးစားပေးတာမျိုး မရှိပြန်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြီးမှ ပျောက်ပြန်ပြီ အဲဒီအခါ ကျတော့ IDP တွေက ပြန်ဖို့ပဲ ဆုံးဖြတ်ရမှာလား နေဖို့ပဲ ဆုံးဖြတ်ရမလားကို ဝေဝါးကုန်ပြီပေါ့နော်။”
တရုတ်အစိုးရထံမှ စစ်ရှောင်များနေရပ်ပြန်ရေးအတွက် ထောက်ပံံ့ငွေ ယွမ် ၄ သန်း ရရှိထားပြီး တာလော ကြီး၊ ဒဘတ်ယန် နှင့် နမ့်ဆန်ယန် ကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်အတွက် နေရပ်ပြန်ရေး စက်တင်ဘာလတွင် အကောင်အထည်ဖော်ရန် ရှိသည်ဟုလည်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။
စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရန် ဝေးဝါးနေသော်လည်း လက်ရှိ နေထိုင် နေကြသည့် စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်း၊ နှစ်ကြာလာသည် နှင့် အမျှ မိသားစုဝင် ဦးရေများလာသည့်အတွက် နေထိုင်ရန် နေရာထိုင်ခင်း ကြပ်တည်းလာခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။
ထို့အပြင် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ကုမ္ပဏီများက ဝင်ရောက်ကာ ရွှေတူးဖော်ခြင်း၊ တစ်သျူးငှက် ပျောစိုက်ပျိုးခြင်းတို့ကြောင့် ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန် ချင်ကြသည်ဟု ဆိုသည်။
သို့သော် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများထဲတွင်လည်းကောင်း ကျေးရွာများနှင့် အနီး တဝှိုက်တွင် တပ်မတော်မှ တပ်စခန်းသစ်များ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်းနှင့် ၎င်းတို့ လုပ် ကိုင်စား သောက်သည့် နေရာများတွင် မြေမြုပ်မိုင်းများ ရှိနေသေးသည့်အတွက် လုံခြုံမှု မရှိသည့် အနေ အထားတွင် နေရပ်ပြန်မည်ဆိုပါက ဒုက္ခရောက်နိုင်သည်ဟု ပြောသည်။
ထို့ကြောင့် တပ်မတော်မှ တပ်စခန်းများကို ဆုတ်ခွာရန်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေ မြုပ်မိုင်းများကို ရှင်းလင်းပေးရန်နှင့် နေရပ်ပြန်ပါက လိုအပ်သည့် အကူညီထောက်ပံ့မှုကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးရန်၊ လုံခြုံရေး နှင့် လူမှု့ဘဝ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

ပစ်သတ်ခံရသော တပ်မတော်သား ၂ ဦး၏ အလောင်းအား သယ်ယူစဉ် ဗုံးပေါက်၍ ၃ ဦး ထပ်မံသေဆုံးပြီး ၅ ဦး ဒဏ်ရာရ


ပစ်သတ်ခံရသော တပ်မတော်သား ၂ ဦး၏ အလောင်းအား သယ်ယူစဉ် ဗုံးပေါက်၍ ၃ ဦး ထပ်မံသေဆုံးပြီး ၅ ဦး ဒဏ်ရာရ


10668

သြဂုတ် ၃၁ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဓမ္မံအောင်တောင်ကုန်းဆက်သွယ် ရေးစခန်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှစ်ဦးမှာ ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၂နာရီခွဲအချိန်ခန့် က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းအား သယ်ယူစဉ် မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်သား ၃ဦး ထပ်မံ သေဆုံးပြီး ၅ဦးထပ်မံဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၈နာရီချိန်ခန့်က အမှတ်(၇)ဆက်သွယ်ရေးတပ် (ဘားအံ)မှ ဗိုလ်ကြီးလှိုင်မျိုးထိုက် ဦးစီးအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ ကားလမ်းဟောင်းပေါ်ရှိ အလယ်ဘိုတဲအနီး ဓမ္မံအောင် တောင်ကုန်းရှိ ဆက်သွယ်ရေးစခန်းနှင့် ဆက်သွယ်မှု မရရှိသဖြင့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် တံတားကျိုး ကျေးရွာအနီးတစ်ဝိုက်တွင် အခြေပြုနေသည့် အမှတ် (၃၁၀)ခြေမြန် တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူးမင်းသိန်း ဦးစီး တပ်စိတ်(၁)စိတ်နှင့်အတူ ဓမ္မံအောင်တောင်ကုန်းသို့ သွားရောက်စစ်ဆေးခဲ့သည်။
ထိုတောင်ကုန်းသို့ နံနက် ၉နာရီအချိန်ခန့်တွင် ရောက်ရှိပြီး တောင်ကုန်း၌ OTA Station လုံခြုံရေးဆောင်ရွက်နေ သည့် အမှတ်(၇) ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ်မြတ်မင်းဇော်နှင့် တပ်သားညီညီသန့်တို့နှစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် ညနေ ၅နာရီအချိန်ခန့်တွင် ကော့ကရိတ်-မြဝတီကား လမ်းဟောင်းပေါ်ရှိ သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံး သွားသူ ဒုတပ်ကြပ် မြတ်မင်းဇော်နှင့် တပ်သားညီညီသန့်တို့၏ အလောင်းအား အမှတ် (၃၁၀) ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန်းဝင်းနိုင် ဦးစီးစစ်ကြောင်းနှင့် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပြည့်စုံအောင် ဦးစီးတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်၍ သယ်ယူရန် ဒုတပ်ကြပ် မြတ်မင်းဇော်၏ အလောင်းအား တစ်ဖက်သို့လှန်စဉ် အလောင်းအောက်မှ လက်ပစ်ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် အမှတ်(၃၁၀) ခြေမြန်တပ်ရင်းနှင့် အမှတ်(၇) ဆက်သွယ်ရေး တပ်ရင်းတို့မှ ဗိုလ်ကြီး ဖြစ်သူ အပါအဝင် (၃) ဦး ထပ်မံသေဆုံးပြီး ခမရ ၃၁၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်မတော်သား(၄)ဦးနှင့် ကော့ကရိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်(၁)ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများ၊ သက်ကြီး ဘိုးဘွားများ အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်နှင့် ပုံမှန်စားနပ်ရိက္ခာ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများ၊ သက်ကြီး ဘိုးဘွားများ အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်နှင့် ပုံမှန်စားနပ်ရိက္ခာ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်


    နေပြည်တော် ဩဂုတ် ၃၁
    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ အသက် (၈၀) နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများ အတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်အရ ပလက်ဝမြို့နယ်၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် သူများအတွက် စားနပ်ရိက္ခာ (၃)လစာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
    အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးကြသော ညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက် ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်နယ် (၅) ခုရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်(၈၀) နှင့် အထက် (၈၅) နှစ်အောက် ဘိုးဘွားများအား ကိုဗစ်-၁၉ ကာလ အထူးလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ထပ်မံစာရင်း ကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းများကို ပေးအပ်လျက် ရှိကြောင်း။
    ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ဆောင်ရွက်လျက် ရှိသော ကိုဗစ်-၁၉ ကူးစက် ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်များအရ တိုက်ပွဲရှောင် စခန်းများ၊ IDP စခန်းများတွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာ ပေးခြင်းကို ကျယ်ပြန့် ထိရောက်စွာနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်အကြံပြုချက်များ ထည့်သွင်း ထားသော Memory Stick များနှင့် လက်ကိုင် အသံချဲ့စက်များ ပံ့ပိုးခြင်း၊  Mask ၊ Face Shield ၊ လက်ဆေးဆပ်ပြာ၊ ဘေစင်၊ အပူချိန်တိုင်း ကိရိယာများနှင့် ရေ ရရှိရေးပံ့ပိုးပေးခြင်း၊ စခန်းများတွင် သံသယလူနာတွေ့ရှိပါက သီးခြားခွဲ၍ နေထိုင်နိုင်ရန် Long House များ တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုထောက်ပံ့မှုများသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏ အခက်အခဲများကို လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
    ထို့အပြင် ချင်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနက ပုံမှန်ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်၍ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုအခါ၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု များပြားလာသဖြင့် လည်းကောင်း၊ ချင်းပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုများပြားသော အိန္ဒိယနိုင်ငံနှင့် ဆက်စပ်မှုရှိသောကြောင့်လည်းကောင်း အထူးသတိပြုရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်ပြည်သူများကလည်း  ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
    ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနှင့် IDP စခန်းများတွင် နေထိုင်ကြသူများ၊ ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
    ထို့နောက် ပလက်ဝနှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁,၉၈၂ (ထောင့်ကိုးရာ ရှစ်ဆယ့်နှစ်) စုအတွက် ထောက်ပံ့ငွေကျပ် (၇၉ ဒသမ ၂၈) သန်း ၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၇၉) စု၊ လူဦးရေ (၉၂၁) ဦးအတွက် စားနပ်ရိက္ခာ (၃) လစာ ထောက်ပံ့ငွေကျပ် (၃၃,၃၃၀,၉၀၀) ၊ ပလက်ဝ မြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွား (၁၈၄) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅ ဒသမ ၅၂) သန်းတို့ကို ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများက ချင်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်သည်။
    ချင်းပြည်နယ်အတွင်း စာရင်းကောက်ယူရရှိသော မသန်စွမ်းသူဦးရေ ၆,၁၃၀ ဦး တို့အတွက် လွှဲအပ်ပြီး ဖြစ်သော ငွေကျပ် (၁၈၃ ဒသမ ၉) သန်းကို မသန်စွမ်းသူများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

    တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သို့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

    တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သို့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်
    PUBLISHED 31 AUGUST 2020
     
    သန်းလှိုင်

    တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သုုိ့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံမှာ ရွေးကောက်ပွဲဝင်ရောက်ရန် အမည်စာရင်းတင် သွင်းခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည် စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း၏သားဖြစ်သူ ဗိုလ်မှူး အောင်မြင့်စိုးမှာ လွန်ခဲ့သည့် ၂၀၁၈ နှစ်က တပ်မတော်နှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် AA အဖွဲ့ထဲသို့ ရောက်ရှိသွားသဖြင့် ၎င်း၏ဖခင်ဖြစ်သူ ဦးဖိုးစံမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းထားမှုမှ ပယ်ဖျက်ခံရကြောင်း သိရသည်။
    ဦးဖိုးစံသည် ရခိုင်အမျိုးသားပါတီမှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကျောက်ဖြူ မြို့နယ် အမှတ် (၂) မဲဆန္ဒမှ ဝင်ရောက်ယှဉ် ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
    “ခရိုင်မှာရော ပြည်နယ်မှာ ဘာမှ ကန့်ကွက်မှုမရှိတဲ့အတွက် ပြည်ထောင်စုကို တင် လိုက်တယ်။ အဲဒါကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ကျွန်တော်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက် တယ်ဆိုပြီး အဲဒီသလို စာရောက်လာပါတယ် ခင်ဗျာ။ အဲဒီစာမှာ ဘာပါလာသလဲဆိုရင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဎ)နဲ့ ငြိစွန်း နေတယ်ဆိုတဲ့အကြောင်းကို ပြည်ထဲရေးဝန် ကြီးဌာနမှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို စာပို့တယ်။ အဲဒီစာရောက်ကြောင်းကို သူတို့ က ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့စာထဲမှာတော့ ၂၀၁၈ ခုနှစ် မေလမှာ ဦးဖိုးစံ၏သား အမှတ် ၇၃ သံချပ်ကာတပ်ရင်းမှာ တာဝန်ထမ်း ဆောင်နေစဉ် တပ်နှင့်ကင်းကွာပြီး ခွင့်မဲ့ပျက် ကွက်ဖြစ်နေတယ်။ နောက်ပြီး ပြည်ထဲရေးဝန် ကြီးဌာနက ဆက်လက်စုံစမ်းတဲ့အခါမှာ  AA ကိုရောက်နေတယ်လို့ သိရှိရတယ်။ ဒါကြောင့် ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဎ) နဲ့ ငြိစွန်းနေတယ်ဆိုပြီးပါတယ်။ အဲဒီလို ဖတ်ပြတယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
    သို့ရာတွင် သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးမှာ နေအိမ်က ထွက်သွားသည်မှာ ၂၀၀၂ ခုနှစ်ကတည်းကဖြစ်ကြောင်း၊ နေအိမ်နှင့်လည်း အဆက်အသွယ်မရှိကြောင်း၊ ဗိုလ်မှူးဖြစ်နေပြီဟုသာ သိရကြောင်း၊ အိမ်ထောင်စု စာရင်းထဲတွင်လည်း အမည်မရှိတော့ကြောင်း၊ အဆက်အသွယ်လည်း မရှိကြောင်း ၎င်းကဆိုသည်။
    “တပ်မတော်သားတစ်ဦးသာဖြစ်တယ်။ အဲဒီကနေ ဘယ်လိုပြဿနာဖြစ်လည်း ကျွန်တော်လည်းမသိဘူး။ AA ထဲရောက်သွားတာလည်း ကျွန်တော်မသိဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ပြည်ထောင်စုကို စာတင် ထားတယ်။ ကိုဗစ်ကာလ သွားလာရေးအဆင် မပြေတာကြောင့် စာတိုက်ကနေ စာပို့ထားပါ တယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
    ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မိမိတာဝန်ကိုကျေပွန်စွာ ထမ်း ဆောင်နေသူတစ်ဦး ဖြစ်ကာ သားဖြစ်သူ AA သို့ရောက်ရှိသွားခြင်းမှာ မိမိနှင့်မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်ပြီး  လွှတ်တော်ကိုယ်စားလှယ်လုပ်ငန်းများကို ပြည်သူများနှင့်လက်တွဲပြီး လုပ်ဆောင်ရွက် ရန်သာ ဆန္ဒရှိကြောင်းလည်း ပြောကြားသည်။
    “ထပ်ပြီးပြောချင်တာကတော့ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျောက် ဖြူမြို့နယ်မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားလှယ်အ တွက်သော်လည်းကောင်း၊ ပါတီအနေနဲ့သော် လည်းကောင်း ကျွန်တော်တို့မှာ မပြီးဆုံးသေး တဲ့ ဖက်ဒရယ်ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကို အရောက်သွားချင်တယ်။ ကျွန်တော်တို့လိုချင် တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိုလည်း ရအောင်သွားချင်ပါတယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
    ပုဒ်မ ၁၀ (ဎ)တွင် တည်ဆဲဥပဒေတစ် ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာ ခြင်း ခံထားရသောအဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော် က သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်သူအဖွဲ့အ စည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောသက်သေအ ထောက်အထားရှိသူဟု ပြဋ္ဌာန်းထားသည်။