ရက္ခိတပြက္ခဒိန် ထုတ်ဝေ၊ ရောင်းချမှုကြောင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် ထောင်ဒဏ်၂ နှစ ်ချမှတ်ခံခဲ့ရသူလေးဦးထဲမှ ပြစ်ဒဏ်ရက်ပြည့်မြောက်သူ သုံးဦးမှာ ယနေ့(ဇူလိုင်လ ၂၇ ရက်)တွင် လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုဝင်များထံမှ သိရသည်။
“ကျွန်မကတော့ အခုလောလောဆယ် ဘာမှမပြောလိုတော့ပါဘူး။ ကျွန်မသား ပြန်လွတ်လာတာကိုပဲ ကံကောင်းတယ်ပြောရမှာပဲ။ လူကလည်း စိတ်ပူပင်သောကတွေနဲ့ အရမ်းပင်ပန်းနေပါပြီ ’’ ဟု လွတ်မြောက်လာသည့် ကိုကောင်းမြတ်သူ၏မိခင် ဒေါ်ဖြူဖြူသန်းက ပြောသည်။
ယနေ့လွတ်မြောက်လာသူများမှာ ကိုကောင်းမြတ်သူ၊ ကိုဘိုဆန်းနှင့် ကိုဝင်းဘိုတို့ဖြစ်ကြပြီး ၎င်းတို့သုံးဦး အပါအဝင် ကိုသိန်းအောင်မြတ်တို့ကို ပြီးခဲ့သည့် ၂၀၁၉ ဧပြီလ ၆ ရက်နေ့က ဟိုင်းကြီးကျွန်းတွင် ပြက္ခဒိန်ရောင်းချနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြက္ခဒိန်ရောင်းချသူမှာ ကိုသိန်းအောင်မြတ်ဖြစ်ပြီး ကောင်းမြတ်သူ၊ ဘိုဆန်း၊ ဝင်းဘိုတို့သုံးဦးမှာ ကားမောင်းသူ၊ အဖော်လိုက်ပေးသူတို့ဖြစ်ကြောင်း သိရသည်။
ယင်းပြက္ခဒိန်တွင် ရက္ခိုင့်တပ်တော်(AA) ထူထောင်သည့် နေ့စွဲပါရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)ဖြင့် ၎င်းတို့လေးဦးကို ၂၀၁၉ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ယခုကဲ့သို့ တစ်စုံတရာပါဝင်ပတ်သက်မှုမရှိဘဲ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့်အတွက် တရားစီရင်ရေးအပေါ်တွင် အပြစ်မြင်မိကြောင်း လွတ်မြောက်လာသူ ကိုကောင်းမြတ်သူက DMG သို့ပြောသည်။
“ကျနော့်အနေနဲ့ကတော့ ဘာတစ်ခုမှ ပါဝင်ပတ်သက်မှုမရှိဘဲ မတရားပြစ်ဒဏ် ပေးခံလိုက်ရတဲ့အတွက် စိတ်ထဲမှာ ကျေနပ်မှု မရှိသလိုမျိုး ဖြစ်နေတယ်။ တရားစီရင်မှုလွဲတယ်ဆိုပြီး တရားစီရင်မှု အပေါ်မှာလည်း အပြစ်မြင်တာမျိုးတော့ရှိတယ် ’’ ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦးထဲမှ ကိုသိန်းအောင်မြတ်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့်အပြင် တရားမဝင်ပုံနှိပ်ထုတ်ဝေမှုနှင့်ပါ ထောင်ဒဏ်ချမှတ်ခံထားရသဖြင့် ယနေ့လွတ်မြောက်ရာတွင် မပါဝင်သေးပေ။
ကိုသိန်းအောင်မြတ်၏ ဇနီးဖြစ်သူ ဒေါ်မိုးသန္တာက “ကျွန်မယောကျာ်းနဲ့အတူ ထောင်ချခံရတဲ့ သုံးယောက်က (၂)နှစ်စီပဲ ချမှတ်ခံရတာဖြစ်တယ်။ ကျွန်မယောကျ်ားကတော့ (၂)နှစ်ခွဲ ချမှတ်ခံရတာဖြစ်တဲ့အတွက် ပြန်မလွတ်သေးပါဘူး” ဟု ဆိုသည်။
ကိုသိန်းအောင်မြတ်၏ ဇနီးဖြစ်သူ ဒေါ်မိုးသန္တာက “ကျွန်မယောကျာ်းနဲ့အတူ ထောင်ချခံရတဲ့ သုံးယောက်က (၂)နှစ်စီပဲ ချမှတ်ခံရတာဖြစ်တယ်။ ကျွန်မယောကျ်ားကတော့ (၂)နှစ်ခွဲ ချမှတ်ခံရတာဖြစ်တဲ့အတွက် ပြန်မလွတ်သေးပါဘူး” ဟု ဆိုသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာသား (၁၃)ဦးမှာလည်း အေအေထ ံရိက္ခာပို့သည်ဆိုသော စွပ်စွဲချက်ဖြင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)(၂)တို့နှင့် ၁၀ လကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း စွဲချက်မတင်မီ ပြန်လွှတ်လာခဲ့သည်။
No comments:
Post a Comment