Thursday, July 2, 2020

လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရတဲ့ တိုက်ပွဲရှောင်စခန်းထဲက ကလေးငယ်တစ်ဦး ပြန်လွှတ်လာ၊ အမျိုးသား ၂ ဦး ပြန်မလွှတ်လာသေး

🟢 လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရတဲ့ တိုက်ပွဲရှောင်စခန်းထဲက ကလေးငယ်တစ်ဦး ပြန်လွှတ်လာ၊ အမျိုးသား ၂ ဦး ပြန်မလွှတ်လာသေး

မိုင်းနော;ဒါင်း၊ ရွှေဖီမြေ
ဇူလိုင် ၂ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာက တိုက်ပွဲရှောင်စခန်းမှာ နေထိုင်တဲ့ အသက် (၁ဝ)နှစ်အရွယ် ကလေးအပါအဝင် (၃)ဦးကို မနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးဖြစ်သူကိုတော့ ဒီနေ့ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ ပြန်ပို့ပေးခဲ့ပေမဲ့ အမျိုးသား ၂ ဦးကိုတော့ ပြန်လည်ခေါ်ဆောင်သွားပါတယ်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကလေးကို တောင်ယာတဲမှာ ပြန်လာပို့တယ်။ ယောက်ျားနှစ်ယောက်ကို လမ်းမကြီးအထိ လိုက်ပို့ပေးဖို့ ပြန်ခေါ်သွားတယ်။ လမ်းမကြီးနဲ့ တောင်ယာက နီးနီးလေး။ အခုချိန်ထိ ပြန်မရောက်သေးဘူး” ဆိုပြီး ဒီနေ့ညနေ ၅ နာရီမှာ ရွှေဖီမြေကို ပြောပါတယ်။

လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရတဲ့ (၃)ဦးဟာ ကွတ်ခိုင်မြို့နယ် မိုင်းပူးကျေးရွာအုပ်စု မန်စိန်ကျေးရွာအနီးမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း တပ်မတော်စစ်ကြောင်းက ခေါ်သွားတာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လမ်းပြအဖြစ် ခေါ်သွားခံရတဲ့သူတွေကတော့ တားညမ့်ဒဲ့(၆ဝ နှစ်)၊ တားညမ့်မန် (၃၀ နှစ်)နဲ့ သားဖြစ်သူ အသက် (၁ဝ)နှစ်အရွယ် အောင်ဆာတို့ပဲဖြစ်ပါတယ်။

#တိုက်ပွဲရှောင် #လမ်းပြ #တပ်မတော် #ကွတ်ခိုင်
#ဓာတ်ပုံ- မိုင်းနော;ဒါင်း၊ ရွှေဖီမြေ
https://www.facebook.com/451214215694715/posts/732025454280255/

https://www.facebook.com/shwepheemyaynews/photos/a.451237879025682/733513614131439/?type=3&__tn__=-R

No comments:

Post a Comment