Thursday, July 2, 2020

သေဆုံးခဲ့သူနဲ့ ဒဏ်ရာရခဲ့သူအတွက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံ တောင်းဆို

သေဆုံးခဲ့သူနဲ့ ဒဏ်ရာရခဲ့သူအတွက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံ တောင်းဆို
🟢 ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူနဲ့ ဒဏ်ရာရခဲ့သူအတွက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံ တောင်းဆို

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာဒေသတွေမှာ RCSS နဲ့ တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး လုံးဆုဆိုသူ ပန်ကျန်ရွာခံတစ်ဦး သေနတ်ကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်နန်းဆိုင်မှာလည်း ကျည်ထိမှန်ဒဏ်ရာရပြီး ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ပဋိပက္ခကြားမှာ သေဆုံးခဲ့ရတဲ့ လုံးဆုနဲ့ ဒဏ်ရာရတဲ့ နန်းဆိုင်တို့ကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ယူပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်များရုံး ကျောက်မဲလွှတ်တော်ကိုယ်စားလှယ်တွေက လူ့အခွင့်အရေးကော်မရှင်ထံ စုံစမ်းစစ်ဆေးပေးဖို့ မေတ္တာရပ်ခံစာတစ်စောင်ကို မနေ့ ဇူလိုင် ၁ ရက်မှာ တောင်းဆိုထားပါတယ်။

တောင်းဆိုချက်ထဲမှာ တပ်မတော်စစ်ကြောင်းက စစ်ဆေးမေးမြန်းမှုမရှိဘဲ အနီးကပ် ပစ်ခတ်တဲ့အတွက် လုံးစုက သေဆုံးခဲ့ရပြီး ဒေါ်နန်းဆိုင်က ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုင်းအတ္တက တင်ဆက်ပေးထားပါတယ်။

#သေဆုံး #ကျောက်မဲ #ဒဏ်ရာရ #RCSS #တပ်မတော် #လွှတ်တော်ကိုယ်စားလှယ်
https://www.facebook.com/451214215694715/posts/732014190948048/ See Less

https://www.facebook.com/watch/?v=1145390752494486

No comments:

Post a Comment